လင်းရောင်ခြည်ဆိုဒ်မှနွေးထွေးစွာကြိုဆိုပါတယ်လာရောက်လည်ပတ်သူများအားလုံးကိုယ်စိတ်နှလုံးရွှင်ပြုံးကြပါစေ

Saturday 15 October 2011

ခေတ်သစ် သစ်ခုတ်သမားပုံပြင်နှင့် ဘုရားသခင်ထံ ရေးတဲ့စာ

 ခေတ်သစ် သစ်ခုတ်သမားပုံပြင်နှင့် ဘုရားသခင်ထံ ရေးတဲ့စာ   ခေတ်သစ် သစ်ခုတ်သမားပုံပြင်  ဆော့ဖ်ဝဲ အင်ဂျင်နီယာတစ်ယောက်ဟာ ပရိုဂရမ်တစ်ပုဒ်ကို အသစ်ရေးဆွဲဖို့ လူသူရှင်းတဲ့ မြစ်ကမ်းဘေးက သစ်ပင်ကြီးတစ်ပင်အောက်ကို ရောက်ရှိနေခဲ့ပါတယ်။ သူဟာ သူရဲ့ Pentium ကွန်ပျူတာကို ပေါင်ပေါ်တင်ပြီး စိတ်ဝင်တစား အလုပ်လုပ်နေရင်း သူရေးဆွဲတဲ့ ပရိုဂရမ်ဟာ အောင်မြင်စွာပြီးဆုံးသွားတာကြောင့် မြစ်ကမ်းဘေးမှာ ရောက်နေတာကို သတိမေ့ပြီး ၀မ်းသာအားရ မတ်တပ်ရပ်လိုက်တော့ သူ့ရဲ့ လက်ပ်တော့ကွန်ပျူတာဟာ ပေါင်ပေါ်ကနေ လျှောပြီး မြစ်ထဲကျသွားပါတော့တယ်။  ကွန်ပျူတာရေထဲကျသွားတော့ စိတ်ညစ်သွားတဲ့ အင်ဂျင်နီယာဟာ ရုတ်တရက် ငယ်ငယ်တုန်းက သူအမြဲကြားခဲ့ရဖူးတဲ့ သစ်ခုတ်သမားနဲ့ ပုဆိန် ပုံပြင်ကို သတိရလိုက်ပါတယ်။ အဲဒီအခါမှာ သူဟာ မြစ်စောင့်နတ်သမီးကို တိုင်တည်ပြီး ဆုတောင်းလိုက်ပါတယ်။ အဲဒီခါ မြစ်စောင့်နတ်သမီးက ကိုယ်ထင်ပြလာပြီး “ဘာအတွက် သူ့ကိုတိုင်တည်ပါသလဲ” လို့မေးတော့ အင်ဂျင်နီယာက သူ့ကွန်ပျူတာ ရေထဲကျသွားကြောင်း နတ်သမီးကို ပြောပြပါတယ်။ Image Hosted by PicturePush - Photo Sharing   ပုံပြင်ထဲက အတိုင်းပါဘဲ။ နတ်သမီးက အင်ဂျင်နီယာရဲ့ ရိုးသားမှုကို စမ်းချင်တော့ မီးခြစ်ဆံဗူးကလေးကို မြစ်ထဲက ယူလာပြီး “ဒါဟာ ရေထဲကျသွားတဲ့ ကွန်ပျူတာလား”လို့ အင်ဂျင်နီယာကို ပြပါတယ်။ ဒီတော့ အင်ဂျင်နီယာကလည်း ကွန်ပျူတာကိုတောင် မသိတဲ့ နတ်သမီးရဲ့ ခေတ်ရဲ့ ဗဟုသုတ နည်းပုံကို စိတ်ပျက်သွားပြီး သူ့ကွန်ပျူတာ မဟုတ်ကြောင်း ပြောလိုက်ပါတယ်။  Image Hosted by PicturePush - Photo Sharing   ဒါနဲ့ နတ်သမီးက နောက်တစ်ကြိမ်မှာ  ခပ်သေးသေး အိတ်ဆောင်ဂဏန်းပေါင်းစက် တစ်လုံးကို ယူလာပြီး ပြပြန်ပါတယ်။ အင်ဂျင်နီယာကလည်း စိတ်ပျက်လက်ပျက်နဲ့ မဟုတ်ကြောင်း ငြင်းပြန်ပါတယ်။  ဒါနဲ့ တတိယတစ်ကြိမ်မှာတော့ နတ်သမီးက အင်ဂျင်နီယာရဲ့ လက်ပ်တော့အစစ်အမှန်ကို ရေထဲက ယူလာပြီး ပြပြန်ပါတယ်။ ပုံပြင်ထဲက အတိုင်းဆို နောက်ဆုံးတစ်ကြိမ်ဖြစ်တာကြောင့် အင်ဂျင်နီယာမှာ ပုံပြင်ထဲက သစ်ခုတ်သမားလို အကောင်းစားတွေ ရဖို့၊ ကံကောင်းဖို့ အခွင့်အရေး မရှိတော့ပါဘူး ။ ဒါနဲ့ သူက “ဟုတ်ပါတယ်” လို့ မဖြေချင်ဖြေချင်နဲ့ ဖြေလိုက်ပါတယ်။ နတ်သမီးဟာ အင်ဂျင်နီယာရဲ့ ရိုးသားမှုအတွက် ၀မ်းသာသွားပြီး သူမြစ်ထဲက ယူလာပြတဲ့ ပစ္စည်း သုံးခုလုံးကို အင်ဂျင်နီယာကို ပေးလိုက်ဖို့ ပြင်လိုက်ချိန်မှာဘဲ အင်ဂျင်နီယာက နတ်သမီးကို “ နတ်သမီး ခင်ဗျားက ကျုပ်ရဲ့ ကွန်ပျူတာအစစ်ကို မပြခင် ပထမနဲ့ ဒုတိယ ၂ကြိမ်လုံးမှာ ကျုပ်ကွန်ပျူတာထက် ပိုကောင်းတဲ့ အမျိုးအစားတွေကို ပြရမယ်ဆိုတာ နည်းနည်းမှ မသိဘူးလား။ ခင်ဗျား သစ်ခုတ်သမား ပုံပြင် မကြားဖူးဘူးထင်တယ်… ပြီးတော့ ကွန်ပျူတာဆိုတာလည်း အရင်က မတွေ့ဖူးဘူးထင်တယ်” လို့ ပြောလိုက်ပါတယ်။  ဒီလိုအပြောခံလိုက်ရလို့ နှာတင်းပြီး စိတ်ဆိုးသွားတဲ့ နတ်သမီးက ငါသိပါတယ်ဟဲ့ ငတုံးရဲ့။ နင်သာ ငတုံး ငအ။ ငါ ပထမနဲ့ ဒုတိယ ယူလာပြတဲ့ ဟာတွေက ခုနောက်ဆုံးပေါ်နည်းပညာနဲ့ IBM ကုမ္ပဏီထုတ် Trillennium နဲ့ Billennium ကွန်ပျူတာတွေ၊ နင့်ဟာက  Pentium အဆင့်ဘဲ ရှိတယ်” လို့ ပြောလိုက်ပြီး အင်ဂျင်နီယာရဲ့ လက်ပ်တော့နဲ့အတူ နတ်သမီးဟာ ပျောက်ကွယ်သွားပါတော့တယ်။ သစ်ခုတ်သမားပုံပြင်ကို အားကျတဲ့ အင်ဂျင်နီယာဟာ သူတစ်ပါးကို အထင်သေးလိုက်မိတဲ့ အတွက် ကွန်ပျူတာ အကောင်းစားတွေကို မရတဲ့အပြင် ကိုယ်ပိုင် ကွန်ပျူတာပါ ဆုံးရှုံးသွားပါတော့တယ်။ :)  ~~~~~~@@@~~~~~~~   ဘုရားသခင်ထံ ရေးတဲ့စာ  Dear God: From the Major Motion Picture Letters to God   အသက် ၈နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ မုန့်ဝယ်စားချင်တာကြောင့် ပိုက်ဆံ ၅၀၀၀ လိုချင်တဲ့အတွက် ဘုရားသခင်ထံ မုန့်ဖိုးပေးဖို့ နေ့စဉ် ဆုတောင်းပါတယ်။ သူဆုတောင်းပေမဲ့ နေ့တွေသာ ကုန်သွားပြီးဘာမှ မထူးခြားပါဘူး။ နောက်ဆုံးတော့ ကောင်ကလေးဟာ ဘုရားသခင်ထံ စာရေးပြီး မုန့်ဖိုး ၅၀၀၀ တောင်းဖို့ ဆုံးဖြတ်လိုက်ကာ စာတစ်စောင်ရေးပါတယ်. စာထဲမှာ မုန့်ဖိုး ၅၀၀၀ လိုချင်တဲ့အကြောင်းရေးပြီးနောက် စာအိတ် ပေါ်မှာတော့ ဘုရားသခင်သို့ လို့ လိပ်စာရေးလိုက်ပါတယ်။ Read more » Posted by ချော(အစိမ်းရောင်လွင်ပြင်) at Saturday, April 30, 2011 21 comments Labels: ပျော်ပျော်ပါးပါး ဟာသများ Monday, December 06, 2010 ပေါ့ပေါ့ပါးပါး ပြုံးစရာ(၉)   ဈေးရောင်းကောင်းသူ စတိုးဆိုင်ကြီးတစ်ခုအတွင်းမှာ ချောချောမောမော လှလှပပ မိန်းခလေးတစ်ယောက်ဟာ ဈေးဝယ်နေပါတယ်.. အဲဒီမှာ အဆင်လှလှ ပိတ်စလေးတစ်စကို တွေ့လိုက်ရတော့ ၀ယ်ယူဖို့အတွက် အရောင်းကောင်ဆီမှာ “တစ်ကိုက်ကို ဘယ်လောက်လဲ” လို့ ဆိုင်ရှင်ကို ဈေးမေးလိုက်ပါတယ်.. ဆိုင်ပိုင်ရှင်က လူလတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်ဖြစ်ပါတယ်.. ဆိုင်ရှင်ကလည်း ချောချောလှလှ ကောင်မလေးကို ခပ်ပြုံးပြုံးနဲ့ “တစ်ကိုက်ကို အနမ်းတစ်ပွင့်ဘဲ ပေးပါ”  လို့ ပြန်ဖြေလိုက်ပါတယ်..  ဒီတော့ ကောင်မလေးကလည်း “အိုကေလေ ကောင်းတာပေါ့.. ဒီလိုဆို ကျွန်မ ဆယ်ကိုက်ယူမယ်” လို့ ပြောလိုက်ပါတယ်.. ဆိုင်ရှင်က အကွက်တော့ ၀င်ပြီဆိုပြီး ပြုံးရွှင်စွာနဲ့ မျှော်လင့်ချက်တွေပြည့်ပြီး အားရကျေနပ်တဲ့ မျက်နှာနဲ့ ပိတ်စ ဆယ်ကိုက်ကို အမြန်ဆုံး တိုင်းထွာလိုက်ပါတယ်..  ပြီးနောက် အစကို ကပ်ကြေးနဲ့ ဖြတ်လိုက်ကာ အိတ်ကလေးတစ်ခုနဲ့ ထုပ်ပိုးပြီး ကောင်မလေးကို လှမ်းပေးလိုက်ပါတယ်.. ကောင်မလေးက အိတ်ကို လှမ်းယူလိုက်ပြီးနောက် မလှမ်းမကမ်းမှာ ရပ်စောင့်နေတဲ့ အသက်ခပ်ကြီးကြီး လူကြီးတစ်ယောက်ကို လက်ညိုးညွှန်လိုက်ကာ ဆိုင်ရှင်ဖြစ်သူကို အပြုံးလေးနဲ့ ပြောလိုက်တာက “ကျသင့်တန်ဖိုးကို ကျွန်မရဲ့အဖိုးက ကျွန်မကိုယ်စားရှင်းပေးလိမ့်မယ် ” လို့ ပြောပြီး သူ့ရှေ့ကနေ ထွက်ခွာသွားပါတော့တယ်..   ~~~~~~~~~~~~~~~~~~~~~~~~~~~~~~  အမှန်တရား  ဆမ် နဲ့ ဂျွန်တို့ဟာ  နေ့လည်စာ စားနားချိန်မှာ အစာစားရင်း စကားပြောနေကြပါတယ်.. ဆမ်က  “ ငါ ပိုက်ဆံကို ဘယ်လိုနည်းနဲ့ လွယ်လွယ်ကူကူရှာလို့ရတယ်ဆိုတာ သိထားတယ် ” လို့ ဂျွန်ကို ပြောလိုက်ပါတယ်.. ဒီတော့ ဂျွန်က “ဘယ်လိုရှာရမလဲ.. ကျွန်တော့ကိုလည်း နည်းလမ်းလေး ဘာလေး ပေးပါဦး ” လို့ မေးလိုက်ပါတယ်.. ဒါနဲ့ ဆမ်က “အိမ်ရောက်ရင် မင်းအဖေဆီကိုသွား… ပြီးရင် အဖေ ကျွန်တော် အမှန်တွေ သိထားတယ်နော် လို့ ပြောလိုက်.. ဒါဆိုရင် မင်းအဖေက မင်းကို ပိုက်ဆံထုတ်ပေးလိမ့်မယ် ” လို့  ပြောပြပါတယ်..  ဂျွန်ဟာ အိမ်ကိုရောက်တဲ့အခါ သူ့အဖေဆီသွားပြီး “အဖေ.. အမှန်အတိုင်း  ကျွန်တော်သိတယ်နော် ” လို့ ပြောလိုက်ပါတယ်. ဒါနဲ့ သူ့အဖေက ဆယ်ဒေါ်လာတန် တစ်ရွက်ထုတ်ပေးပြီး သူသိထားတာတွေ ဘယ်သူ့ကိုမှ မပြောဖို့ ဂျွန့်ကို နှုတ်ပိတ်ပါတယ်.. ဂျွန်ဟာ ဒီနည်းကို အတော်သဘောကျသွားပါတယ်.. လွယ်လိုက်တဲ့ ပိုက်ဆံရှာနည်းပါလားလို့ စိတ်ထဲမှာ တွေးမိပြီး သူ့အမေဆီကို သွားပြန်ပါတယ်.. ပြီးတော့ သူ့အမေကို “ အမေ.. ကျွန်တော် အမှန်တွေ သိနေတယ်နော်”  လို့ ပြောပြန်ပါတယ်.. သူ့အမေကလည်း ဒေါ်လာ၂၀ကို ထုတ်ပေးပြီး သား.. မင်းသိထားတာတွေ မင်းအဖေ မသိစေနဲ့လို့ နှုတ်ပိတ်ပြန်ပါတယ်..  ဒေါ်လာ၃၀ရပြီး ပျော်နေတဲ့ ဂျွန်ဟာ ရတဲ့ပိုက်ဆံနဲ့ မုန့်ဝယ်စားဖို့ အိမ်အပြင်ကို ထွက်လာပါတယ်.. မုန့်တွေရောင်းတဲ့ ဆိုင်တွေဘက် အရောက်မှာ သူ့အိမ်ကို နွားနို့ပို့နေကျ လူကြီးကို တွေ့လိုက်ရပါတယ်.. ဒါနဲ့ ဂျွန်က ပိုက်ဆံထပ်ရအောင်ကြံဦးမှလို့ စိတ်ကူးပြီး နွားနို့ပို့တဲ့လူကို “ကျွန်တော် အမှန်အတိုင်းသိနေတယ်နော် ” လို့ ပြောလိုက်ပါတယ်..   