လင်းရောင်ခြည်ဆိုဒ်မှနွေးထွေးစွာကြိုဆိုပါတယ်လာရောက်လည်ပတ်သူများအားလုံးကိုယ်စိတ်နှလုံးရွှင်ပြုံးကြပါစေ

Tuesday 4 October 2011

သင်ဟာ လူတစ်ယောက်ဖြစ်တယ် ဆိုပါစို့



တိမ်တွေလား..?
ခရီးသွားနေတယ်
ဖိနပ်ဟာ ကိုယ်နဲ့တော်ရင် စီးရမှာပေါ့
ကိုယ်က ဖိနပ်လား ခြေဖ၀ါးလား
ကိုယ်တိုင်သာ ဆုံးဖြတ်ရလိမ့်မယ် ဟေ့လူ..။

အရှိန်အဟုန်နဲ့ စီးဆင်းနေတဲ့ မြန်မာမိန်းခလေးတွေ
သင် သဘောမတူရင် ကမ်းစပ်နဲ့ ဝေးဝေးနေပြလိုက်ရုံပေါ့..
အရေးကြီးတာက အဲဒါဟာ ကမ္ဘာကြီးရဲ့ အဆုံးမှ မဟုတ်သေးဘဲ၊
တကယ်လို့သာ လာမယ့်နှစ်မှာ ဒွန္နယားကြီး ပျက်ရင်
တစ်လှေထဲစီး တစ်ခရီးထဲသွားတွေ ဖြစ်ကြရမှာပဲ..။

ဘလော့ဂါမှန်ရင် ကျွန်းသေးသေးမှာ နေထိုင်ရမယ်
ကျွန်းသေးသေးမှာ နေထိုင်ရိုးမှန်ရင် အိုင်ဖုန်းကိုင်ရမယ်လို့ ဘယ်သူပြောလဲ
လူ့အကွာအဝေး မြေတိုင်းစာရေးလည်း မဆုံးဖြတ်နိုင်ဘူး..။
ခုတလော သတင်းတွေထူးတယ်(အေးလေ ထူးတာကတော့ ကြာပါပြီ)
မြေကြီးထဲမှာ အတောင်ပံပေါက်တဲ့လူတွေ နေထိုင်သတဲ့…။

ခုခေတ်က စေတစ်လုံးခေတ်ဗျ
သင်စိတ်ဝင်စားတယ်ဆိုပါတော့ ….
ဂရိမရောက်ဖူးလည်း ဆော့ခရတ္ထိနဲ့ အဆိပ်ခွက်ပြိုင်မော့နိုင်တယ်
ရုရှားမရောက်ဖူးလည်း လီနင်နဲ့ ဗော့ဒကာ ပြိုင်သောက်နိုင်တယ်
အို….ဘယ်တိုင်းပြည်မှ မရောက်ဖူးလည်း ကြိုးတစ်ချောင်းအင်္ကျီ ရှာတွေ့နိုင်တယ်
ဆိုလိုတာက ဘုရားသခင်နဲ့ စကားလက်ဆုံကျချင်ရင်တောင် ပြောပါတယ်..။


အီဂျစ်လမ်းမကြီးတွေ ပြည့်နေတယ်
မဆီမဆိုင် ကျနော့်ရင်ဘတ်ကြီးလည်း ပြည့်လို့..၊
ဆောင်းရာသီမှာ မိုးကျချင်ကျမယ် မကျချင်မကျဘူးလေ
သင်ဟာ လူတစ်ယောက်ဖြစ်တယ် ဆိုပါစို့
သင်ကိုယ်တိုင် ဒီကဗျာကို ဆက်ရေးဖို့လိုတယ်မိတ်ဆွေ..။

No comments:

Post a Comment