လင်းရောင်ခြည်ဆိုဒ်မှနွေးထွေးစွာကြိုဆိုပါတယ်လာရောက်လည်ပတ်သူများအားလုံးကိုယ်စိတ်နှလုံးရွှင်ပြုံးကြပါစေ

Saturday 1 October 2011

  ၁၊၊        မိဘကျေးဇူး သိတတ်သော အံ့ဖွယ်ရဟန်းများနှင့် အတုယူဖွယ်လူသားများ



ကျေးဇူးသိသောယောဆရာတော်

      

                 ဘုရားသားတော်များဖြစ်ကြသော ရဟန်းတော်များနှင့် မယ်တော်ခမည်းတော်တို့

အကြား ထားရှိကြသော မေတ္တာတရားကို လေ့လာအကဲခတ်ကြည့်မိရာ -  တိပိဋကဓရယော

ဆရာတော်သည် အသက် (၈၀) နီးပြီဖြစ်သော မယ်တော်ကြီးအား ယောနယ်မှ ရန်ကုန်သို့ခေါ်

ထားကာ အစစအရာရာ လိုလေသေးမရှိအောင် ပြုစုလုပ်ကျွေ၏ ။ မယ်တော်ကြီးအား ကျပ်ငွေ

တစ်သိန်းလှူသည့်အခါ သားရဟန်းကို ဦးအကြိမ်ကြိမ်ချလျက်ရှိသော မယ်တော်ကြီးကို ကြည်

၍ သားရဟန်း၏မျက်နှာမှာ ပီတိအဟုန်ကြောင့် ရွှင်လန်းဝင်းပလျက်ရှိနေပါသတဲ့။





ကျေးဇူးတော်ဆပ် မင်းကွန်းအရှင်မြတ်



                 တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားသည်လည်း မိခင်ကြီးအား ဂရုတစိုက်ပြု

စုလုပ်ကျွေးတော်မူခဲ့၏။ မယ်တော်ကြီးအား ဓမ္မနာဒတိုက်သို့ ခေါ်ထားပြီး စိတ်ချမ်းသာအောင်

ပြုစု၏။ မယ်တော်ကြီးနေထိုင်ရန် အိမ်တစ်လုံးတောက်လုပ်ပေးတော်မူခဲ့၏။

“ မြင်းခြံပြန်ချင်တယ် ” ဆိုတော့လည်း မတားမြစ်။ “ အမေစိတ်ချမ်းသာရင်ပြီးရော ” ဆိုပြီး ဆ

ရာတော်ကိုယ်တိုင် လိုက်ပို့ ပေးခဲ့၏။ အဝေးကနေ လိုအပ်တာမှန်သမျှ ထောက်ပံ့ရုံမက တရား

ဓမ္မဟောကြား၍လည်း ကျေးဇူးဆပ်တော်မူခဲ့၏ ။



မွှေးမိခင်နှင့်ကော့လှာအရှင်



                 ကော့လှာဆရာတော်ဘုရားသည်လည်း ငယ်ရွယ်စဉ်ဘဝကပင် မိဘကျေးဇူးကို

အမွန်မြတ်ဆုံးသောနည်းဖြင့် ဆပ်တော်မူခဲ့၏။ ဗုဒ္ဓဘာသာဝင်မိဘာများ သားယောကျာ်းလေး

မွေးဖွားလာက အရွယ်ရောက်လျှင် ရှင်ပြုပေးရိုးထုံးစံရှိကြ၏။ သို့သော် ဆရာတော်လောင်းလျာ

