လင်းရောင်ခြည်ဆိုဒ်မှနွေးထွေးစွာကြိုဆိုပါတယ်လာရောက်လည်ပတ်သူများအားလုံးကိုယ်စိတ်နှလုံးရွှင်ပြုံးကြပါစေ

Monday 24 October 2011

မိုး

just for laugh

အားလုံးပျော်ရွှင်နိုင်ပါစေ....

ဟာသလေးပါ

Sunday 23 October 2011

1

သူယောင်မယ်သီး

imagebam.com imagebam.com သူယောင်မယ်သီးဆိုပြီး မြန်မာ့ရှေးဟောင်းကျမ်းတွေမှာ ဆိုပါတယ်။ ပါးစပ်ရာဇ၀င်အရ ၀ိဇ္ဇာ၊ဇော်ဂျီ၊တပသီစတဲ့လောကီထွက်ရပ်ပေါက် ပုဂ္ဂိုလ် များဟာ သူတို့ ရဲ့ လောကီဣဒ္ဓိပ္ပါဒ်အစွမ်းဖြင့် အသက်ဝင်အောင် ဖန်တီးပြီး ပျော်ပါးလေ့ရှိကြောင်း အဆို အမိန့် များရှိကြပါတယ်။ မိန်ခလေးသဏ္ဌာန်နဲ့  အံ့သြစရာကောင်းအောင်တူလှပါတယ်။ အင်္ဂလိပ်အခေါ် Narepool ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ အနီးက Petchaboon မှာ တွေ့ရတာဖြစ်ပါတယ်..။ မြန်မာပြည် ရှမ်းပြည်နယ်ဘက်မှာလဲ ရှိကြောင်း သိရပါသေးတယ်။ ဣန္ဒိယ နိုင်ငံ ဟိမ၀န္တာတောင်တန်း ၀န်းကျင်မှာလဲ ပေါက်ရောက်ကြောင်းလဲထပ်မံသိရပါသေးတယ်။ Nare ဆိုတာကတော့ မလေးလို မိန်းကလေးဖြစ်ပြီးတော့ pol ဆိုတာကတော့ သစ်ပင်ဖြစ်ပါတယ်။ မိန်းကလေးသစ်ပင်ပေါ့ဗျာ..။ အားလုံး ဗဟုသုတတိုးပွါးနိုင်ကြပါစေ။

Saturday 22 October 2011

"ချစ်သူပိုင်တဲ့နေ့"


ကိုယ်ပေးသလောက်သာရောက်မယ်ဆိုရင်ပေါ့
ဒီနေ့လေးရဲ့ ငါ့မေတ္တာတွေ နင့်ဆီကိုဘဲပို့နေပါရစေ
ငါပေးမယ့်လက်ဆောင်က ငါကိုယ်တိုင်ပါဘဲ

ငါဟာအရောင်စွန်းတဲ့အနွမ်းထည်လည်းမဟုတ်ရဘူး
ကာလာမဲ့တဲ့ အဖြူထည်လည်း မဖြစ်ပြန်ဘူး
" the last is the best" တဲ့
ဒီစကားသာမှန်ရိုးထုံးစံရှိရင်
နင့်နှလုံးသားရဲ့ဂိတ်ဆုံးမှာ ငါ့ရဲ့မှတ်တိုင်စိုက်ထူပါရစေ
အနေဝေးပေမယ့် ဒီနေလေ့းကိုနင်ပိုင်တယ်
နင့်အနားမှာတစ်ချိန်လုံးငါရှိနေတယ်လို့တွေးပြီး
နင်ပျော်ကြည့်စမ်းပါဟာ ............

တောင်ဥက္ကလာ၊ ဝေဇယန္တာလမ်းမပေါ် လှေကလေးကို လှော်
The Lady ဇာတ်ကားထဲမှ ဗိုလ်ချုပ်အတု
မြင်ရခဲတဲ့ စတိုင်လ်နဲ့ ဗိုလ်ချုပ်အစစ်
ပန်းချီမောင်မိုးသူရဲ့ ဒေါ်အောင်ဆန်းစုကြည်
တရံရောအခါက အဆိုတော် လေးဖြူနဲ့ စောဘွဲ့မှူး
လိင်တူချစ်သူတွေတော့ မဟုတ်လောက် ...
ထီးမပါကြသူများ

Friday 21 October 2011

မှန်ကလေးတစ်ချပ်

မှန်ကလေးတစ်ချပ်
ရုတ်တရက်
ကွဲအက်သွားတယ်
ပြန်ဆက်လို့ရနိုင်ပေမယ့်
အရင်လို အကောင်းအတိုင်းမဟုတ်တော့ဘူး...
နှလုံးသားလေးတစ်ခု
ရုတ်တရက်
နာဖျားသွားတယ်
ပြန်ကုလို့ရနိုင်ပေမယ့်
အရင်လိုအကောင်းအတိုင်းမဟုတ်တော့ဘူး...
တွဲလက်ကလေးများ
ရုတ်တရက်
ပြုတ်ထွက်သွားခဲ့တယ်
ပြန်ဆက်လို့ရနိုင်ပေမယ့်
အရင်လို ခိုင်ခိုင်မြဲ မဖြစ်တော့ဘူး...
အိပ်မက်ကလေးမက်စဉ်
ရုတ်တရက်
လန့်နိုးသွားခဲ့တယ်
ပြန်မက်ချင်မက်နိုင်ပေမယ့်
အရင်နေရာက မဟုတ်တော့ဘူး...
နေ့ညတွေလည်း
အစဉ်အမြဲပဲ
ပြောင်းလဲသွားနေတယ်
မနက်ဖြန်တွေရနိုင်ပေမယ့်
အရင်လိုနေ့တွေပြန်မရတော့ဘူး.....