ဒီတော့ နွားနို့ပို့တဲ့သူ ပြန်ပြောလိုက်တာက “ အော် မင်းက အမှန်အတိုင်းသိသွားပြီပေါ့.. ဒါဆိုလဲ မင်းအဖေအရင်းဖြစ်တဲ့ငါ့ကို လာပြီး ပွေ့ဖက်စမ်းပါကွာ” တဲ့။  ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~  အမေရိကန် ပျော်ပွဲရွှင်ပွဲနေ့  တစ်ရက်မှာ အိုစမာဘင်လာဒင်ဟာ ရှေ့ဖြစ်ဟော ဆရာမကြီးတစ်ဦးကို သွားတွေ့ပြီး သူဘယ်နေ့ သေမလဲဆိုတာကို သိချင်တယ်လို့ မေးပါတယ်.. ဆရာမကြီးက ရှင်ဟာ အမေရိကန်တွေရဲ့ ပျော်ပွဲရွှင်ပွဲနေ့တစ်နေ့မှာ သေလိမ့်မယ်လို့ ပြန်ဖြေပါတယ်. ဒီတော့ ဘင်လာဒင်က ဘယ်ပျော်ပွဲရွှင်ပွဲနေ့များလဲ… အမေရိကန်မှာက ပျော်ပွဲရွှင်ပွဲနေ့တွေက သိပ်များတယ်လေ.. လို့ ပြန်မေးလိုက်တော့ ရှေ့ဖြစ်ဟော ဆရာမကြီးက “အိုး အဲဒါကကိစ္စမရှိပါဘူး.. ရှင်သာသေလို့ကတော့ အဲဒီနေ့ဟာ အမေရိကန်တွေရဲ့ ပျော်ပွဲရွှင်ပွဲနေ့ဖြစ်မှာ သေချာတယ် ” တဲ့။    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ အကြွေးဝယ်ကဒ်  လူတစ်ယောက်ဟာ သူရဲ့ အကြွေးဝယ်ကဒ် ကုမ္ပဏီကနေ ဖုန်းခေါ်တာကို လက်ခံရရှိပါတယ်.. ဖုန်းထဲမှာ သူ့ကိုပြောတာက “လူကြီးမင်းရဲ့ အကြွေးဝယ်ကဒ်မှာ ပုံမှန်မဟုတ်တဲ့နည်းနဲ့  ငွေသုံးထားတာတွေကို စစ်ဆေးတွေ့ရှိရပါတယ်.. ဒါကြောင့် လူကြီးမင်းဆီ ကျွန်တော်တို့ဖုန်းဆက်တာပါ.. လူကြီးမင်းရဲ့ အကြွေးဝယ်ကဒ်ဟာ တစ်စုံတစ်ရာ ပြဿနာများ ရှိနေပါသလားခင်ဗျာ.. ” လို့ ပြောပါတယ်..   သူက “ဟုတ်ပါတယ်.. ကျွန်တော့် အကြွေးဝယ်ကဒ်ဟာ လွန်ခဲ့တဲ့ တစ်လကျော်လောက်ကတည်းက အခိုးခံလိုက်ရပါတယ်..”  လို့ပြန်ဖြေပါတယ်.. ဒီတော့ အကြွေးကဒ် ကုမ္ပဏီက တာဝန်ရှိသူကလည်း “ဘာဖြစ်လို့ ကျွန်တော်တို့ဆီကို အဲဒီကဒ် ပျောက်ပျောက်ခြင်း သတင်းမပို့တာလဲ ခင်ဗျာ” လို့ ပြန်မေးတော့သူက “ အကြွေးဝယ်ကဒ်က ကျွန်တော့်ဆီမှာ ရှိနေလို့ ကျွန်တော့်မိန်းမ သုံးဖြုန်းတာထက်စာရင် သူခိုးက အဲဒီကဒ်ကို ခိုးသွားပြီး သုံးပစ်တာက ကျွန်တော့်မိန်းမ သုံးတာထက် အများကြီး သက်သာပါသေးတယ်ဗျာ” လို့ ပြန်ဖြေလိုက်ပါတယ်..  ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ မှားသွားတဲ့ပန်းခြင်း  စီးပွားရေးလုပ်ငန်းသစ်တစ်ခု ဖွင့်လှစ်တဲ့ပွဲမှာ လုပ်ငန်းပိုင်ရှင်ဖြစ်သူဟာ သူ့ရဲ့ စီးပွားဖက် မိတ်ဆွေတွေထံကနေ ဂုဏ်ပြု ပန်းခြင်းတွေ လက်ခံရရှိပါတယ်.. ဒါပေမဲ့ ထူးထူးခြားခြား သူလက်ခံရရှိတဲ့ ပန်းခြင်းတစ်ခုကတော့ “ ငြိမ်းချမ်းစွာ အိပ်စက်အနားယူနိုင်ပါစေ” ဆိုတဲ့ အသုဘ အခမ်းအနားတွေမှာ ပေးပို့တဲ့ ပန်းခြင်းပေါ်က စာသားကို တွေ့လိုက်ရပါတယ်.. စိတ်ဆိုးသွားတဲ့ လုပ်ငန်းပိုင်ရှင်ဟာ ပန်းဆိုင်ကို ဖုန်းဆက်ပြီး ပန်းခြင်းပေါ်က စာကိစ္စကို သူမကျေနပ်ကြောင်း ဒီလို အမှားမျိုး မဖြစ်သင့်ကြောင်း ပြောဆိုပါတယ်…  တစ်ဖက်က ဖုန်းလက်ခံပြောဆိုတဲ့ ပန်းဆိုင်ရှင်ကလည်း “ ခုကိစ္စအတွက် ကျွန်တော်တို့ဘက်ကလည်း အလွန်ကို စိတ်မကောင်းဖြစ်ရပါတယ်ဗျာ.. ဒီနေ့ ကျွန်တော်တို့ဆိုင်ဟာ အသုဘတစ်ခုကို ပန်းခြင်းပို့ဖို့လည်း လက်ခံထားမိပါတယ်. ဒါကြောင့် ပန်းခြင်းမှားပြီး ပို့လိုက်တာ ဖြစ်ပါလိမ့်မယ်.. ဒါပေမဲ့ ခုလို စိတ်ဆိုး ဒေါသဖြစ်နေမဲ့အစား ခင်ဗျားနဲ့ ပန်းခြင်း မှားသွားတဲ့ အသုဘရှင်တွေ ဘက်ကလည်း ပြန်စဉ်းစားသင့်ပါတယ်.. ခင်ဗျားကိုပို့မဲ့ပန်းခြင်းကို မှားပြီး သူတို့ လက်ခံရရှိခဲ့မယ်ဆိုရင် “ခင်ဗျားရဲ့ နေရာအသစ်အတွက် ၀မ်းမြောက်ဂုဏ်ယူပါတယ် ” ဆိုတဲ့ စာသားကြီးပါနေတဲ့ ပန်းခြင်းအတွက် သူတို့တွေ ဘယ်လိုများ နေမလဲဆိုတာ စဉ်းစားလိုက်မယ်ဆိုရင် ခု ခင်ဗျား ဖြစ်ရတဲ့ စိတ်ကသိကအောက်က အများကြီး တော်ဦးမှာပါဗျာ လို့ပြောလိုက်ပါတယ်..  ~~~~~~~~~~~~~~~~~~~~~~~~~~~~  ဟာသတွေ ရေးပါဦးလို့ တောင်းဆိုထားတဲ့သူတွေ ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်.. ပေါ့ပေါ့ပါးပါး ရွှင်ပြုံးနိုင်ကြပါစေရှင်။   ဟာသများကို http://www.ajokeaday.com/ မှ ရှာဖွေ ဘာသာပြန်ပါသည်။   Posted by ချော(အစိမ်းရောင်လွင်ပြင်) at Monday, December 06, 2010 20 comments Labels: ပျော်ပျော်ပါးပါး ဟာသများ Tuesday, August 17, 2010 ပေါ့ပေါ့ပါးပါး ပြုံးစရာ(၈) ပေါ့ပေါ့ပါးပါး ပြုံးစရာများ      ဥာဏ်များတဲ့ လယ်ပိုင်ရှင်  ~~~~~~~~~~~~~~~~~~~~~~     လယ်ယာမြေတွေ အများကြီးပိုင်တဲ့ လူတစ်ဦးရဲ့ မြေပိုင်နက်ထဲမှာ ရေကန်ကြီးတစ်ကန် ရှိပါတယ်… လယ်ပိုင်ရှင်ကြီးက အဲဒီရေကန်ကို သာယာလှပလာအောင် ပြုပြင်ဖို့ စိတ်ကူးရလာတဲ့အတွက် ရေကန်ဘေးဝန်းကျင်မှာ သစ်ပင်ပန်းမာန် လှလှပပတွေ စိုက်တယ်.. ရေကန်ကိုလည်း ရေကူးလိုသူတွေအတွက် အဆင်ပြေအောင် ပြင်ဆင်လိုက်ပါတယ်.. ပျော်ပွဲစား လာကြမဲ့သူတွေအတွက် စားပွဲတွေ ထိုင်ခုံတွေကို လုပ်ပေးထားပေးပြီး လူငယ်တွေအတွက် တင်းနစ်ကစားကွင်းတွေ၊ မြင်းစီးဝါသနာပါသူတွေအတွက် စီးဖို့မြင်းတွေ၊ မြင်းဇောင်းတွေ စသဖြင့် ပြည့်ပြည့်စုံစုံ လုပ်ထားတဲ့အခါမှာတော့ သူ့ရေကန်တစ်ဝိုက်ဟာ  ရေကူးကြသူတွေ၊ ပျော်ပွဲစားလာသူ၊ တင်းနစ်ရိုက်သူ၊ မြင်းစီးသူတွေနဲ့ စည်ကားနေပါတော့တယ်။     တစ်ရက်မှာတော့ လယ်ပိုင်ရှင်ကြီးဟာ ရေကန်တစ်လျှောက် လိုက်လံကြည့်ရှုရင်း တစ်နေရာအရောက်မှာ အုပ်စုလိုက် အော်ဟစ်ရယ်မောနေတဲ့အသံကို ကြားလိုက်ရတဲ့အတွက် အသံလာရာဆီကို အနားနား တိုးကပ်လို့ သွားကြည့်တဲ့အခါ ချောချောမောမော မိန်းမပျိုလေးတစ်စုဟာ ရေကူးဝတ်စုံလေးတွေနဲ့ ရေထဲမှာ ကူးခပ်ရင်း အော်ဟစ်နောက်ပြောင်နေတာကို တွေ့လိုက်ပါတယ်..  လယ်ပိုင်ရှင်ကြီးလဲ နေရာက မရွေ့ဘဲ အဲဒီမိန်းမပျိုလေးတွေကို ကြည့်နေတဲ့အခါ သူ့ကို တွေ့မြင်သွားတဲ့ မိန်းခလေးတွေက ရေနက်ရာဘက်ကို ကူးသွားကြပြီး “ဦးလေးကြီး .. ရှင် အဲဒီနေရာကနေ မထွက်သွားမချင်း ကျွန်မတို့ ရေကန်ပေါ် မတက်ဘူး.. ရပ်ကြည့်မနေနဲ့” လို့ လှမ်းပြောပါတယ်.. ဒီတော့ လယ်ပိုင်ရှင်ကြီးက “မင်းတို့ကို စောင့်ကြည့်နေတာ မဟုတ်ပါဘူးကွယ်.. ကျုပ်က ဒီကန်ထဲမှာ မွေးထားတဲ့ မိကျောင်းတွေကို အစာကျွေးနေတာပါ” လို့ ပြောလိုက်ပါတော့တယ်..     ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~   အမွေတစ်ဝက်  ~~~~~~~~~~~~~~~~     တစ်ခါက ညီအစ်ကို ၂ယောက်ဟာ စီးပွားရေးတစ်ခု စပ်တူလုပ်ကြပါတယ်.. ၂ယောက်လုံးဟာ ဥာဏ်ရည်ထက်မြက်ကြသူများ ဖြစ်ကြတော့ စီးပွားရေးလုပ်ငန်းလဲ ပိုပိုပြီး အောင်မြင်လာပါတယ်.. ဒါပေမဲ့ အစ်ကို ဖြစ်တဲ့သူဟာ ကင်ဆာရောဂါနဲ့ မကြာခင်မှာ သေရတော့မယ်မှန်းသိတော့ သူပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ညီဖြစ်သူကို မပေးခဲ့ချင်တာနဲ့ သူ့ညီကို ခေါ်ပြီး “ ငါသေရင် မင်းနဲ့ငါ လုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းက ငါရဲ့ ပိုင်ဆိုင်မှုတစ်ဝက်ကို ငါနဲ့အတူတူ ငါ့ကိုမြုပ်နှံမဲ့ အုတ်ဂူထဲထည့်ပေးပါ”  လို့ ကတိတောင်းပါတယ်.. ညီဖြစ်သူကလဲ “စိတ်ချပါ အစ်ကို … အစ်ကို့ဆန္ဒအတိုင်း ဖြစ်မြောက်အောင် လုပ်ပေးပါမယ်” လို့ ကတိပေးလိုက်ပါတယ်.. အစ်ကိုဖြစ်သူ ဆုံးသွားတော့ ညီက သူ့အစ်ကိုရဲ့ ပိုင်ဆိုင်မှုတန်ဖိုးအတိုင်း  ချက်လက်မှတ်တစ်စောင်ရေးပြီး အုတ်ဂူထဲကို ထည့်ပေးလိုက်ပါတယ်။  (တော်တော်ကတိတည်တဲ့ ညီ) :)    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~    ယောက်ျားဦးနှောက် ဘာကြောင့် ဈေးပိုကောင်း  ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~     ဆွေမျိုးတစ်စုဟာ သူတို့ရဲ့ သွေးနီးတဲ့အမျိုးတစ်ယောက် အပြင်းအထန် နာမကျန်းဖြစ်တာမို့ အရေးပေါ် ဆေးရုံတင်လိုက်ပြီး အခြေအနေကို သိလိုစိတ်ကြောင့် စိတ်လှုပ်ရှား ပူပင်စွာနဲ့ ဧည့်ခန်းမှာ စောင့်ဆိုင်းနေကြပါတယ်.. လူနာကို စမ်းသပ်စစ်ဆေးပြီး အခန်းပြင်ကို ထွက်လာတဲ့ ဆရာဝန်ဟာ သူတို့ကို စိတ်မကောင်းတဲ့ မျက်နှာနဲ့  “ကျွန်တော့မှာ ခင်ဗျားတို့အတွက် သတင်းဆိုးတစ်ခု ရှိပါတယ်… လူနာက အတော်ကို အခြေအနေဆိုးနေပါတယ်.. သူ့အတွက် နောက်ဆုံးမျှော်လင့်ချက်က ဦးနှောက်အစားထိုးကုသဖို့ဘဲ ရှိတော့တယ်… ဒီတော့ ခင်ဗျားတို့က လူနာရဲ့ ဦးနှောက်အစားထိုးဖို့အတွက် ကုန်ကျစရိတ်ကို ပေးချေရလိမ့်မယ်..”  လို့ ပြောလိုက်ပါတယ်.. ဆွေးမျိုးတစ်စုဟာ ရုတ်တရက် ငြိမ်ကျသွားပါတယ်.. ခနအကြာမှာတော့ တစ်စုံတစ်ယောက်က ဆရာဝန်ကို ပြန်မေးလိုက်ပါတယ်..    “ ဦးနှောက်အစားထိုးဖို့ ဘယ်လောက်ကုန်ကျပါမလဲ ဒေါက်တာ”    “ခင်ဗျားတို့လူနာအတွက် ယောက်ျားဦးနှောက်ကို အစားထိုးမယ်ဆိုရင် ဒေါ်လာ ၅၀၀၀ ကုန်ကျပါလိမ့်မယ်..  အဲ.. မိန်းမဦးနှောက်ကို အစားထိုးမယ်ဆိုရင်တော့ ဒေါ်လာ ၂၀၀ ဘဲ ကျပါလိမ့်မယ်..” လို့ ဆရာဝန်က ပြန်ဖြေပါတယ်.။    ဆရာဝန်စကားကို ကြားတဲ့အခါ ဆွေမျိုးစုထဲမှာ ရှိနေတဲ့ အမျိုးသမီးအုပ်စုက မကျေမနပ်ဖြစ်သွားကြပြီး ယောက်ျားတစ်သိုက်ကတော့ မပြုံးမိအောင် ထိန်းလိုက်ကြကာ မိန်းမအုပ်စုတွေနဲ့ မျက်လုံးချင်း မဆုံမိအောင် ကြိုးစားလိုက်ရပါသတဲ့..  သေချာတာကတော့ ယောက်ျားတွေက သူတို့ဦးနှောက်ဟာ မိန်းမတွေဦးနှောက်ထက် ဈေးပိုကြီးနေတဲ့ အတွက် ဂုဏ်ယူကျေနပ်တဲ့ စိတ်ကလေးတွေ ဖြစ်သွားကြတာပါဘဲ…  အုပ်စုထဲက အမျိုးသားတစ်ယောက်က သိချင်စိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ လူတိုင်းသိချင်နေတဲ့ မေးခွန်းကို ဆရာဝန်အား မေးလိုက်ပါတော့တယ်  “ ယောက်ျားဦးနှောက်က ဘာကြောင့် ဈေးပိုကြီးနေရတာလဲ ဒေါက်တာ ”    ဆရာဝန်က ဘာမှ မသိတဲ့ အပြုံးကလေးနဲ့ ပြန်ဖြေလိုက်တာက “ဒါကတော့ ဦးနှောက်ကို သုံးပြီးသားလား မသုံးသေးဘူးလား ဆိုတာနဲ့ တိုင်းတာစစ်ဆေးပြီး ဈေးသတ်မှတ်ထားတာပါ။ မိန်းမတွေရဲ့ ဦးနှောက်က အသုံးပြုပြီးသား ဖြစ်လို့ ဈေးသက်သာတာပါ.. ယောက်ျားတွေရဲ့ ဦးနှောက်ကတော့ အသစ်အတိုင်းဘဲ ရှိသေးတာမို့ ဈေးများနေတာပါ”  လို့ပြန်ဖြေလိုက်ပါတယ်.. :)   :)     ( မူရင်းအတိုင်း ဘာသာပြန်ထားတာနော်) :)   ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~   ရုပ်ဆိုးတဲ့ ကလေး  ~~~~~~~~~~~~~~~~~~~~~    အမျိုးသမီးတစ်ဦးဟာ သူမရဲ့ကလေးလေးကို ပွေ့ပြီး ဘတ်စ်ကားပေါ်တက်အလာမှာ ကားပေါ်အရောက်မှာတော့ ဘတ်စ်ကားမောင်းသူက ကလေးရဲ့ မျက်နှာကိုလည်း တွေ့လိုက်ရော “အိုး… ကလေးရုပ်ကလည်း ဆိုးလိုက်တာ” လို့ အသံထွက်ပြီး ပြောလိုက်မိပါတယ်..  သူ့ကလေးကို ရုပ်ဆိုးတယ် အပြောခံလိုက်ရတဲ့အတွက် အမျိုးသမီးဟာ အတော်လေးစိတ်ဆိုးသွားပါတယ်.. စိတ်တိုတိုနဲ့ ကားထဲကိုဆက်လျှောက်လာပြီး အဖိုးကြီးတစ်ဦးရဲ့ ဘေးနားက နေရာလွတ်မှာ ၀င်ထိုင်လိုက်တော့ သူမရဲ့ စိတ်တိုနေတဲ့ အမူအရာကိုကြည့်ပြီး အဖိုးကြီးက“ခင်ဗျား ဘာကြောင့် စိတ်တိုနေတာလဲ.. ဘယ်သူက ဘာလုပ်လိုက်လို့လဲ” လို့ မေးလိုက်ပါတယ်။    “ကားမောင်းတဲ့သူက ကျွန်မကို စော်ကားတဲ့စကား ပြောတယ်လေ”  လို့ အဲဒီမိန်းမက ပြန်ပြောလိုက်တော့  အဖိုးအိုက “ဟာ ဒီကားသမား အတော်ဆိုးတာဘဲ.. သူတို့လို လူအများနဲ့ ဆက်ဆံရတဲ့သူတွေက ကိုယ့်ရဲ့ ဖောက်သည်တွေကို လေးစားရမယ်ဆိုတာ နားမလည်ဘူးလား.. ဒီလိုလုပ်.. ခင်ဗျား သူရဲ့ ရင်ဘတ်မှာ ကပ်ထားတဲ့ နံမည်ကိုသွားမှတ်ခဲ့.. ပြီးတော့ သူတို့ရုံးချုပ်ကို တိုင်လိုက်”  လို့အကြံပေးပါတယ်။    “ဟုတ်တယ်.. တိုင်ရမယ် ” လို့ မိန်းမက ပြောလိုက်တော့  “ဒါဆို  ခင်ဗျား ထသွားပြီး သူရဲ့ နံမည် သွားမှတ်ခဲ့.. ကျုပ် ခင်ဗျားရဲ့ မျောက်ကလေးကို ထိန်းထားပေးမယ်” လို့ ပြောလိုက်ပါတယ်။    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~    ထီးသူခိုး  ~~~~~~~~~~~~~~~    လူတစ်ယောက်ဟာ သူ့ရဲ့ ပျက်နေတဲ့ထီး၇ လက်ကို တစ်ကြိမ်တည်း အပြီး ပြင်ဖို့ ဆိုင်ကို ယူလာပါတယ်.. ဆိုင်ရှင်ကို ညနေရုံးဆင်းချိန်မှာ အားလုံးကို လာယူမှာ ဖြစ်တဲ့အကြောင်းပြောပြီး ထီးကို ထားခဲ့ပါတယ်..  ရုံးကိုသွားဖို့ ဘတ်စ်ကားစီးချိန်မှာ သူ့ဘေးမှာ အမျိုးသမီးတစ်ယောက် လာထိုင်ပါတယ်.. ထီးအမြဲကိုင်နေကျ အဲဒီလူဟာ ကားပေါ်က ဆင်းတဲ့အချိန်မှာ အကျင့်ပါပြီး ထိုင်ခုံဘေးမှာ ချထားတဲ့ အမျိုးသမီးရဲ့ထီးကို ကောက်ကိုင်ပြီး ချိုင်းကြားမှာ ညှပ်လိုက်ပါတယ်.... သူ တစ်လှမ်းနှစ်လှမ်း လျှောက်ပြီးချိန်မှာ အမျိုးသမီးဟာ “ထီးသူခိုး၊ ထီးသူခိုး” ဆိုပြီး လှမ်းအော်ပါတော့တယ်.. ဒီတော့မှ သူများထီးကို ကိုင်လာမိမှန်း သတိဝင်လာတဲ့ အဲဒီလူက မနည်းတောင်းပန်ပြီး အမျိုးသမီးရဲ့ထီးကို ပြန်ထားလိုက်ကာ ရှက်ကိုးရှက်ကန်းနဲ့ ကားပေါ်က ပြေးဆင်းသွားရပါတယ်.။    ညနေစောင်း ရုံးဆင်းချိန်မှာ ထီးပြင်ဆိုင်မှာ ပြင်ထားတဲ့ ထီး ၇လက်ကို ချိုင်းကြားညှပ်ပြီး အိမ်ကိုပြန်လာတော့ မမျှော်လင့်ဘဲ မနက်က ကားပေါ်မှာ အတူတူထိုင်ခဲ့တဲ့ အမျိုးသမီးနဲ့ လမ်းမှာ ဆုံတွေ့ပါတော့တယ်.. အမျိုးသမီးက ထီး ၇ လက်နဲ့ သူ့ကို စေ့စေ့ကြည့်ပြီး “အော်.. ဒီနေ့အတွက် နေ့တွက်ကိုက်ခဲ့ပြီပေါ့ ” လို့ ပြောလိုက်ပါတော့တယ်။     ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~     သားသားတို့အတွက်လဲ ပေါ့ပေါ့ပါးပါး ရယ်စရာလေးတွေ တင်ပေးပါဦး ဆိုသူများ ကျေနပ်မယ် ထင်ပါတယ်.. ရယ်မောရင်း ဘ၀အမောများ ပြေပျောက်ကြပါစေရှင်။      ချော(အစိမ်းရောင်လွင်ပြင်)    A wise farmer, the male brain, Two Brothers, Rude Bus Driver and The Umbrella Thief  တို့ကို ဘာသာပြန် မျှဝေပါသည်။   Posted by ချော(အစိမ်းရောင်လွင်ပြင်) at Tuesday, August 17, 2010 31 comments Labels: ဆောင်းပါး, ပျော်ပျော်ပါးပါး ဟာသများ Sunday, July 18, 2010 ပေါ့ပေါ့ပါးပါး ပြုံးစရာ(၇)  ကျေးဇူးရှင်     ကောင်မလေးတစ်ယောက်ဟာ သူ့ရည်းစားဖြစ်သူ ကောင်ကလေးနဲ့ တွဲပြီး ကပွဲ သွားကြဖို့ထွက်လာကြရာ လမ်းတစ်ဝက်က သူ့အဖွားအိမ်ရှေ့အရောက်မှာ အဖွားဖြစ်သူနဲ့ သူ့ရည်းစားကောင်လေးကို မိတ်ဆက်ပေးဖို့ စိတ်ကူးရတာကြောင့် ကားကို ရပ်လိုက်ပါတယ်..     ပြီးတော့ ကောင်လေးနဲ့အတူ အိမ်ထဲကို ၀င်လာပြီး သူ့အဖွားနဲ့ ကောင်လေးကို မိတ်ဆက်ပေးပါတယ်.. အဖွားကလဲ စကားပြောကောင်းသူ၊ ဖော်ရွေသူဖြစ်တော့ ၃ယောက်သား စကားကောင်းနေကြတာ.. စကားပြောကြရင်း စားပွဲပေါ်တင်ထားတဲ့ မြေပဲလှော်ပန်းကန်ထဲက မြေပဲတွေကို ကောင်လေးက နှိုက်ယူစားတာ ကုန်သလောက် ရှိသွားပါပြီ.. စကားပြောပြီး တစ်နာရီလောက်ကြာတော့ သူတို့၂ယောက်ဟာ ပြန်တော့မယ်ဆိုပြီး အဖွားဖြစ်သူကို နှုတ်ဆက်ကြပါတယ်.. ကောင်လေးကလဲ အဖွားလုပ်သူကို ဖော်ရွေမှု၊ နွေးထွေးစွာ ကြိုဆိုဧည့်ခံမှု တို့အတွက် ကျေးဇူးတင်ကြောင်းပြောပါတယ်..     ဒီတော့ အဖွားဖြစ်သူက “ရပါတယ်ကွယ်.. မြေပဲတွေ လက်စသတ်ပေးလိုက်တဲ့ အတွက် မင်းကိုလဲ အဖွားက ကျေးဇူးတင်ပါတယ်.. အဖွား အံကပ်ပျောက်သွားကတည်းက မြေပဲအပေါ်က ချောကလက်တွေဘဲ စုပ်စားနေရတာ.. မြေပဲတွေကို ဒီတိုင်းထားရတာ နှမြောစရာ.. ခုမှဘဲ မြေပဲတွေ ကုန်သွားတော့တယ် ” လို့ ပြောလိုက်ပါတယ်..    ======================================================================================     ဘီလ် နဲ့မိုး     ဘီလ်နဲ့မိုးဟာ သိပ်ချစ်ခင်တဲ့ သူငယ်ချင်း၂ယောက်ဖြစ်ကြပါတယ်.. သူတို့၂ယောက်ပေါင်းပြီး စီးပွားရေးလုပ်ငန်း လုပ်ကြတဲ့အခါ ပထမပိုင်းတော့ အောင်မြင်လာကြပြီး ကုမ္ပဏီကြီးတစ်ခုကို ပိုင်ဆိုင်လာကြပါတယ်.. နောက်တော့ လုပ်ငန်းလဲကြီးလာရော တစ်ယောက်နဲ့တစ်ယောက် စည်းလုံးမှု မရှိတော့ဘဲ ကုမ္ပဏီကိုလဲ စိတ်ထင်တိုင်း လုပ်ကြတဲ့အတွက် တစ်ဖြေးဖြေး ကျဆင်းလာကာ နောက်ဆုံးတော့ ကုမ္ပဏီကြီးတစ်ခုလုံး ပျက်စီးသွားပြီး သူတို့၂ယောက်လဲ တစ်ယောက်ကို တစ်ယောက် အပြစ်တင်ကြပြီး မခေါ်မပြောနိုင်ဖြစ်ကာ ကွဲပြဲသွားကြပါတယ်.     ဒီလိုနဲ့ နောက် ၅နှစ်ကြာတဲ့အခါ ဘီလ်ဟာ စားသောက်ဆိုင်လေး တစ်ဆိုင်မှာ ညစာသွားစားပါတယ်.. ညစာစားသောက်ပြီးလို့ ကော်ဖီတစ်ခွက် သောက်နေချိန်မှာ တစ်ဖက်စားပွဲကို သန့်ရှင်းရေးလုပ်နေတဲ့ စားပွဲထိုးတစ်ယောက်ကို သတိထားလိုက်မိပြီး သေချာကြည့်မိတော့ သူ့သူငယ်ချင်း မိုး ဖြစ်နေတာကို တွေ့ရပါတယ်.    “မိုး.. ” သူက အံ့အားသင့်စွာနဲ့ လှမ်းခေါ်လိုက်ပါတယ်..“ အိုး ဆိုးဝါးလိုက်တာ.. မင်းကို ဒီလိုနေရာမျိုးမှာ တွေ့ရလိမ့်မယ်လို့ ဘယ်လိုမှ ထင်မထားမိဘူးကွာ .. မင်းက လုပ်စရာရှားလို့ ဒီလောက်ညံ့ဖျင်းတဲ့ စားသောက်ဆိုင်မှာမှ အလုပ်လုပ်ရသလားကွာ.. ”    “အင်း ဟုတ်ပါတယ်ကွာ.. ဒါပေမဲ့ အနည်းဆုံးတော့ ငါက ညံ့ဖျင်းလှတဲ့ ဒီစားသောက်ဆိုင်မျိုးမှာ ဘယ်တော့မှ  မစားဘူးကွာ” လို့ မိုးက ဘီလ်ကို ပြန်ပြောလိုက်ပါတယ်..    ======================================================================================     ဥာဏ်ကြီးရှင်     လူတစ်ယောက်ဟာ နယူးရောခ့်မြို့ရဲ့ နံမည်ကြီးဘဏ်တစ်ခုထဲကို ၀င်လာပြီး ဘဏ်မန်နေဂျာနဲ့ တွေ့ဆုံကာ သူဟာ တစ်ခြားနိုင်ငံကို နှစ်ပတ်ကြာ စီးပွားရေးကိစ္စနဲ့ ခရီးထွက်မှာမို့ ဒေါ်လာ ၅၀၀၀ ကို ဘဏ်ကနေ ချေးယူလိုကြောင်း ပြောပြပါတယ်.. ဒီတော့ ဘဏ်မန်နေဂျာက ဘဏ်ကနေ ငွေချေးဖို့ဆိုရင် တန်ဖိုးရှိတဲ့ အာမခံပစ္စည်း တစ်ခုခုထားဖို့ လိုတဲ့အကြောင်းပြောတော့ ငွေချေးသူက ဘဏ်ရှေ့မှာ သူ့ရိုးလ်ရွိုက်စ် ကားရပ်ထားကြောင်းနဲ့ အဲဒီကားကို အာမခံအဖြစ် ထားခဲ့မှာ ဖြစ်ကြောင်း ပြန်ပြောပြီး သူ့ကားသော့ကို မန်နေဂျာလက်ထဲ အပ်လိုက်ပါတယ်...     ဘဏ်က တာဝန်ရှိသူများအားလုံး ကားကို စစ်ဆေးပြီးနောက် ငွေချေးဖို့ သဘောတူလိုက်ကာ ထိုသူကို ဒေါ်လာ ၅၀၀၀ ထုတ်ချေးပေးလိုက်ပါတယ်. ထိုသူ ဘဏ်ကနေ ပြန်ထွက်သွားတော့ ဘဏ်လုံခြုံရေး တစ်ယောက်က ကားကို တက်မောင်းပြီး ဘဏ်ရဲ့ မြေအောက်ခန်းရှိ ကားဂိုဒေါင်ထဲကို ကားကို မောင်းသွင်းသွားလိုက်ပါတယ်..     နှစ်ပတ်ကြာပြီးနောက်မှာ ထိုငွေချေးသူဟာ ဘဏ်ကိုရောက်လာပြီး သူချေးယူထားတဲ့ ဒေါ်လာ ၅၀၀၀နဲ့အတူ အတိုး ကျသင့်ငွေ ၁၄.၄၁ ဒေါ်လာကိုပါ ပေးဆပ်ပါတယ်.. ဘဏ်မန်နေဂျာက ထိုသူကို “ကျွန်တော်တို့ ခင်ဗျားနဲ့ ခုလို အလုပ်လုပ်ရတာ အရမ်းဝမ်းသာဂုဏ်ယူပါတယ်. ဒါပေမဲ့ ကျွန်တော်တို့အတွက် ပဟေဠိဖြစ်စရာက ခင်ဗျားခရီးထွက်သွားပြီး ခင်ဗျားအကြောင်း စုံစမ်းကြည့်တော့ ခင်ဗျားဟာ ဒေါ်လာ သန်းပေါင်းများစွာ ချမ်းသာတဲ့ သူဌေးတစ်ဦးဖြစ်တယ်ဆိုတာ သိလိုက်ရပါတယ်.. ခင်ဗျားလို ချမ်းသာတဲ့ သူဌေးကြီးတစ်ယောက်က ဘဏ်ကနေ ဒေါ်လာ ၅၀၀၀ ချေးတယ်ဆိုတာ ကျွန်တော်တို့အတွက် တော်တော်ကို စဉ်းစားရခက်တဲ့ ပဟေဠိဖြစ်နေပါတယ်..”  လို့ပြောပါတယ်..     ဒီတော့ ထိုသူဌေး ပြန်ပြောလိုက်တာက “နယူးရောခ့်လို ကားပါကင်ခ ဈေးကြီးလွန်းတဲ့နေရာမှာ ၂ပတ်ကို ၁၅ဒေါ်လာလောက်နဲ့ ကားထားလို့ရတဲ့ နေရာ ဘယ်မှာများ ရှိလို့လဲဗျာ” တဲ့…    ======================================================================================     မြို့သား     တစ်ခါက တောရွာတစ်ရွာမှာရှိတဲ့ လယ်သမားကြီးတစ်ယောက်က  မြို့ကနေရောက်လာတဲ့ သူ့တူကို တောရွာမှာ ရှိတဲ့ ကြက်၊ ၀က်၊ နွား၊ မွေးမြူရေးလုပ်ငန်းတွေ လယ်ကွင်းတွေ၊ စတာတွေကို လိုက်ပြပါတယ်… ဒါတွေကိုဘဲ ကြည့်နေရတာ ၃ရက်လောက်ရောက်တော့ မြို့သားက ပျင်းလာပါတယ်.. ဒီတော့ ဦးလေးဖြစ်သူက မြို့သားသူ့တူ အပျင်းပြေအောင် ဘယ်လိုလုပ်ပေးရမလဲ စဉ်းစာပါတယ်..    နောက်ဆုံး အကြံတစ်ခု ရလာတာနဲ့ သူ့တူကို “ ငါ့တူ ဦးလေးဆီမှာ သေနတ်တစ်လက် ရှိတယ်.. အဲဒါယူပြီး သေနတ်ပစ် ထွက်ပါလားကွ.. အိမ်က ခွေးတစ်ကောင် ခေါ်သွား” လို့ ပြောလိုက်ပါတယ်..  ဦးလေးစကားကြားတော့ မြို့သားက ၀မ်းသာအားရဖြစ်သွားပြီး သေနတ်ကို ဆွဲကာ ခွေးတစ်ကောင်ခေါ်ပြီး ထွက်သွားပါတယ်..     တစ်နာရီလောက်အကြာမှာ မြို့သား ပြန်ရောက်လာတော့ ဦးလေးက “ ဘယ်လိုလဲငါ့တူ.. အပျင်းပြေရဲ့လား.. သေနတ်ပစ်ထွက်ရတာ ပျော်ရဲ့လား” လို့ မေးလိုက်ရာ မြို့သားက “ဟာ သိပ်ပျော်ဖို့ကောင်းတာဘဲ.. ကျွန်တော်တော့ သဘောကျတယ်..  ဦးလေးဆီမှာ နောက်ထပ် ခွေးဘယ်နှကောင် ကျန်သေးလဲ.. ကျွန်တော် နေ့တိုင်း သေနတ်ပစ် ထွက်မယ်ဗျ” လို့ ပြောလိုက်ပါတယ်..     ======================================================================================      On Second Thought , Bill and Moe , Parking in New York,  City Boy တို့ကို ဘာသာပြန် မျှဝေပါသည်။     ရယ်စရာလေးတွေ တင်ပေးပါဦးဆိုသူများ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်. ရယ်မောခြင်းဖြင့် ဘ၀အမောများ ပြေပျောက်ကြပါစေ..     ချော(အစိမ်းရောင်လွင်ပြင်)  Posted by ချော(အစိမ်းရောင်လွင်ပြင်) at Sunday, July 18, 2010 27 comments Labels: ပျော်ပျော်ပါးပါး ဟာသများ, နှစ်သက်မိသော စာစုများ Wednesday, April 14, 2010 ပေါ့ပေါ့ပါးပါး ပြုံးစရာ (၆)    မှတ်ဥာဏ်ကောင်းစေတဲ့ ကျောင်း  အသက်အရွယ်ကြီးကြီး စုံတွဲတစ်တွဲဟာ မှတ်ဥာဏ်စွမ်းအားတွေ ကျဆင်းကုန်တာနဲ့ မှတ်ဥာဏ်ကောင်းအောင် လေ့ကျင့်ပေးတဲ့ သင်တန်းကျောင်းတစ်ခုကို သွားရောက်ပြီး သင်တန်းတက်ကြပါတယ်..  သင်တန်းတက်လို့ ရက်အနည်းငယ်ကြာတဲ့အခါမှာ အဖိုးအိုဟာ အိမ်အပြင်ကိုထွက်ပြီး အိမ်နီးချင်းတစ်ဦးနဲ့ စကားစမြည်ပြောဆိုနေပါတယ်..   “ခင်ဗျားတို့ သင်တန်းဆရာရဲ့ နံမည်က ဘယ်သူလဲဗျ ” အိမ်နီးချင်းက မေးပါတယ်..  “အင်း နေဦး ကျုပ်စဉ်းစားပါရစေဦး.. ခင်ဗျားသိလား ပန်းတစ်မျိုးဗျာ.. အနံ့လေးက မွှေးတယ်.. တော်တော်လဲလှတယ်. ဒါပေမဲ့ သူ့ရိုးတံမှာ ဆူးတွေနဲ့လေဗျာ…”   အိမ်နီးချင်းက “နှင်းဆီပန်း လေဗျာ ” လို့ပြန်ဖြေတယ်..  “အား ဟုတ်တယ် နှင်းဆီ..”  လို့ ရေရွတ်ပြီး အိမ်ထဲကိုလှည့်ကာ “ ဟေ့ မနှင်းဆီ .. ငါတို့ သင်တန်းကျောင်းက ဆရာရဲ့ နံမည်က ဘယ်သူလဲကွ ” လို့ အိမ်ထဲက မိန်းမဖြစ်သူကို လှမ်းမေးလိုက်ပါတော့တယ်…  ( တော်တော် ဆိုးပါလား.. မိန်းမနံမည်တောင် ဒီလောက် ဆက်စပ် စဉ်းစားယူနေရတယ်.. ) :)  :)  ----------------------------------------------------------------------------------------------------- တော်လိုက်တဲ့ အမူးသမား  အရက်သမားတစ်ယောက်ဟာ ငိုယိုပြီး အရက်ဘားတစ်ခုထဲကို ၀င်လာပါတယ်.. လူတစ်ယောက်က သူ့ကို “ဘာဖြစ်လာတာလဲ ”လို့ လှမ်းမေးလိုက်တော့ “ကျွန်တော် ဆိုးဆိုးဝါးဝါးကိစ္စတစ်ခုကို လုပ်ခဲ့မိပြီဗျာ.. လွန်ခဲ့တဲ့ တစ်နာရီလောက်က ကျွန်တော့မိန်းမကို တောင်ပိုင်းကလာတဲ့ အရက်တစ်ပုလင်းနဲ့ ကျွန်တော် ရောင်းပစ်လိုက်မိတယ်” လို့ ငိုရှိုက်ရင်း ဖြေပါတယ်..  “ဟာ ဆိုးလိုက်တာ.. ဒါဆို အခု ခင်ဗျား နောင်တရနေပြီပေါ့.. ခင်ဗျားမိန်းမကို ပြန်လိုချင်နေပြီမဟုတ်လား ”ထိုလူက အရက်သမားကို ပြန်ပြောပါတယ်..  “ဟုတ်ပါတယ်ဗျာ”..  အရက်သမားကလည်း ငိုရင်းက ပြန်ဖြေပါတယ်..  “ခုတော့ ခင်ဗျား သူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ အခုချိန်ကျမှာ သဘောပေါက်ပြီမဟုတ်လား..  ခင်ဗျားသူ့ကို ခုထိ ချစ်နေသေးတယ်မဟုတ်လား ”  “မဟုတ်တာဗျာ.. ကျွန်တော် သူ့ကိုပြန်လိုချင်တာက ကျွန်တော်အခု အရက်သိပ်သောက်ချင်နေပြီဗျ..”  (ဒီလိုလူတော့ ဝေးဝေးက ရှောင်မည်)  :)  :)  ------------------------------------------------------------------------------------------------------------ ကုလားအုတ် အကောင်တစ်ရာ  အမေရိက ကနေ အစ္စရေးကို အလည်ရောက်နေတဲ့ မောရစ်စ် နဲ့ သူ့ဇနီးဟာ လက်ဆောင်ပစ္စည်း အရောင်းဆိုင် ရှေ့မှာ ထိုင်ရင်း အတူလာတဲ့ အခြားခရီးသည်တွေ ရောက်အလာကို စောင့်ဆိုင်းနေပါတယ်..  ဒီအချိန်မှာ အာရပ် အရောင်းသမားတစ်ဦးဟာ ရောင်းချစရာ ပစ္စည်းတစ်ချို့တစ်လေကို သယ်ပိုးပြီး သူတို့၂ယောက်ဆီ ရောက်လာကာ သူ့ထံက ပစ္စည်းတွေကို ၀ယ်ယူဖို့ ပြောဆိုရောင်းချပါတယ်.. သို့သော်လည်း ပစ္စည်းတစ်ခုတစ်လေကိုမှ မောရစ်စ်တို့က မ၀ယ်ယူပါဘူးတဲ့.. ဒီတော့ အာရပ်က မောရစ်စ်ကို “ ဘယ်က လာသလဲ ”လို့ မေးပါတယ်..  အမေရိက လို့ မောရစ်က ပြန်ဖြေတော့ ဆံပင်အနက်ရောင်၊ သံလွင်သီးရောင် အသားအရေရှိတဲ့ မောရစ်စ်ရဲ့ ဇနီးကိုကြည့်ပြီး  “သူကတော့ အမေရိက ကမဟုတ်ဘူးထင်တယ်” .. လို့ မေးပြန်ပါတယ်..   သူ့ဇနီးဖြစ်သူက “ဟုတ်ကဲ့ ကျွန်မ အမေရိက က မဟုတ်ပါဘူး” လို့ ဖြေပါတယ်..   “ဒါက ခင်ဗျားယောက်ျားလား” လို့ မောရစ်ဘက်ကို လက်ညိုးညွှန်လိုက်ကာ မေးပြန်ပါတယ်..   ဒီတော့ အမျိုးသမီးက “ဟုတ်တယ် ကျွန်မယောက်ျားပါ”လို့ ဖြေပါတယ်..  အာရပ်က မောရစ်စ်ဘက် လှည့်လိုက်ပြီး “ခင်ဗျား သူ့ကိုရောင်းမယ်ဆိုရင် ကျွန်တော် သူ့အတွက် ကုလားအုတ်အကောင်တစ်ရာ ပေးချေပါ့မယ်.. ” လို့ပြောလိုက်ပါတယ်. ဒီတော့ မောရစ်ဟာ အချိန်တော်တော်ကြာ စဉ်းစားနေပြီးမှ “ သူက ရောင်းဖို့မဟုတ်ပါဘူး ” လို့ ပြန်ပြောလိုက်ပါတယ်။  မောရစ်စ်စကားကြားတော့ အာရပ်လည်း လှည့်ထွက်သွားပါတယ်.. ဒီမှာတင်  မောရစ်စ်ရဲ့ မိန်းမက ဒေါသဖြစ်ဖြစ်နဲ့ “ရှင် ဒီအဖြေပေးဖို့ ဘာကြောင့် ဒီလောက်စဉ်းစားနေတာလဲ” လို့မေးလိုက်ပါတယ်..  