သူငယ်လေးကတော့ မိဘတို့ရှင်ပြုပေးသည်ကိုမစောင့်ပဲ မိခင်ကိုကျေးဇူးဆပ်လိုသောကြောင့်

ကိုယ့်အသိစိတ်နှင့်ကိုယ် ရှင်သာမဏေဘဝကို ခံယူတော်မူခဲ့၏။

                ရှင်းပြပါအံ့  -    ဆရာတော်ငယ်ရွယ်စဉ်က (၁၂) သားအရွယ်က အိပ်မက်မက်

သည်မှာ “ အိမ်၏ပထမဆုံးထူသည့် နတ်တိုင်မှာ လင်းတနား၏။ သူ့ မိခင်၏ဝမ်းဗိုက်ကိုဖောက်

၍ အူအသည်းများကို ကျားသစ်ကစား၏ “ ဟု မက်လေ၏။  ထိုစဉ်က မိခင်ကြီးဒေါ်ပုမှာ ကျန်း

မာရေးမကောင်းသဖြင့် အိပ်ရာထဲလှဲနေရရှာ၏။ အိပ်မက်မကောင်းလှ၍ မိခင်၏ သေမည်ရှင်

မည်ကို အတိအကျသိလိုသဖြင့် အိမ်အနောက်တော်ဘက်ရှိ ညောင်ပင်ကြီးကို ဖယောင်းမီးဖြင့်

ပူဇော်ကာ အဓိဋ္ဌာန်ကြည့်မိရာ သေမည်ကိုသိရလေ၏။

               မိခင်အတွက် စိတ်မကောင်း၊ မိခင်၏ နောက်ဆုံးအချိန်မှာ သားငယ်အားသင်္ကန်း

ဝတ်ဖြင့် မြင်သွားစေချင်၍ ကလေးကိုယ်တိုင် ကျောင်းသို့ သွားကာ ဘုန်းတော်ကြီးအား

သင်္ကန်းဝတ်ပေးပါရန် ခွင့်တောင်းလေတော့၏။ သင်္ကန်းဝတ်ပြီးနောက် မိခင်၏ အနားမှာထိုင်

ကာ ကလေးသဘာဝ တတ်သိသလောက် ဘုရားစာရွှတ်ပြလျက် မွေးမိခင်ကို အာရုံပြုလေ၏။

မိခင်ဒေါ်ပုကတော့ သားကိုရင်လေး၏ တရားသံကို အာရုံပြုကာ မျက်နှာမှာကြည်လင်ရွှင်ပြ

လျက် ရှိနေပါသတဲ့။

           (  သြော် - ဒီအသက်ဒီအရွယ်၌ ဒီလိုစိတ်ဓာတ်မျိုးဖြင့် မည်သည့်လူသားများ မိဘ

ကျေးဇူးကို ဆပ်ခဲ့ဖူးပါသနည်း။ တောက်မည့်မီးခဲ အရှိန်ရဲရဲ-ဆိုတာလို ထွန်းကားမည့်သူများ

သည်၊ ထူးချွန်သည့်အရိပ်လက္ခဏာများနှင့် ငယ်စဉ်ကတည်းက ပြည့်စုံခဲ့ကြတာပါလား)။



ကျေးဇူးသိရှာ ဂန္ဓာရုံဆရာ



                 မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ-သည်လည်း မယ်တော်ကြီးအား

ပြုစုထောက်ပံ့ကာ ကျေးဇူးဆပ်လိုသောဆန္ဒ ပြင်းပြခဲ့၏။ မ်ာတော်ကြီးကျောင်းသို့ ရောက်လာ

ရာပြည့်ပြည့်စုံစုံ မထောက်ပံ့နိုင်သဖြင့် စိတ်မကောင်းဖြစ်နေစဉ် မိခင်ကြီးက ဆေးလိပ်မီးညှိချင်

ကြောင်း ပြောလာသည့်ခဏ မီးခြစ်ကလည်း အနီးမှာမရှိသောကြောင့် မယ်တော်၏ ဆေးလိပ်

ကိုယူကာ မီးဖိုထဲသွား၍ မီးညှိပေးလိုက်ရသည်။  မယ်တော်ကြီးလိုအပ်နေသည့် အချိန်မှာတစ်

ခုခု လုပ်ပေးလိုက်ရသဖြင့် ဝမ်းမြောက်ပီတိဖြစ်သွားကြောင်း ဖတ်ရှုခဲ့ရဖူးပါသည်။



 ကျေးဇူးဆပ်ပြ အရှင်ဃောသိတ



                   တစ်ဘဝသာသနာကျမ်းပြု ဆရာတော်ဦးဃောသိတသည် မယ်တော်ကြီး

မကျန်းမမာဖြစ်သောအခါ တောင်တွင်းကြီးသို့ရောက်အောင်သွားသည်၊ အခြားသားသမီးများ

ဝိုင်းဝိုင်းလည်အောင်ပြုစုနေသည်ကိုကြည့်၍ “ ငါကရဟန်းဖြစ်တော့ မယ်တော်ကြီးကို ကိုယ်

ဖိရင်ဖိ ပြုစုခွင့်မရှိဘူး၊ မယ်တော်အတွက် တစ်ခုခုလုပ်ပေးချင်လိုက်တာ ” ဟု တွေး၍ ဝမ်းနည်း

