လင်းရောင်ခြည်ဆိုဒ်မှနွေးထွေးစွာကြိုဆိုပါတယ်လာရောက်လည်ပတ်သူများအားလုံးကိုယ်စိတ်နှလုံးရွှင်ပြုံးကြပါစေ

Monday 3 October 2011

ကဗျာ

အဝေးတစ်နေရာသို့.....

မရေမရာ မျှော်လင့်ခြင်း အိပ်မက်ကိုမှ
မက်မက်မောမော မက်ခဲ့မိတော့
မက်မက်မောမောနဲ့
တမ်းတတွယ်တာနေရင်း......

အလွမ်းဆိုတဲ့ ရစ်ပတ်ခြင်း နွယ်မျှင်တစ်စ
ရင့်သန်ကြီးပြင်းအလာ
အရာရာကို ထိန်းချုပ်
အရာရာကိုပဲ့ကိုင်
စိတ်အစဉ်တခုလုံး ကစဉ်ကလျား
သတိရမိတဲ့ စိတ်တွေနဲ့
ရပ်တည်မှု မလွယ်ကူတော့တဲ့ ဘဝ
အဓိပ္ပာယ်ဖွင့်ဆိုချက် ခပ်ခက်ခက်
အဲဒါဟာ....... အချစ်ဆိုတဲ့ ခံစားချက်ပေါ့
အလှဆုံး အလှဖုရား
အကြည်လင်ဆုံးမျက်နှာတော် အညို
ဟောဒီရင်တခုလုံး တိမ်တွေပြိုအဆင်း.....
ရင်ထဲမှာ စိုစွတ်သွားတယ်
ပြန်ခံစားမိတိုင်း တဆစ်ဆစ်နာကျင်ရ
အသွား ခက်
အလာ ခက်
အတွေ့ ခက်မို့
စွဲလမ်းခြင်းလွမ်းစိတ်က
အနိုင်ယူနှိပ်စက်လို့
အရာရာဟာ ကဗျာမဆန်ချင်တော့ဖူး
အရိပ်ကလေး အငွေ့ကလေး ပျပျမြင်ယောင်
ဆွေးမြေ့မြေ့အသည်းဘဝင် မိုးသည်းသည်းမှာ ပူပင်
စီးဆင်းဆဲ မိုးရေတွေနဲ့
လွမ်းစိတ်တွေ......... အဝေးတနေရာ စီးဆင်းအသွား
မိုး....မိုး... မိုး...မိုးသည်းသည်းမှာ 
လွမ်းစိတ်နာ.......
မောင်ဘကြိုင်

No comments:

Post a Comment