ဒီတော့ မောရစ်စ်က “အား ငါက ဒီကုလားအုတ် အကောင်တစ်ရာကို သယ်ပြီး ဘယ်လိုအိမ်ပြန်မလဲလို့ စဉ်းစားနေလို့ပါ ” တဲ့။  (ဆိုးပါ့)  ---------------------------------------------------------------------------------------------------------  မင်္ဂလာ နှစ်ပတ်လည် လက်ဆောင်  မင်္ဂလာနှစ်ပတ်လည် အနှစ်၃၀ပြည့် နီးကပ်လာချိန်မှာ နှစ်၃၀ပြည့် အထိမ်းအမှတ်အတွက် ဘာလက်ဆောင် လိုချင်သလဲလို့ ယောက်ျားဖြစ်သူက သူ့မိန်းမကို မေးပါတယ်..  ယောက်ျား။                  ။  မိန်းမရေ.. အင်္ကျီကောင်းကောင်း လှလှလေးတွေ လိုချင်သလား  မိန်းမ       ။                  ။ တော်ပါပြီ.. မလိုချင်ပါဘူး  ယောက်ျား။                  ။ ဒါဆို ကားအသစ်တစ်စီး ယူမလား  မိန်းမ      ။                  ။ ဟင့်အင်း.. မယူတော့ပါဘူး  ယောက်ျား။                  ။ ဒါဆို အိမ်အသစ်လှလှလေး တစ်လုံးလား  မိန်းမ       ။                 ။ ဟင့်အင်း  ယောက်ျား။                 ။ ဒါဆို မင်းဘဲပြော… နှစ်ပတ်လည် လက်ဆောင် ဘာယူမလဲဆိုတာ  မိန်းမ ။                         ။ ကျွန်မ ရှင်နဲ့ ကွာရှင်းချင်တယ်….  ယောက်ျား။                   ။ အိုး.. ဆောရီး အချစ်ရေ.. ကိုယ် ဒီလောက်ငွေကုန်ကြေးကျများမဲ့ ကိစ္စအတွက် အစီအစဉ် မလုပ်ရသေးဘူး။  (ဟုတ်တာပေါ့.. ကွာရှင်းရင် မိန်းမဖြစ်သူကို ယောက်ျားက ပိုင်ဆိုင်သမျှရဲ့ တစ်ဝက်ကို ခွဲပေးရမှကိုး)  :)  :)  ------------------------------------------------------------------------------------------------------------  အားလုံးဘဲ ပျော်ရွှင်ကြပါစေရှင်.. ချော(အစိမ်းရောင်လွင်ပြင်) Posted by ချော(အစိမ်းရောင်လွင်ပြင်) at Wednesday, April 14, 2010 12 comments Labels: ပျော်ပျော်ပါးပါး ဟာသများ Saturday, April 10, 2010 လှအိုးကွဲ    Photo from Here    ပြောရဦးမယ်ဗျာ ကျွန်တော်တို့ရွာက ကောင်မလေး တစ်ယောက်အကြောင်း…..  သူ့နံမည်က လှအုန်းမယ် တဲ့.. ကျွန်တော်တို့ရွာမှာတော့ သိပ်ချောတဲ့ ကောင်မလေးပေါ့ဗျာ..  ကွမ်းတောင်ကိုင်လေး ဆိုပါတော့..  ရွာက ကာလသားတွေများ သည်းသည်းကိုလှုပ်လို့.. အင်း ကျွန်တော်လည်းပါသလား ဆိုတော့ ဟဲဟဲ ဒါတော့ ဘယ်ပြောလို့ဖြစ်မလဲ..ပါတာပေါ့ဗျ.. ဘယ်နေလိမ့်မတုန်း.. ဒါနဲ့ လှအုန်းမယ်လေးက ဘယ်သူနဲ့တူသလဲဆိုတော့ ရွာက ဗွီဒီယိုရုံမှာ ခနခန ပြတတ်တဲ့ ဟို ရုပ်ရှင်မင်းသမီးလေ.. ဘယ်သူပါလိမ့်.. နံမည်က ခပ်မေ့မေ့..  အော် သိပြီ.. ခိုင်သင်းကြည်ရယ်လေဗျာ .. ဟုတ်တယ် လှအုန်းမယ်က ခိုင်သင်းကြည်နဲ့ တူတယ်ဗျ.. နောက်တူတာတစ်ခုက ဇာတ်ကားတွေမှာ ခိုင်သင်းကြည်က သိပ်စွာတယ်.. လှအုန်းမယ်ကလဲ အပြင်မှာ စွာကျယ်မ.. ဆတ်ဆတ်ကြဲ.. ရွာက ကာလသားတွေ သူ့ကို ကြိုက်ပေမဲ့ သူ့ပါးစပ်ကိုလန့်တယ် ဘယ်သူကမှ အနား မကပ်ရဲဘူး..  လှအုန်းမယ်ကလည်း သူ့ကိုယ်သူ ခိုင်သင်းကြည်နဲ့တူတယ် ဆိုတာသိတော့ ဘ၀င်က မြှင့်တယ်ဗျ.. သူနဲ့ တူတယ် တန်တယ်ဆိုတဲ့သူ ရွာမှာ မရှိတော့ဘူးမှတ်တာ..  ဒီလိုနဲ့ ရွာမှာ စုပေါင်းရှင်ပြုပွဲ ရှိတယ်ဆိုပါတော့ဗျာ.. စုပေါင်းရှင်ပြုပွဲဆိုတဲ့အတိုင်း ရှင်လောင်းပေါင်းများစွာ စုပေါင်းပြီး ပြုကြမှာဆိုတော့ ခြိမ့်ခြိမ့်သည်းပေါ့.. ဇာတ်တောင်မှ နံမည်ကြီး ဖိုးချစ်ဇာတ်ကို ငှားတာ… တစ်ရွာလုံးလဲ တက်တက်ကြွကြွ၊ ကာလသားတွေကလဲ ရှင်ပြုမဏ္ဍပ်တွေဆောက်၊ ရွာလူကြီးတွေကလဲ အလှူအတွက် လိုအပ်တာတွေ မြို့ကို ဈေးဝယ်ထွက်ကြ၊ အပျိုအုပ်စုကလဲ အလှူမှာ ချက်ပြုတ်ကျွေးမွေးမဲ့ အသင်းတွေ ဖွဲ့ကြ တာဝန်တွေ ခွဲကြနဲ့ တစ်ရွာလုံး ဘယ်သူမှ မကျန်ပါဘူး.. အလှူအတွက် ၀ိုင်းဝန်းနေကြတာ.. ကျွန်တော်တို့ ရွာမှာ ထုံးစံက အလှူလှည့်တဲ့နေ့မှာ အချောဆုံး အပျို ၂၄ယောက်ကို ပရိတ်အိုး ကိုင်ခိုင်းရတယ်.. ပရိတ်အိုးတစ်လုံးစီမှာ ဟေတုပစ္စယော၊ အရမဏပစ္စယော စသဖြင့် ၂၄ ပစ္စယောကို တစ်အိုးတစ်လုံးစီ ရေးထားတယ်ဗျာ... ၂၄ပစ္စယောဆိုတော့ အိုး၂၄လုံးပေါ့.. အိုးထဲမှာ ချည်လုံးတစ်လုံးရယ် သပြေခက်၊ အုန်းရွက်၊ ဒန်းရွက် စတာတွေ ပါတယ်.. အဲလို အလှူလှည့်တဲ့နေ့မှာ ပရိတ်အိုးကိုင် ရှေ့ဆုံးကောင်မလေးက လှအုန်းမယ်ပေါ့ဗျာ... သူက အချောဆုံးဆိုတော့ ရှေ့ဆုံးပေါ့…  လှအုန်းမယ်က ဒီတစ်ခေါက် ထူးထူးခြားခြား ဒေါက်မြှင့်ဖိနပ်လေးနဲ့ဗျ.. သိပ်မကြာခင်က ဗွီဒီယိုတစ်ကားမှာ ခိုင်သင်းကြည် စီးသွားတဲ့ ဖိနပ်ဆိုလား..  အလှူအတွက် မြို့တက်ပြီး ဈေးသွားဝယ်တဲ့ အဖွဲ့ကို မှာလိုက်တာလို့ ကြားမိတယ်..  ဒေါက်ဖိနပ်နဲ့ဆိုတော့ ကြည့်ရတာ ပိုတောင်လှနေတယ်လို့ ထင်မိသေး.. ဒါပေမဲ့ ခက်တာက ဒေါက်ဖိနပ်ကို သူက စီးကျင့်မရှိဘူး.. ပြီးတော့ ကျွန်တော်တို့ရွာက လမ်းတွေကလဲ မြို့မှာလို ကတ္တရာလို့ခေါ်တဲ့ မဲမဲကြီးတွေ ခင်းထားတဲ့လမ်းတွေမဟုတ်ဘူးဗျာ.. မြေလမ်းကြမ်းကြမ်းပေါ်မှာ ကျောက်ခဲနဲ့ သလဲတွေနဲ့.. စီးကျင့်မရှိတဲ့ ဒေါက်ဖိနပ်နဲ့ ကျောက်ခဲတွေရှိနေတဲ့ မြေလမ်းခပ်ကြမ်းကြမ်းနဲ့ ဆိုတော့ သူလမ်းလျှောက်တာက ဟိုဘက်ယိုင်လိုက် ဒီဘက်ယိုင်လိုက်နဲ့.. ကြည့်ရတာ ဘယ်လိုမှ အဆင်မပြေပါဘူးဗျာ. အလှူလှည့်တာကို ၀ိုင်းကြည့်နေတဲ့ ရွာသူရွာသားတွေ ကလည်း လှအုန်းမယ်အဖြစ်ကို ကြည့်ပြီး ပြုံးစိစိနဲ့ပေါ့.. ဒါပေမဲ့ ဘယ်သူကမှတော့ အသံထွက်အောင် မရယ်ရဲဘူး.. သူ့ပါးစပ်ကို ကြောက်ကြတယ်လေ..  ဒီလိုနဲ့ ရွာလည်ပိုင်း လူစည်ကားတဲ့နေရာရောက်လာလေ လှအုန်းမယ်ရဲ့ဒေါက်ဖိနပ်က အခြေအနေ ဆိုးလေ.. ကြည့်ရတာ တစ်ခါမှ မစီးဖူးလို့ လမ်းလျှောက်ခက်တာအပြင် ဖိနပ်ပေါက်တဲ့ ဒဏ်ပါ ခံရပြီထင်ပါရဲ့.. ယိုင်နဲ့နဲ့ လျှောက်နေရာကနေ လူပေါင်းများစွာကလဲ ၀ိုင်းကြည့်နေတော့ ရှက်ကိုးရှက်ကန်းပေါ့.. ဒီချိန်မှာဘဲ လမ်းပေါ်မှာ ပြန့်ကြဲနေတဲ့ ကျောက်စရစ်ခဲလေးတစ်တုံးကို နင်းမိပြီးသကာလ လှအုန်းမယ်ရဲ့ ခြေထောက်က ခေါက်ခနဲဖြစ်ပြီး မြေကြီးပေါ် ခြေချော်ပြီး လဲကျသွားပါတော့တယ်… လဲကျသွားတော့ လှအုန်းမယ် လက်နဲ့ပိုက်ထားတဲ့ ပရိတ်အိုးက မြေပြင်ပေါ် ပြုတ်ကျပြီး ခွမ်းခနဲဆို နှစ်ခြမ်း ကွဲပါလေရော.. နဂိုက သူလှမ်းလျှောက်ပုံကို ကြည့်ပြီး ပြုံးစိစိဖြစ်နေကြတဲ့ ရွာလူထုနဲ့ အလှူလှည့်ရာမှာ ပါဝင်ကြတဲ့သူ အားလုံးဟာ ဘယ်လိုမှ အိနြေ္ဒမဆည်နိုင်တော့ဘဲ  မပြုံးဘဲ ၀ါးလုံးကွဲ ၀ိုင်းရယ်ကြပါတော့တယ်.. ဒီမှာတင် လှအုန်းမယ်လေး ချော်လဲတော့ သူ့ကို ကြိုက်နေတဲ့ ရွာက ကာလသား ကိုလူအေးက မနှေးကလေး အပြေးသွားပြီး သွားဆွဲထူရာမှာ ရှက်စိတ်လဲမွန်၊ ဒေါသတွေလဲ ဝေနေတဲ့ လှအုန်းမယ်က ရှက်ရှက်နဲ့ လုပ်မိလုပ်ရာ လုပ်လိုက်တာက လာဆွဲထူတဲ့ ကိုလူအေးကို သူ့ရှေ့က အိုးခြမ်းကွဲနဲ့ ကောက်ထုလိုက်တာမှာ ကိုလူအေး ခေါင်းကွဲပါလေရော… လှအုန်းမယ်ရဲ့ ဒေါသကို ထည့်မတွက်မိဘဲ  စေတနာပိုမိတဲ့ ကိုလူအေးရဲ့အဖြစ်က ထိပ်ပေါက်ခေါင်းကွဲ ဖြစ်ရရှာပါတယ်.. စေတနာဆိုတာလည်း အခြေအနေနဲ့ အချိန်အခါကို ကြည့်ပြီး ထားတတ်ဖို့လဲ လိုသေးတာကိုးဗျ...   အဖြစ်ကတော့ အဲဒီလိုပါဘဲဗျာ.. ကျွန်တော်တို့ ရွာအလှူအကြောင်းပြောတိုင်း လှအုန်းမယ်နဲ့ ကိုလူအေးရဲ့ အကြောင်းက မပါမပြီးပေါ့.. စေတနာကောင်းလို့ ခေါင်းကွဲသွားတဲ့ ကိုလူအေးကို အကြောင်းပြုပြီး တစ်ယောက်ယောက်ကို စေတနာပိုနေရင် “ သတိထား ကိုလူအေးလို ဖြစ်မယ်နော် ” လို့ ရွာမှာ ပြောစမှတ် ပြုကြသလို အလှူမှာ လှချင်လွန်းအားကြီးလွန်းလို့ မတန်မရာ ဒေါက်ဖိနပ်စီးပြီး ချော်လဲကာ ပရိတ်အိုး ကျကွဲတဲ့ လှအုန်းမယ်ကို အဲဒီနေ့ကစလို့ တစ်ရွာလုံးက လှအိုးကွဲ  ရယ်လို့ နံမည်ပေးလိုက်ကြတယ်ဗျာ.. လှတပတ ချောချောမောမော ရွာရဲ့ကွမ်းတောင်ကိုင်ကလေးဟာ ဒေါက်မြှင့်ဖိနပ်ကို အကျင့်မရှိဘဲ စီးမိတဲ့ အတွက် လူပုံလယ်မှာ  အရှက်ကွဲရသလို၊ နံမည်ရင်းပျောက်ပြီး လှအိုးကွဲ လို့ အမည်တွင်သွား ရတာသာ ကြည့်တော့ဗျာ.. တစ်ခုခုဆို ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ် တန်မတန်၊ သင့်မသင့်လဲ ကြည့်ဖို့လိုသေးတာကိုးဗျ..  -----------------------------------------------------------------------------------------------------------//  ပြုံးပြုံးရယ်ရယ် ဖတ်ဖို့ပါ.... အားလုံးဘဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်...  