နေစဉ်၊ မိခင်ကြီးက “ ရေသောက်ချင်သည် ”  ဟုပြောရာ ၊ ဆရာတော်က ရေတစ်ခွက်ခပ်ပြီး

မယ်တော်ကြီးအား တိုက်လိုက်ရသည့်အတွက် အတိုင်းမသိပီတိဖြစ်သွားရကြောင်း- အမိန့်ရှိပါ

သတဲ့။



မိခင်ဒေါ်နန်းသောင်းနှင့် သားကောင်းဦးသန့်



                  လောကီဘက်ထင်ရှားသည့်    လ်ူများကိုကြည့်လျှင် ကုလသမဂ္ဂအတွင်းရေးမှူး

ချူပ် ဦးသန့်  အမေရိကန်မှာရှိနေစဉ်က မိခင်အတွက် ပစ္စများစွာနှင့် မကြာခဏလှမ်း၍ ကန်

တော့၏။ မြန်မာပြည်သို့ ခေတ္တပြန်လာစဉ်မှာလည်း မိခင်ကြီးဒေါ်နန်းသောင်း လေဆိပ်သို့ လာ

ကြိုရာ၊ ဦးသန့်က လေယာဉ်ပေါ်မှအဆင်း “ အမေနေကောင်းပါရဲ့ လား ” ဟု ပြုံး၍မေးလိုက်ပြီး

လူတောထဲမှာပင် မိခင်ကြီးကို ထိုင်၍ဝပ်ချကန်တောပါသတဲ့၊ ဝပ်ချကန်တော့အပြီး သားအမိ

နှစ်ယောက်ဝမ်းသာအားရ ပွေ့ ဖက်ထားပုံကို ထိုခေတ်က သတင်းစာများအတွင်လည်း ရေး

သားဖော်ပြကြကြောင်း သိရ၏။



မိခင်ဆီလှမ်း ဗိုလ်ချူပ်အောင်ဆန်း



                 ခုခေတ်လူသားတိုင်းသိကြသည့်  လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်း

သူလည်းပဲ မိဘကျေးဇူးအထူးသိတဲ့ သားကောင်းသားမြတ်ရတနာဖြစ်၏။ သခင်အောင်ဆန်း

တစ်ယောက် ဗိုလ်ချူပ်ဖြစ်ပြီးနောက် မြန်မာပြည်အလယ်ပိုင်းသို့ ခရီးထွက်ဖို့ ကိစ္စ ကြုံလာ၏။

ဗိုလ်ချူပ်၏ကိုယ်ရေးအရာရှိ ဗိုလ်ထွန်းလှက လေယာဉ်ခရီးနှင့်သွားရန် စီစဉ်ထားကြောင်းပြော

ရာ၊ ဗိုလ်ချူပ်က “ ဟာ- ဗိုလ်ထွန်းလှ လေယာဉ်ခရီးမစီစဉ်နဲ့ ကွာ ကားနဲ့ သွားကြရအောင်၊

ငါနတ်မောက်ဝင်ပြီး အမေ့ကိုကန်တော့ချင်သေးတယ် ” ဟု စေခိုင်းလေ၏။

                 ကားနှင့်သွားကာ နတ်မောက်ဝင်၍ မိခင်ကြီးဒေါ်စုအား အားရပါးရ ကန်တော့

သည့်အခါ မိခင်ကြီးက သားဖြစ်သူဗိုလ်ချူအား  ကလေးငယ်တစ်ယောက်ပမာ ပွေ့ ဖက်၍

ဆုပေးရှာပါသတဲ့၊ သြော် - အထက်တန်ကျောင်းရောက်သည့်ပုဂ္ဂိုလ်များ ရောက်ထိုက်လို့ ကို

ရောက်တာပါလား၊ မိခင်များကလည်း သားဖြစ်သူက အသက်ဘယ်လောက်ကြီးကြီး ရာထူးက

စစ်ဗိုလ်ချူပ်ကြီးပင်ဖြစ်နေပါစေ သူတို့ ၏ စိတ်ထဲ၌ကား ကလေးသူငယ်အရွယ်လေးဟုပင်ထင်

နေတတ်ကြသည်မှာ မိခင်တိုင်း၏ မေတ္တတရားပင်မဟုတ်ပါလား။

                  မေ့ခန္ဓာကိုယ်ကသာ အိုချင်အိုမည်-

                  အမေ့မေတ္တာတရားကတော့ အမြဲထာဝရနုပျို

                  လန်းဆန်းနေမည်သာ။ 

             

                                     အားလုံးကို အစဉ်လေးစားလျက်

                                              ၂၊၊                                                                                                                                              ဘုရားရှင်ရဲ့အရပ်တော်


ဘုရားရှင်ဟာ သာမန်အချိန်မှာ ပကတိလူသားထက်ပိုပြီး မြင့်နိုင်စရာမရှိပေမဲ့လို့ ခန္ဓာကိုယ်ကို ကြီးချင်ရင် သူတကာထက်ပိုပြီး ကြီးလို့ရသလို ငယ်ချင်ရင်လည်း ငယ်ချင်သလောက် ငယ်လို့ရတယ်ဆိုတဲ့ ဘုရားရှင်ရဲ့ တန်ခိုးတော်အရာလည်း ရှိပါသေးတယ်။ သာဓကတစ်ခုပြောချင်ပါသေးတယ်။ တစ်ခါက ပုဏ္ဏားတစ်ယောက်ဟာ ဘုရားရှင်ရဲ့ အရပ်တော်ကို သိချင်တဲ့အတွက် သူ့အိမ်အရှေ့ ဘုရားရှင် ဆွမ်းခံကြွရာနေရာမှာ ၀ါးလုံးတစ်လုံး စိုက်ထူထားပါတယ်၊ ဘုရားကြွတော်မူလာတော့ ၀ါးလုံးထက် ဘုရားရှင်ရဲ့အရပ်တော်က မြင့်နေတယ်၊ ဒီလိုနဲ့ ၀ါးခုနှစ်လုံးဆက်ပြီး ထောင်ထားလိုက်တယ်။ ဒါပေမဲ့ ဘုရားရဲ့ အရပ်တော်က မြင့်လျက်ပါပဲ။ အဲဒီအခါ မြတ်စွာဘုရားက “ဘာလို့ ၀ါးလုံးတွေ ထောင်ထားတာလဲ”လို့ ပုဏ္ဏားအားမေးတဲ့အခါ “ အရှင်ဘုရားရဲ့ အရပ်တော်ကို သိချင်လို့ပါ”လို့ ပုဏ္ဏားက လျှောက်တယ်။ အဲဒီအခါ ဘုရားရှင်က “ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ဖြည့်ကျင့်လာတဲ့ ပါရမီဘုန်းတော်ကို မင်းဝါးလုံးနဲ့ တိုင်းတာလို့ရပါ့မလား”လို့ ဟောကြား ဆုံးမတော်မူပါတယ်။

တာဝတိံသာနတ်ပြည်မှာ အဘိဓမ္မာတရား ဟောတော်မူတဲ့အခါကလည်း ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ပလာထက်မှာ သီတင်းသုံးတော်မူနေတဲ့အခါ သိကြားမင်းက “ပဏ္ဍုကမ္ပလာက တစ်ဆယ့်ငါး ယူဇနာတောင်ရှိတာဆိုတော့ ဘုရားရှင်ထိုင်တော်မူရင် နေရာတွေ ပိုနေမှာပဲ”လို့ တွေးမိတယ်။ ဒါနဲ့ ဘုရားရှင် ပဏ္ဍုကမ္ပလာထက် ထိုင်တော်မူလိုက်တဲ့အခါ ကမ္ပလာတစ်ခုလုံး ပြည့်သွားရုံမျှမက သင်္ကန်းအစွန်းဟာ ကမ္ပလာရဲ့အပြင်ကို ထွက်ကျနေပါတော့တယ်။ အဲဒီအခါ သိကြားမင်းက “ ငါဟာ မိုက်လေစွ၊ မြတ်စွာဘုရားရဲ့ ဘုန်း တန်ခိုးတော်ကို မသိလေစွ”လို့ နောင်တရတော်မူပါတယ်သတဲ့။