ချော(အစိမ်းရောင်လွင်ပြင်)   Posted by ချော(အစိမ်းရောင်လွင်ပြင်) at Saturday, April 10, 2010 20 comments Labels: ပျော်ပျော်ပါးပါး ဟာသများ Sunday, March 28, 2010 ပေါ့ပေါ့ပါးပါး ပြုံးစရာ(၅)         ဓာတ်ပုံဆရာ     နေရှင်နယ်မဂ္ဂဇင်းတစ်ခုမှ ဓာတ်ပုံဆရာတစ်ယောက်ဟာ တောမီးလောင်ကျွမ်းမှုတစ်ခုကို ဓာတ်ပုံရိုက်ကူးပေးဖို့ စေခိုင်းခြင်း ခံရပါတယ်.. ပြီးတော့လဲ လောင်ကျွမ်းနေတဲ့ တောမီးအပေါ်ကို လေယာဉ်တစ်စီးနဲ့ လိုက်ပါ ပျံသန်းပြီး  ဓာတ်ပုံကို ရိုက်ကူးလာဖို့ ညွှန်ကြားခြင်းခံရပါတယ်…     နေမ၀င်ခင် ၁နာရီလောက်အလိုမှာ ဓာတ်ပုံဆရာဟာ တောမီးလောင်ကျွမ်းနေတဲ့ အနီးက  လေယာဉ်အဆင်းအတက် လုပ်နိုင်တဲ့ ကွင်းတစ်ခုကို ရောက်ရှိသွားပါတယ်.. ကံကောင်းတာက လေယာဉ်လေးတစ်စီးဟာ ပျံတက်ဖို့ အဆင်သင့် အနေအထားနဲ့ စောင့်ဆိုင်းနေတာကို တွေ့လိုက်ရတော့ ဓာတ်ပုံဆရာလဲ ၀မ်းသာအားရ လေယာဉ်ထဲကို တက်လိုက်ပြီး လေယာဉ်မောင်းသူကို သွားကြစို့လို့ ပြောလိုက်ပါတယ်.. လေယာဉ်မောင်းသူလဲ လေယာဉ်ကို လေထဲရောက်အောင် ပျံတက်လိုက်ပါတယ်.. လေထဲရောက်ချိန်မှာ ဓာတ်ပုံဆရာက တောမီးနဲ့ အနီးဆုံးနေရာကနေ ခပ်နိမ့်နိမ့်နဲ့ အကြိမ်များများ ပျံပေးပါလို့ လေယာဉ်မောင်းသူကို ပြောလိုက်ပါတယ်..      “ဘာဖြစ်လို့လဲဗျ ” လေယာဉ်မောင်းသူက ပြန်မေးလိုက်ပါတယ်။     “အာ ကျွန်တော်က ဓာတ်ပုံရိုက်ရမယ်လေ… ဓာတ်ပုံဆရာပါဆို ဓာတ်ပုံရိုက်မှာပေါ့ဗျ ” လို့ ပြန်ပြောလိုက်ပါတယ်..     “ဘာဗျ..  ဒါဆို ခင်ဗျားက ဒီလေယာဉ်ရဲ့ ပျံသန်းမှုကို ကြီးကြပ် ညွှန်ကြားမဲ့သူ မဟုတ်ဘူးပေါ့.. ကျုပ်က သူ့ကိုစောင့်နေတာဗျ..”        -----------------------------------------------------------------------------------------------------------------------------------      အင်တာဗျူး     မိန်းခလေးတစ်ယောက်က ကုမ္ပဏီတစ်ခုမှာ အလုပ်သွားလျှောက်ပါတယ်.. ကုမ္ပဏီပိုင်ရှင်က သူမကို အင်တာဗျူးလုပ်ပြီး  မေးခွန်းတွေ မေးလိုက်ပါတယ်..     သူဌေး။                   ။ မင်းမှာ ရည်းစားရှိသလား     မိန်းခလေး။              ။ ဟုတ်ကဲ့..   ရှိပါတယ်..     သူဌေး။                   ။ သူက ဒီနိုင်ငံတွင်းမှာဘဲ အလုပ်လုပ်သလား     မိန်းခလေး။              ။ မဟုတ်ပါဘူးရှင်.. ကျွန်မရည်းစားက နိုင်ငံခြားမှာ အလုပ်လုပ်တာပါ..     သူဌေး။                   ။ ကောင်းပြီ. ဒါဆိုရင် ကုမ္ပဏီက မင်းကို အလုပ်မခန့်နိုင်ပါဘူး     မိန်းခလေး။              ။ ဘာဖြစ်လို့လဲရှင်     သူဌေး။                   ။ မင်းကြောင့် နိုင်ငံခြားဖုန်းခေါ်ဆိုမှုအတွက် ငွေကုန်ကြေးကျ များမဲ့ အခြေအနေကို ကုမ္ပဏီက ခွင့်မပြုနိုင်ပါဘူး..        (မိန်းခလေးများ အလုပ်အင်တာဗျူး ဖြေတဲ့ခါ  နိုင်ငံခြားမှာ ရည်းစားရှိနေရင် ယောင်လို့တောင် မပြောမိစေနဲ့နော်) :)  :)     ------------------------------------------------------------------------------------------------------------------------------     အကြွေးများ     အက်ဘီ နဲ့ အက်စသာ တို့ဟာ နှစ်၄၀ပြည့် မင်္ဂလာနှစ်ပတ်လည် ဟန်းနီးမွန်း ၂ပတ် ခရီးအတွက် သြစတြေးလျှကို လေယာဉ်နဲ့ ထွက်ခွာလာပါတယ်..  ပျံသန်းလာပြီး လေယာဉ် ခရီးတစ်ဝက်မှာ လေယာဉ်မှူးထံမှ ကြေငြာချက်တစ်ခု ထွက်ပေါ်လာပါတယ်.. “အမျိုးကောင်းသမီးများနဲ့  အမျိုးကောင်းသားများ ခင်ဗျာ. ကျွန်တော့မှာ သတင်းဆိုးတစ်ခု ကြော်ငြာဖို့ရှိပါတယ်.. ကျွန်တော်တို့လေယာဉ်ဟာ အင်ဂျင်စက် ချို့ယွင်းသွားတဲ့အတွက် အရေးပေါ် ဆင်းသက်ရပါလိမ့်မယ်..  ကံကောင်းစွာဘဲ ကျွန်တော်တို့ အောက်တည့်တည့်မှာ ကျွန်းကလေးတစ်ကျွန်းကို တွေ့ရပါတယ်.ဒါကြောင့် အဲဒီကျွန်းကို အရေးပေါ် ဆင်းသက်ပါမယ်.. ကျွန်တော်တို့ရဲ့ ဆက်သွယ်ရေးစံနစ်လဲ ပျက်စီးသွားပြီ ဖြစ်တဲ့အတွက် ဒီကျွန်းပေါ်ကို ဘယ်လိုကယ်ဆယ်ရေးမှ ရောက်လာနိုင်စရာမရှိပါဘူး.. ဒါကြောင့် ကျွန်တော်တို့ဟာ ဒီကျွန်းပေါ်မှာဘဲ တစ်သက်လုံး နေထိုင်သွားရဖို့ ရှိပါတယ်…”     လေယာဉ်မှူးရဲ့ ကျွမ်းကျင်မှုကြောင့် လေယာဉ်ဟာ ချောချောမွေ့မွေ့ဘဲ ကျွန်းပေါ်ကို ဆင်းသက်နိုင်ခဲ့ပါတယ်.. ကျွန်းပေါ်ရောက်တဲ့အခါ အက်ဘီဟာ သူ့မိန်းမ အက်စ်သာကို မေးလိုက်ပါတယ်..     “အက်စ်သာ ငါတို့ပေးစရာရှိတဲ့ ရှေ့နေခ ဒေါ်လာ၅၀၀၀ ပေးပြီးခဲ့ပြီလား.. ”     “ဟင့်အင်း  မပေးရသေးဘူး”     “ဘဏ်မှာ ပေးဖို့ရှိတဲ့ ဘဏ်ကြွေး ဒေါ်လာ ၂၅၀၀၀ ရော ပေးဖို့ သတိရခဲ့ရလား”     “အိုး.. ကျွန်မ မေ့သွားခဲ့တယ်.. မပေးခဲ့ရဘူး. ”     “ငါတို့အကြွေးနဲ့ ၀ယ်ထားတဲ့ အိမ်နဲ့ ကားအတွက်လဲ ဒီလ ငွေ ပေးသွင်းခဲ့ပြီလား”     “အိုး ကျွန်မတောင်းပန်ပါတယ်..  အဲဒါလည်း မပေးခဲ့ရသေးဘူး”     အက်စ်သာရဲ့ စကားအဆုံးမှာ အက်ဘီဟာ အက်စ်သာကို ပွေ့ဖက်လိုက်ပြီး ၀မ်းသာအားရ အနမ်းခြွေလိုက်ပါတယ်..     အက်စ်သာက အထိတ်တလန့် မေးလိုက်ပါတယ်.. “ဘယ်လိုဖြစ်တာလဲ ရှင် ရူးနေပြီလား”     “ငါတို့ ပူစရာမလိုတော့ဘူး အကြွေးရှင်တွေ ငါတို့ကို လိုက်ရှာကြလိမ့်မယ် ” တဲ့…        (ဒီတော့ အကြွေးများများ တင်ထားတာ ပိုကောင်းတယ်နော်)  :)  :)     ------------------------------------------------------------------------------------------------------------------------------------     အပြစ်     ကောင်လေးနဲ့ သူ့အဖေဖြစ်သူတို့ဟာ အိမ်ရှေ့ကွပ်လပ်မှာ ဘောလုံးကစားနေကြပါတယ်.. ပျားတစ်ကောင် ပျံနေတာကို မြင်လိုက်တဲ့ကောင်လေးဟာ ပျားကို ကျောက်ခဲတွေ တုတ်တွေနဲ့ ကောက်ပေါက်ပြီး လိုက်လံ မောင်းထုတ်ပါတယ်..     သူ့အဖေက “ သား ဒီလိုမလုပ်နဲ့လေ .. ဒါက ပျားရည် ထုတ်ပေးတဲ့ပျားလေ.... ဒီပျားက သားကို ဘာမှ လုပ်တာမဟုတ်ဘူး...  နောက်ကို ဒီလိုမလုပ်ရဘူး.. အခု ပျားကို လုပ်တဲ့ အပြစ်အတွက် သား တစ်ပတ်တိတိ ပျားရည်မစားဘဲ နေရမယ်.. ”     မကြာခင်မှာဘဲ ကောင်လေးဟာ လိပ်ပြာလေးတစ်ကောင်ကို တွေ့ပြန်ရော။ ဒါနဲ့ လိပ်ပြာလေးကို ကျောက်ခဲတွေ တုတ်တွေနဲ့ ပေါက်ပြီး လိုက်လံ မောင်းထုတ်ပြန်ပါတယ်..     ကောင်လေးအဖေက “သား....  လိပ်ပြာဆိုတာ သားကို ဘာမှ လုပ်တာမဟုတ်ဘူး.. ဘာလို့ဒီလို လုပ်ရတာလဲ… ဒီအပြစ်အတွက် သား တစ်ပတ်တိတိ ထောပတ်မစားရဘူး ”     နောက်နေ့မနက်မှာတော့ ထောပတ်လဲမစား ပျားရည်ကိုလဲ မတို့မထိဘဲ ပေါင်မုန့် အလွတ်ကိုသာ ကောင်လေးက စားနေပါတယ်.. အဲဒီချိန်မှာ ဘီဒို တစ်ခုအောက်က ပိုးဟပ်တစ်ကောင် ထွက်လာတာနဲ့ ကောင်လေးရဲ့ မိခင်ဖြစ်သူက တုတ်နဲ့ ခြောက်ပြီး မောင်းထုတ်ပါတယ်.. အဲဒီတော့ ကောင်လေးက သူ့အဖေကိုပြောလိုက်ပါတယ်..     “အဖေ ဒီကိစ္စ အပြစ်ရှိကြောင်း အမေ့ကို အဖေပြောမလား.. သားဘဲ ပြောလိုက်ရမလား ” တဲ့     ---------------------------------------------------------------------------------------------------------------------------------------     ဥာဏ်ကြီးရှင်     အမျိုးသမီးတစ်ယောက်ဟာ လမ်းပေါ်မှာ လျှောက်လာရင်း စုတ်စုတ် ပြတ်ပြတ် ညစ်ညစ်ပတ်ပတ်နဲ့ နံစော်နေတဲ့ အိမ်ခြေမဲ့ သူတောင်းစား အဖွားကြီးတစ်ယောက်က သူမထံမှာ ညစာအတွက် ပိုက်ဆံ အနည်းငယ် စွန့်ကြဲပါလို့ တောင်းပါတယ်..     အမျိုးသမီးက သူမရဲ့ပိုက်ဆံအိတ်ကို ဖွင့်လိုက်ပြီး ၁၀တန် ဒေါ်လာတစ်ရွက်ကို ထုတ်လိုက်ပါတယ်.. ပြီးတော့ “ရှင့်ကိုကျွန်မက ဒီပိုက်ဆံပေးမယ်ဆိုရင် ရှင်က ညစာ ၀ယ် မစားဘဲ ရှော့ပင်းစင်တာတွေမှာ ဈေးဝယ်ထွက်မှာလား ” လို့မေးပါတယ်..     “အိုး မဟုတ်တာ ကျွန်မ ဒီကိစ္စတွေအတွက် ငွေလဲ မဖြုန်းနိုင်ပါဘူး… ရသမျှငွေဟာ ကျွန်မဘ၀ နေထိုင် စားသောက်ရေးအတွက်ပါ ” လို့ အဖွားကြီးက ပြန်ဖြေပါတယ်..     “ဒါဆိုရင် ဒီငွေနဲ့ မိတ်ဆွေ သူငယ်ချင်းအိမ်တွေ လျှောက်သွားမှာလား ” လို့ မေးပြန်ပါတယ်..      “မဖြစ်နိုင်တာ ကျွန်မမှာ လည်စရာအိမ်လဲမရှိဘူး.. မိတ်ဆွေ သူငယ်ချင်းလဲ မရှိပါဘူး”  လို့ အဖွားကြီးက ပြန်ပြောတယ်..     “ဒါဆိုရင် အလှပြင်ဆိုင်တွေမှာ ရှင့်ဆံပင်တွေ မျက်နှာတွေကို သွားပြင်မှာလား ” လို့ ထိုမိန်းမက မေးပြန်ပါတယ်..     “ ရှင်ရူးနေလား.. ဒီကိစ္စက ကျွန်မနဲ့ ဘာမှမဆိုင်တာ .. ကျွန်မဘ၀မှာ မှန်မကြည့်တာ၊ မပြင်ဆင် မဖြီးလိမ်း ဖြစ်တာတောင် အနှစ် ၂၀ကျော်ခဲ့ပြီ. ” လို့ အဖွားကြီးက စိတ်မရှည်စွာ ပြန်ပြောပါတယ်..     အမျိုးသမီးက  “ အိုကေ .. ကောင်းပြီ.. ရှင့်ကို ကျွန်မက ပိုက်ဆံပေးမဲ့အစား ကျွန်မယောက်ျားရယ် ကျွန်မရယ် အတူတူစားမဲ့ ညစာစားပွဲကို ရှင့်ကိုခေါ်သွားမယ်.. ” လို့ပြောလိုက်ပါတယ်..     သူတောင်းစားအဖွားကြီးဟာ အလွန်ကို တုန်လှုပ်သွားပါတယ်.. “ရှင်ရဲ့ယောက်ျားက ကျွန်မလို ညစ်ပတ်ပြီး စုတ်ပြတ် နံစော်နေတဲ့သူနဲ့ ညစာအတူစားရမယ်ဆိုတာ သိရင် ဒေါသ မဖြစ်ဘူးလား”  လို့ ပြန်မေးလိုက်ပါတယ်..     “အိုး   ဈေးဝယ်မထွက်၊ အလှပြင်ဆိုင်မသွား၊ သူငယ်ချင်းအိမ်တွေ မလည်တဲ့ မိန်းမ တစ်ယောက်ဟာ ဘယ်လိုပုံစံဆိုတာ  ဒါမှ သူသိမှာ.. ”  တဲ့        ( ကဲကဲ.. အိမ်ထောင်ရှိသူ ဦးလေးကြီးများ.. ကိုယ့်မိန်းမ ရှော့ပင်းထွက်တာ၊ အလှပြင်ဆိုင်တွေသွားတာ၊ လည်ပတ်တာတွေ ခွင့်လွှတ်လိုက်ကြနော်)   :)  :)  :)        ပျော်ရွှင်ရယ်မောရင်း သောကများ ပြေပျောက်ကြပါစေရှင်....     ချော(အစိမ်းရောင်လွင်ပြင်) Posted by ချော(အစိမ်းရောင်လွင်ပြင်) at Sunday, March 28, 2010 26 comments Labels: ပျော်ပျော်ပါးပါး ဟာသများ Saturday, March 06, 2010 ပေါ့ပေါ့ပါးပါး ပြုံးစရာ (၄)     နာရီသူခိုး      တစ်ခါက တရားသူကြီးတစ်ယောက်ဟာ  ဧည့်ခံပွဲတစ်ခုကို သူ့အိမ်မှာ အကြီးအကျယ် ပြုလုပ် ကျင်းပနေပါတယ်.. ရပ်ဝေးက လာတဲ့ဧည့်သည်တွေကတော့ သူ့အိမ်မှာ ညအိပ် တည်းခိုကြပါတယ်..   ဧည့်ခံပွဲပြုလုပ်နေစဉ်မှာ သူရဲ့ ညအိပ် ဧည့်သည် တစ်ယောက်က  သူရဲ့ အဖိုးတန်နာရီအခိုးခံရကြောင်းနဲ့ ခိုးသူကို သူသိပါကြောင်း အိမ်ရှင် တရားသူကြီးက ထိုကိစ္စကို မျှတမှန်ကန်စွာနဲ့ သူ့နာရီ ပြန်လည် ရရှိအောင် ကူညီ ဖြေရှင်းပေးစေလိုကြောင်း လာရောက် တိုင်ကြားပါတယ်...     တရားသူကြီးကလည်း နာရီ ခိုးသူက ဘယ်သူလဲလို့ ပြန်မေးပြီး ခိုးသူကိုလဲသိရော “ ဟာ.. ဒီလူတော့ ဒါမျိုးမလုပ်သင့်ဘူး... ကိစ္စမရှိဘူး... ခင်ဗျားနာရီ ပြန်ရအောင် ကျုပ် ဖြေရှင်းပေးမယ်. ” လို့ ပြန်ပြောလိုက်ပါတယ်..     ဧည့်ခံပွဲ မပြီးခင်မှာဘဲ တရားသူကြီးက နာရီပိုင်ရှင်ကို ခေါ်ပြီး နာရီကို ပိုင်ရှင်လက်ထဲ ပြန်ထည့်ပေးလိုက်ပါတယ်.... နာရီပိုင်ရှင်က ၀မ်းမြောက်စွာနဲ့ ကျေးဇူးစကားဆိုရင်း တရားသူကြီးကို ပြန်မေးပါတယ်.. “ တရားသူကြီးက ဘယ်လိုများ ဖြေရှင်းလိုက်တာလဲ ခင်ဗျာ ... ခိုးတဲ့သူကရော ဘာများ ပြောသေးသလဲ ခင်ဗျာ”     တရားသူကြီးက ပြန်ပြောလိုက်ပါတယ်... “ရှူး တိတ်တိတ်နေ... ဒီနာရီ သူ့ဆီက ကျုပ် အသာလေး ပြန်ယူခဲ့တာ သူတောင် မသိဘူးဗျ....”     --------------------------------------------------------------------------------------------------------------------------------------     တက္ကစီမောင်းသူ            တစ်ခါက မြို့တစ်မြို့မှာ တက္ကစီဒရိုင်ဘာ တစ်ယောက်ရှိပါတယ်.. ဒီနေ့ဟာ အဲဒီ ဒရိုင်ဘာနဲ့ တက္ကစီမောင်းခြင်း ပထမဦးဆုံးနေ့လဲဖြစ်ပါတယ်.. ကားထွက်လို့ မကြာခင်မှာ ခရီးသည် တစ်ဦးက ကားကိုတားပါတယ်.. ခရီးသည်ပြောတဲ့ နေရာကို လိုက်ပို့ဖို့ ကားကိုမောင်းထွက် လာပါတယ်.. ခရီးသည်က နောက်ခန်းကနေ ထိုင်ပြီး လိုက်လာတာပေါ့နော်..  ကားမောင်း လာပြီး ၁၀မိနစ်လောက်မှာ ခရီးသည်ဟာ တစ်စုံတစ်ခုမေးချင်တာနဲ့ ကားဒရိုင်ဘာရဲ့ ပုခုံးကို လှမ်းပုတ်လိုက်ပါတယ်….     ပုခုံးပုတ်ခံလိုက်ရတဲ့ တက္ကစီဒရိုင်ဘာဟာ လန့်ဖြတ်ပြီး သတိလက်လွတ်ဖြစ်ကာ ဘစ်ကားတစ်စီးနဲ့ တိုက်မိလုနီးပါးဖြစ်ပြီးမှ ဘရိတ်ဆောင့်အုပ်လိုက်မိပါတယ်… ကားမောင်းသူဟာ ကားကို ချက်ခြင်း ပြန်မမောင်းနိုင်ဘဲ သူ့ကိုယ်သူတည်ငြိမ်အောင် ကြိုးစားနေရတာကို ခရီးသည်က တွေ့မိပါတယ်.. တက္ကစီသမားဟာ ခရီးသည်ကို အပြစ်တင်ပါတယ်.. “ခင်ဗျား နောက်ကို ဒါမျိုးဘယ်တော့မှ မလုပ်နဲ့ .. အခုကြည့်စမ်း ကားတိုက်မှုကြီး ဖြစ်ခါနီးသွားတယ်.. နောက်တစ်နေ့ နေထွက်တာကို မမြင်ရအောင်တော့ မလုပ်ပါနဲ့ဗျ…”      ခရီးသည်ဟာလည်း သူ့အမှားအတွက်တောင်းပန်ပါတယ်.. ပြီးတော့ တက္ကစီသမားကို နားမလည်ခြင်းများစွာနဲ့ မေးပါတယ်…  “ ကျုပ် ခင်ဗျားပုခုံးကိုပုတ်တာ ဖြေးဖြေးလေးပါဗျာ.. ဒီလောက် ထိရုံလေးနဲ့ ခင်ဗျားဒီလောက်တောင် ထိတ်လန့်သွားတာ ကျွန်တော်ဖြင့် နားကို မလည်နိုင်အောင် ဖြစ်နေမိတယ်ဗျ…” ခရီးသည်ရဲ့ စကားကို တက္ကစီသမားက တုံ့ပြန် ပါတယ်..  “ ခင်ဗျားအမှားကြောင့်လဲ မဟုတ်ပါဘူးလေ… ကျွန်တော်က ဒီကားကို ဒီနေ့မှ စမောင်းတာဗျ… ကျွန်တော် ၂၅ နှစ်လုံးလုံး အသုဘယာဉ်မောင်းလာခဲ့တာမို့ပါ ”လို့ပြန်ပြောလိုက်ပါတယ်။     -------------------------------------------------------------------------------------------------------------------------------------------     နှုတ်ခမ်းနီရာလေးများ            တစ်ချို့မိန်းခလေးတွေမှာ အကျင့်တစ်ခုရှိတတ်ကြတယ်.. အဲဒါကဘာလဲဆိုတော့ နှုတ်ခမ်းနီ ဆိုးပြီးရင် မှန်လေးပေါ်မှာဘဲဖြစ်ဖြစ်၊ စက္ကူတို့၊ လက်ကိုင်ပုဝါ၊ တစ်ရှူး ၊ သန့်စင်ခန်းတွေထဲက မှန် စသည်တို့မှာ ကိုယ်ဆိုးထားတဲ့ နှုတ်ခမ်းနီလေးရဲ့ အရာကို ထင်နေအောင် လုပ်တတ်တဲ့အကျင့် ရှိကြတယ်.. မိန်းခလေး အားလုံးတော့ မဆိုလိုပါဘူးနော်.. တစ်ချို့တစ်ချို့တွေပါ…. အဲဒီအကျင့်လေးတွေ ပျောက်သွားအောင် ကျောင်းတစ်ကျောင်းမှာ ကျောင်းအုပ်ဆရာမကြီးက  ဘယ်လို ဖြေရှင်းလိုက်တယ် ဆိုတာလေးကို အင်တာနက်မှာ ဖတ်လိုက်ရတာလေးကို ပြန်ပြောပြပါဦးမယ်…     တစ်ခါတုန်းကလေ မိန်းခလေးကျောင်းတစ်ကျောင်းမှာ သန့်ရှင်းရေး အလုပ်လုပ်တဲ့ ဦးရွှေမောင် ဆိုတဲ့လူတစ်ယောက် ရှိတယ်ပေါ့နော်… အဲဒီကျောင်းမှာ ရှိတဲ့ တစ်ချို့ ကျောင်းသူလေးတွေမှာ အကျင့်တစ်ခုရှိပါတယ်.. အဲဒါကတော့ ကျောင်းသန့်စင် ခန်းထဲကို ၀င်တိုင်း ကြည့်မှန်တွေပေါ်မှာ နှုတ်ခမ်းနီရာတွေကို ချန်ပစ်ခဲ့တဲ့ အကျင့်ပါဘဲ… ဦးရွှေမောင်ကြီးက ညနေရောက်တိုင်း ကျောင်းသန့်ရှင်းရေးလုပ်တဲ့အခါ မှန်ပေါ်မှာ ထင်ကျန်နေတဲ့ နှုတ်ခမ်းနီရာလေးတွေကို အ၀တ်တစ်ခုနဲ့ နေ့စဉ် ပွတ်သုတ် သန့်စင်ပစ်ရပါတယ်.. ဘယ်လိုဘဲ သန့်စင်ပြီးပေမဲ့ ကျောင်းသူတွေက ထပ်လုပ်တော့ နောက်တစ်နေ့မှာ နှုတ်ခမ်းနီရာတွေက ပြန်ရှိနေပြန်ပါရော… အခုလိုမလုပ်ဖို့ ဘယ်လိုဘဲ သူက မေတ္တာရပ်ခံပေမဲ့ နောက်တစ်နေ့ ရောက်တိုင်း နှုတ်ခမ်းနီရာလေးတွေက ရှိနေမြဲ ပါဘဲတဲ့…     ဦးရွှေမောင်က ကျောင်းအုပ်ဆရာမကြီးထံ အဲဒီပြဿနာကို တင်ပြလိုက်တော့ ကျောင်းဆရာမကြီးက အတန်းတိုင်းက ကျောင်းသူကိုယ်စားလှယ်တွေကို ခေါ်လိုက်ပြီးတော့ သန့်စင်ခန်းထဲကို ခေါ်ဆောင်လာပါ တယ်.. ပြီးတော့ ဆရာမကြီးက ကျောင်းသူတွေကို စကားအနည်းငယ် ပြောပါတယ်.. “အခုလို လာရောက်ကြတဲ့အတွက် ကျောင်းသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်..  အခုရောက်လာတဲ့ ကျောင်းသူတွေအားလုံးလဲ ဒီမှန်ပေါ်က နှုတ်ခမ်းနီရာတွေကို တွေ့ကြမယ်ထင်ပါတယ်..”  ဆရာမကြီးစကားကို ကြားတဲ့ ကျောင်းသူလေးတွေဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး မျက်စလေးပစ်ကြရင်း ကြိတ်ပြုံး လိုက်ကြတယ်ပေါ့…  ဆရာမကြီးက စကားဆက်ပြောပါတယ်…        “ဒီနေ့ခေတ်ရဲ့ နည်းပညာတွေနဲ့ ထုတ်လုပ်ထားတဲ့နှုတ်ခမ်းနီတွေဟာ အရောင်စွဲစွဲမြဲမြဲ ကြာရှည်ခံအောင် ပြုလုပ်ထားတာဖြစ်တဲ့အတွက် မှန်ပေါ်မှာ ထင်နေတဲ့ တစ်ချို့ နှုတ်ခမ်းနီတွေဟာ အလွန်ဘဲ ဖျက်ရခက်ပါတယ်… ဒါကြောင့် ဆရာမကြီးတို့ကလဲ ဖျက်ရခက်တဲ့ နှုတ်ခမ်းနီရာတွေကို ဖျက်ရလွယ်ကူဖို့အတွက် နည်းလမ်းတွေကို စဉ်းစားရ တာပေါ့နော်.. အခု ဆရာမကြီးတို့ တွေ့ရှိထားတဲ့ နည်းလမ်းတစ်ခုကို လက်တွေ့ပြပါမယ်.. ဒီလက်တွေ့ပြတာကို တွေ့သွားတဲ့ ကျောင်းသူတွေအားလုံး ဒီနည်းလမ်းကို ကျန်တဲ့ ကျောင်းသူတွေကို ပြန်ပြောပြကြမယ်လို့ မျှော်လင့်ပါတယ်.. နောင်ကိုလဲ ဒီမှန်တွေပေါ်မှာ နှုတ်ခမ်းနီရာကို ချန်ခဲ့မဲ့ အစား တစ်ရှူးလေးတွေကို သုံးကြမယ်လို့ ဆရာမကြီး ယုံကြည်ပါတယ်..”      