တစ်ခါက ‘ရာဟု’အမည်ရှိ အသူရာနတ်မင်း တစ်ဦးရှိတယ်။ သူရဲ့ ခန္ဓာကိုယ်က အလွန်ကြီးမားတယ်။ ဒါနဲ့ နတ်တွေက ဘုရားသွားဖူးသွားဖို့ခေါ်တဲ့အခါ အသူရာနတ်မင်းကြီးက “ ငါသွားရင် ဘုရားရှင်က ငယ်ငယ်ဆိုတော့ ငါငုံ့ကြည့်ရမယ်။ ငါမသွားဘူးလို့တွေးကာ မလိုက်ဘဲနေတယ်၊ နတ်တွေက ဖန်ခါထပ်ထပ်ခေါ်တဲ့အခါမှာ မတတ်သာတော့ဘဲ လိုက်သွားတယ်၊ ဘုရားအရှေ့ရောက်တော့ ဘုရားရှင်ရဲ့ ခြေဖမိုးတော်ပဲ မြင်ရတယ်၊ မျက်နှာတော်ကိုဖူးဖို့ အပေါ်မော့ကြည့်တဲ့အခါမှာလည်း မျက်နှာတော်က မြင့်လွန်းနေတဲ့အတွက် ရင်ခေါင်းတော်လောက်သာ မြင်ရပါတယ်။ အဲဒီအခါကျမှ အသူရာနတ်မင်းက “အော်…ဘုရားဆိုတာ အံ့သြဖွယ် အလွန်ကောင်းတာပဲ၊ ဘုရားရှင်ဟာ သေးသေးငယ်ငယ် ထင်မိပြီး မထီမဲ့မြင် ထင်မှားမိလေခြင်း”လို့ တွေးကာ နောင်တရနေပါတော့တယ်။

ဒါဟာ လူသာမန်တို့ မကြံစည်နိုင်တဲ့ ဘုရားရှင်ရဲ့ တန်ခိုးအရာပါပဲ။ မြတ်စွာဘုရားရဲ့ ဘုန်းတော်နဲ့ ပတ်သက်ပြီး မကြံစည်အပ်တဲ့တရားလေးပါးရှိတယ်။ ဒါကို အစိန္တေယျလေးပါးလို့ ခေါ်ပါတယ်။ ဒီလေးပါးကို ဗဟုသုတအလို့ငှါ ဖေါ်ပြပေးချင်ပါတယ်။ (၁) တန်ခိုးတော်ကို မကြံစည်အပ်။ (၂) ကံ၏အကျိုးပေးရာတွင် မကြံစည်အပ်။ (၃)သဗ္ဗညုတဉာဏ်တော်အရာတွင် မကြံစည်အပ်။ (၄) လောကအကြောင်း မကြံစည်အပ်ခြင်းတို့ ဖြစ်တယ်။

တစ်ခါက နိုင်ငံခြားသားတစ်ယောက်က လယ်တီဆရာတော်ကြီးအား မေးဖူးတယ် “အရှင်ဘုရား… မြတ်စွာဘုရားဟာ အလိုတော်ရှိရင် မုန်ညင်းစေ့ထဲလည်း ပကတိကိုယ်ခန္ဓာဖြင့် ၀င်နိင်တယ်ဆိုတာ ဟုတ်ပါ့မလားဘုရား၊ ဘုရားရှင်ရဲ့ ခန္ဓာကိုယ်က ပင်ကိုယ်ဆိုရင် မုန်ညင်းစေ့က ကျယ်လာတာ ဖြစ်ရမယ်။ မုန်ညင်းစေ့ကလည်း ပုံမှန်အတိုင်း ဘုရားရှင်ကလည်း ပကတိအတိုင်း ၀င်တယ်ဆိုတာတော့ တပည့်တော်မယုံပါဘူးဘုရား” မေးလျှောက်တယ်။ ဆရာတော်ကြီးက “ဣဒ္ဓိဝဒေါ အစိန္တိယော တန်ခိုးတော်ကို မကြံစည်အပ်ဘူး”လို့ မိန့်တော်မူပါတယ်။ နိုင်ငံခြားသားက “အရှင်ဘုရားတို့က ပြဿနာပေါ်လာရင် ဒီအစိန္တေယျဆိုတာကြီးနဲ့ ကာကြတာပဲ၊ တပည့်တော် မကျေနပ်နိုင်ပါဘူး” လို့ဆိုသတဲ့၊

ဒီတော့ ဆရာတော်ကြီးက နိုင်ငံခြားသားမှာပါလာတဲ့ မှန်ပြောင်းကို လက်ညိုးထိုးပြီး “ ဒီမှန်ပြောင်း ဘယ်လောက်ပေးရလဲ”လို့မေးတယ်၊ “(၆၅)ကျပ်ပေးရပါတယ်ဘုရား”လို့ နိုင်ငံခြားသားက လျှောက်တယ်။ ဆရာတော်ကြီးက “ ဒါဖြင့် ဒီမှန်ပြောင်းနဲ့ တောင်ရိုးကြီးကို ကြည့်လိုက်စမ်း၊ ဘာမြင်ရတုန်း”လို့မေးတယ်၊ နိုင်ငံခြားသားက “ အရှင်ဘုရား… တောင်ရိုးကြီးကို မြင်ရပါတယ်ဘုရား”လို့ လျှောက်တယ်၊ “မင်းဟာက မှန်ပြောင်းလေးက အပေါက်ဝသေးသေးလေးပဲ ဒီလောက်ကြီးတဲ့ တောင်ရိုးကြီးကို မြင်ရတယ်ဆိုတာ ဟုတ်ပါ့မလား၊ တောင်ရိုးကြီးကိုမြင်ရအောင် မှန်ပြောင်းက ကျယ်လာလို့လား၊ တောင်ရိုးကပဲ သေးလာလို့လား” လို့ ဆရာတော်က မေးပါတယ်။ အဲဒီအခါ နိုင်ငံခြားသားက “မှန်ပါ …မှန်ကလည်း မကျယ်ပေးသလို၊ တောင်ရိုးကြီးကလည်း မသေးလာပါ၊ ဒါပေမဲ့ အကုန်လုံးကိုတော့ မြင်နေရတာပဲ ဘုရား”လို့ လျှောက်တယ်။ ဆရာတော်ကြီးက “ အေး…မင်းရဲ့ (၆၅)ကျပ်တန် မှန်ပြောင်းကတောင် ဒီလောက် အစွမ်းထက်နေရင် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလပတ်လုံး ပါရမီဖြည့်ကျင့်ခဲ့တဲ့ မြတ်စွာဘုရားက ဒါလောက်တော့ရှိမှာပေါ့”လို့ ပြောလိုက်တဲ့အခါကျမှသာ နိုင်ငံခြားသား ၀မ်းမြောက်စွာနဲ့ ကျေကျေနပ်နပ်ကြီး လက်ခံသွားပါတော့တယ်။

ဦးကောဝိဒ(မြိတာ       ၃၊၊                                                                                                                                           သာသနာ(၅၀၀၀)ဆိုတာ ဘယ်သူပြောခဲ့လဲ


အမေး။ ။ အရှင်ဘုရား..ဗုဒ္ဓသာသနာသည် နှစ်(၅၀၀၀)၊ ယခုကာလသည် အရိယာများစွာ ပေါ်ထွန်းနေရမည့် ကာလဟူ၍ ဘယ်သူကဆိုခဲ့ပါသလဲ၊ အဖြေပေးတော်မူပါဘုရား။

ငြိမ်းလွင်။ Mosscow

အဖြေ။ ။ ဒါနဲ့ပတ်သက်ပြီး မြတ်စွာဘုရားက အရှင်အာနန္ဒာအား “အာနန္ဒာ…မာတုဂါမများ သာသနာအတွင်း ၀င်လာတဲ့အတွက်ကြောင့် သာသနာဟာ အနှစ်ငါးရာသာ တည်လိမ့်မယ်။ (ဂရုဓံတရားရှစ်ပါး ပြဋ္ဌာန်းပေးထားတဲ့ အတွက် အနှစ်တစ်ထောင် တည်မြဲလိမ့်မယ်)လို့ စူဠ၀ါပါဠိတော်မှာ ဟောတော်မူထားပါတယ်။ မြတ်စွာ ဘုရားဟောတော်မူတဲ့ အနှစ်တစ်ထောင်ဆိုတာနဲ့စပ်ပြီး အဋ္ဌကထာဆရာများက ပဋိသမ္ဘိဒါပတ္တ ရဟန္တာတစ်ထောင်ကိုသာဆိုတယ်။ ဒါ့အပြင် သုက္ခ၀ိပဿက ရဟန္တာခေတ်ကတစ်ထောင်၊ အနာဂါမ်ခေတ်က တစ်ထောင်၊ သကဒါဂါမ်ခေတ်က တစ်ထောင်၊ သောတာပန်ခေတ်က တစ်ထောင်ရှိသေးတဲ့အတွက် စုစုပေါင်း သာသနာငါးထောင်ဆိုပြီး အဋ္ဌကထာများမှာ ဖေါ်ပြကြတဲ့အတွက် သာသနာငါးထောင်ဆိုတာ ထင်ရှားလာဟန်တူပါတယ်။

တစ်ဖန် သုတ်ပါထေယျ အဋ္ဌကထာ၊ အင်္ဂုတ္ထိုရ် အဋ္ဌကထာတို့မှာလည်း ဘုရားရှင်ဆိုလိုတဲ့ နှစ်တစ်ထောင်ဆိုတာ ပဋိသမ္ဘိဒါပတ္တခေတ် ကိုဆိုလိုကြောင်း၊ ဆဠာဘိည၊ တေ၀ိဇ္ဇ၊ သုက္ခ၀ိပဿက၊ ပါတိမောက္ခခေတ်လို့ဆိုကာ သာသနာအနှစ်ငါးထောင်ပင် ဖြစ်ကြကြောင်း အဋ္ဌကထာဆရာများက မိန့်တော်မူကြပါတယ်။ ဒါပေမယ့် မဟာဝဂ္ဂပါဠိ၊ မဟာပရိနိဗ္ဗာနသုတ်၊ သုဘဒ္ဒပရိဗ္ဗာဇကသုတ်မှာ ဘုရားရှင်က “သုဘဒ္ဒ သာသနာတော်မှာ ရဟန်းများဟာ ကောင်းမွန်စွာ နေကြမယ်(မိမိတရားထူးရပြီး ထိုတရားအား အခြားသူများအား ပြောဟောကာ အခြားသူများကလည်း တရားထူးရကြမယ်)ဆိုပါရင် လောကကြီးမှာ ရဟန္တာများ မဆိတ်သုဉ်းနိုင်ဘူး” လို့ သုဘဒ္ဒပရိဗိုဇ်အား မိန့်တော်မူထားပါတယ်။ (ဣမေစ သုဘဒ္ဒ ဘိက္ခူ သမ္မာ ၀ိဟရေယျုံ အသုညော လောက အရဟန္တေဟိ အဿတိ) ထိုစကားတော်အရ ရဟန်းတော်များ ကောင်းမွန်စွာနေကြမယ်ဆိုရင်တော့ အရိယာများ မဆိတ်သုဉ်းနိုင်ဘူး၊ ရှိနေဦးမှာပါဆိုတာပါပဲ။ တကယ်လို့ ရဟန်းတော်များ ကောင်းမွန်စွာ မနေကြဘူးဆိုရင်တော့ မရှိနိုင်ဘူးလို့ အဓိပ္ပါယ်နှစ်မျိုး ယူလို့ရပါတယ်။

ဦးကောဝိဒ(မြိတ်)

No comments:

Post a Comment