ဆရာမကြီးစကားအဆုံးမှာ ဦးရွှေမောင်ကြီးက  မှန်ကို တိုက်ချွတ်ဖို့အတွက် ရေမြုပ်ကို အိမ်သာ တစ်ခု ထဲက သွားယူလိုက်ပါတယ်.. ပြီးတော့ အိမ်သာကြွေခွက်ထဲကို ရေမြုပ်ကို နှစ်ထည့်လိုက်ပြီးနောက် မှန်ပေါ်မှာ ထင်နေတဲ့ နှုတ်ခမ်းနီရာလေးများကို ဖျက်ပါတော့ တယ်… လက်တွေ့ပြပွဲပြီးလို့ ကျောင်းသူလေးများ သန့်စင်ခန်းထဲမှ အသီးသီး ထွက်ခွာသွားတဲ့အခါမှာတော့ သန့်ရှင်းရေးလုပ်တဲ့ ဦးရွှေမောင်ကြီးက ပြုံးလိုက်ပါတယ်.. သူသိပါတယ်... နောက်နေ့တွေမှာ ဒီမှန်ပေါ်မှာ နှုတ်ခမ်းနီရာလေးတွေ တွေ့ရတော့မှာ မဟုတ်ပါဘူး….     ------------------------------------------------------------------------------------------------------------------------------------------        အလုပ်မှာ စိတ်ညစ်စရာတွေများနေလို့ပါ.. ရယ်စရာလေးတွေ များများရေးပါဦးဆိုတဲ့ စာဖတ်သူ ညီမလေး တစ်ယောက်ရဲ့ စကားကြောင့် ပေါ့ပေါ့ပါးပါး ပြုံးချင်စရာလေးကို ဘာသာပြန်ပြီး မျှဝေလိုက်တာဖြစ်ပါတယ်...        ပြုံးနိုင်ကြပါစေရှင်....     ချော(အစိမ်းရောင်လွင်ပြင်)  Source - the-joke.com Posted by ချော(အစိမ်းရောင်လွင်ပြင်) at Saturday, March 06, 2010 12 comments Labels: ပျော်ပျော်ပါးပါး ဟာသများ Tuesday, March 02, 2010 ကော်ဖီဆိုင်လေး ပြန်ဖွင့်ပြီ.....         ခုတစ်လော ကျွန်မတို့ သုံးနေတဲ့  Mylovecafe  Server  က အခက်အခဲ တစ်ခုနဲ့ အဆင်မပြေ ဖြစ်နေတော့ ဘလောဂ့်က ၀င်မရ တဲ့ ဒုက္ခကို ခနခန ကြုံနေရတယ်.. အဲလိုဖြစ်တော့ စာရေးရတာလဲ စိတ်က မလန်းဆန်းဘူး ဖြစ်နေတာပေါ့နော်.. ခုတော့ ကော်ဖီဆိုင်လေး ပြန်ကောင်းပြီလို့ မျှော်လင့်ပါတယ်..  ဒီတော့ ကျွန်မရဲ့ Missgreenlady  Cafe ကို လာလည်တဲ့ သူတွေကို ကော်ဖီလေးတစ်ခွက်နဲ့ အတူ ပြုံးစရာလေး တစ်ပုဒ်နဲ့ ဧည့်ခံပါမယ်နော်.. ခုလောလောဆည်တော့ ကျွန်မကို ပေါ့ပေါ့ပါးပါးလေးတွေဘဲ ရေးခွင့် ပြုစေချင် ပါတယ်.. လေးလေးနက်နက် ရှိတာတွေ ကိုတော့ ဘလောဂ့်ကြီး ကောင်းကောင်း အဆင်ပြေသွားရင် အကောင်းဆုံး ပြန်ရေးနိုင်အောင် ကြိုးစား ပါ့မယ်.. ကိုယ့်ဘလောဂ့်ထဲကို ကိုယ်တိုင်လဲဝင်မရတော့ စိတ်ညစ်ညစ်နဲ့ စာရေးဖို့ စာလုံးတွေလဲ မထွက်နိုင်ဘူး ဖြစ်နေလို့ပါ .. ခွင့်လွှတ်ကြပါလို့ တောင်းပန်ပါတယ်နော်…       ဒီနေ့ ရေးချင်တဲ့အကြောင်းအရာလေးက စာဖတ်သူတွေကို ဘာဗဟုသုတ၊ ဘာရသမှတော့ ပေးနိုင်မှာ မဟုတ်ပါဘူး.. ဒါပေမဲ့ ဖတ်ပြီး ရယ်မောရမဲ့၊ ပြုံးမိစေနိုင်မဲ့ ငယ်စဉ်ဘ၀ အမှတ်တရ အဖြစ်ကလေးကို ရေးမှာပါ… ငယ်စဉ်ဘ၀ အကြောင်းအရာဆိုတာ မေ့သွားတဲ့ အဖြစ်လေးတွေရှိသလို တစ်ခါတစ်ရံ တိုက်ဆိုင်မှုရှိလာတဲ့အခါ ပြန်သတိရတတ်တာလေး တွေလဲ ရှိတတ်တယ်မဟုတ်လား..  ခုလဲ တိုက်ဆိုင်မှုလေး တစ်ခုကြောင့် ပြန်သတိရလာတယ် ဆိုရမယ်.. အဲဒီချိန်တုန်းက ဖြစ်ခဲ့ပုံက ဒီလိုပါ…       ကျွန်မ ငယ်စဉ်က ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ကျောင်းတက်ပါတယ်.. ဇာတိကတော့ မိုးကောင်းမြို့ မဟုတ်ပါဘူး.. မိုးကောင်းနဲ့ မိုင် ၇၀ လောက်ဝေးတဲ့ တစ်နေရာကပါ..  မိုးကောင်းမြို့ကလေးဟာ ချစ်စရာကောင်းတဲ့ မြို့ကလေးပါ.. မိုးကောင်းသူတွေကလဲ ချောကြပါတယ်.. ဒီထဲမှာ ကျွန်မတော့ မပါဘူးပေါ့လေ.. ကိုယ်က မိုးကောင်းသူမှ မဟုတ်တာကိုး.. ချောတဲ့စာရင်းထဲ ဘယ်ဝင်ပါ့မလဲနော်.. ကျွန်မရဲ့ သူငယ်ချင်း လေးတွေကလဲ ချောချော မောမော လှလှပပလေးတွေပါ… ဘယ်သွားသွား ဘာလုပ်လုပ် အတူတူ သွားလာနေကျ၊ သိပ်ခင်စရာကောင်းတဲ့ သူတွေပါ.. ဘင်ခရာ သင်တန်းတို့၊ ကြက်ခြေနီတို့ စတဲ့ သင်တန်းတွေ အတူတူတက်နေကျ ကိုယ့်အိမ်သူ့အိမ် အိပ်နေကျ အဲလို ခင်မင် ရင်းနှီးလာသူတွေပါ...       တစ်နေ့တော့ အတန်းထဲမှာ ဆရာမက မြန်မာစာသင်နေတုန်း ကျောင်းဆင်းဖို့ကလဲ နာရီဝက်အလိုမှာ ကျွန်မဘေးမှာ ထိုင်တဲ့ ကျွန်မရဲ့ သူငယ်ချင်းမလေးက အိမ်သာ သိပ်တက်ချင်နေကြောင်း ပြောပါတယ်.. နာရီကြည့်လိုက်တော့လဲ ကျောင်းဆင်းဖို့က သိပ်မလိုတော့  ကျောင်းဆင်းတဲ့ထိ စောင့်လိုက်ပါဦးလို့ သူငယ်ချင်းကို ပြောပါတယ်.... သူငယ်ချင်းကလဲ မျက်နှာလေးရှုံ့မဲ့ပြီး မအောင့်နိုင်တော့ဘူးတဲ့.. ဒါနဲ့ ၂ယောက်သား ဆရာမကို ခွင့်တောင်းပြီး အိမ်သာဘက်ကို ထွက်လာခဲ့ပါတယ်.. ကျွန်မတို့ ၉တန်း ကျောင်းဆောင်နဲ့ အိမ်သာရှိတဲ့နေရာဟာ အတော်လေးကို ဝေးပါတယ်.. အဲဒီအချိန် ကာလကလည်း မိုးတွင်းဆိုတော့ မိုးရွာထားတာနဲ့ အိမ်သာသွားတဲ့ မြေနီလမ်းကလေးက ရေတွေနဲ့ ခပ်လျှောလျှောပေါ့.. သူငယ်ချင်းက အိမ်သာ အရမ်း တက်ချင်နေတဲ့သူဆိုတော့ ရှေ့ကနေ ခြေလှမ်းသုတ်သုတ်နဲ့ အပြေးတစ်ပိုင်း သွားနေ ပါတယ်..       အဲဒီခေတ်က မိုးကောင်း အထက (၁)ရဲ့ ကျောင်းအိမ်သာတွေဟာ ရေလောင်းအိမ်သာ မဟုတ်သလို အုတ်နဲ့ဆောက်ထားတဲ့ အိမ်သာတွေ မဟုတ်ပါဘူး.. မြေကျင်းကို တူးပြီး အဲဒီမြေကျင်းပေါ်မှာမှ သစ်သားနဲ့ သွပ်အမိုးမိုးထားတဲ့ အိမ်သာကို အလုံးလိုက် ချထားတာပါ.. ဒီနေရာမှာ  ကျင်းပြည့်သွားပြီဆိုရင် နောက်တစ်နေရာကို ကျင်းအသစ်တူးပြီး အိပ်သာကိုရွေ့လိုက်ရုံဘဲ ဖြစ်ပါတယ်.. ကျောင်းသားများစွာ သုံးထားတော့ အချို့ အိမ်သာတွေက ပြည့်လုမတတ် ဖြစ်နေပါပြီ.. စွန့်ထားသမျှ အကုန်လုံးကိုလဲ မမြင်ချင်လဲ မြင်နေရက်သား အနံ့ကိုလဲ မရချင်လဲ ရှူရက်သား ဖြစ်နေရပါတယ်..  အိမ်သာ တက်ချင်သူ တို့ရဲ့ ထုံးစံ သူငယ်ချင်းခမြာ အိမ်သာနားနီးလေ ခြေလှမ်းတွေက ပိုစိတ်လာလေ ဖြစ်လာ ပါတယ်.. နီးလာလေ အိမ်သာပိုတက်ချင်လေ ဆိုတာ ခံစားဖူးသူများ သိပါ လိမ့်မယ်နော်…  :)   :)   :)       အဲလိုနဲ့ အပြေးကလေး လျှောက်နေရင်း အိမ်သာရှေ့အရောက်မှာ မိုးရေနဲ့ လျှောနေတဲ့ မြေနီလမ်းကြောင့်ရော၊ အိမ်သာတက်ချင်ဇောနဲ့ လောကြီးလွန်းနေတဲ့ စိတ်ကြောင့်ရော ပေါင်းပြီး သူငယ်ချင်းမလေးဟာ ခြေချော်ပြီး အိမ်သာကျင်းထဲ လျှောခနဲ ကျသွားပါ တော့တယ်.. ကံကောင်းချင်တော့ အိမ်သာဟာ စွန့်ပစ်ပစ္စည်းတွေ အပြည့် ဖြစ်နေတဲ့အတွက် သူ့ရဲ့ ခြေထောက်ကြီး ၂ချောင်းလုံးဟာ အဲဒီ စွန့်ပစ်ပစ္စည်းပုံထဲ ၀င်စိုက်မိနေပြီး ခါးအထက် ခန္ဓာကိုယ် တစ်ဝက်ကတော့ ကျင်းအပြင်မှာ ကျန်နေခဲ့ပါတယ်.. မြင်ယောင်ကြည့်ကြပါနော်..  တကယ်လို့များ အိမ်သာကျင်းသာ အသစ်စက်စက် ဖြစ်ခဲ့မယ်ဆိုရင်တော့ လူတစ်ကိုယ်လုံး ကျင်းထဲကို ကျသွားခဲ့မှာ သေချာပါရဲ့.. အိမ်သာကြီး ပြည့်နေတာကိုဘဲ ကျေးဇူးတင်စရာပေါ့နော်...       ကျွန်မလဲ အပြေးကလေးသွားပြီး သူငယ်ချင်းကို သွားဆွဲထူရပါတယ်.. သူငယ်ချင်းဟာ ရှက်တာရော၊ ဒေါသထွက်တာရော၊ ရွံတာရော၊ အိမ်သာတက်ချင်တာတွေရော ပေါင်းပြီး မျက်နှာပြင်တစ်ခုလုံးဟာ နီရဲနေပါတယ်.. မျက်ဝန်းမှာလဲ မျက်ရည်က ခပ်စို့စို့… သူ့ခြေထောက် တစ်ခုလုံးလည်း မြင်မကောင်းအောင် ပေကျံနေပါတော့တယ်.. ဘာပြော ကောင်းမလဲနော်.. အနံ့ကတော့ ထောင်းထောင်းကို ထလို့ပေါ့.. သူငယ်ချင်းလဲ အိမ်သာထဲ ခပ်သုတ်သုတ်ဝင်လိုက်ပြီး ပြန်ထွက်လာတော့ ကျောင်းခန်းထဲ ပြန်မ၀င်တော့ဘဲ အိမ်ကို ပြန်တော့မယ်ဆိုပြီး ကျောင်းနဲ့ မနီးမဝေးက သူ့အိမ်ကို ပြန်ပြေး ပါတော့တယ်..  ဆရာမကိုတော့ နေမကောင်းလို့ ပြန်သွားကြောင်း ကျွန်မက အသိပေးလိုက်ရပါတယ်..       ကျောင်းဆင်းတော့ သူ့လွယ်အိတ်ကို ကျွန်မကဘဲ သူ့အိမ်ကို သွားပို့ပေးလိုက်ပါတယ်.. ဒီအချိန်မှာတော့ သူငယ်ချင်းက ရေမိုးချိုး သန့်စင်ပြီးနေပါပြီ.. ရေချိုးခန်းထဲမှာ ဆပ်ပြာ ဘယ်နှတုံးကုန်ပြီး အချိန် ဘယ်လောက် ကြာမယ်ဆိုတာတော့ သူငယ်ချင်းလေး အသိဆုံး ဖြစ်ပါလိမ့်မယ်.. ကျွန်မ သူ့ကို မေးမနေတော့ပါဘူး… ဒါပေမဲ့ ကျွန်မစိတ်ထဲမှာ အနံ့အသက်က ကျန်နေသေးတယ်လို့ကို ထင်မိပါတယ်.. ဒါကြောင့် သူ့ရှေ့မှာ နှာခေါင်းလေးကို ရှုံ့ပွရှုံ့ပွ လုပ်လိုက်မိတော့ သူငယ်ချင်းက ကျွန်မကို လိုက်ရိုက် ပါတော့တယ်.. ပြီးတော့ ကျွန်မကို ကတိတစ်ခုတောင်းပါတယ်.. နင်ဒီအကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောရဘူးနော်.. ငါ့ကို ကတိပေးနော်တဲ့ … ကျွန်မလဲ ကတိပေးလိုက်ပါတယ်.. ဒီအကြောင်းကို ကျွန်မ ဘယ်သူ့ကိုမှ ဒီနေ့အထိ မပြောခဲ့ပါဘူး.. ဘယ်သူငယ်ချင်း တစ်ယောက်ကမှ ဒီအဖြစ်ကို မသိလိုက်ကြပါဘူး.. ခုချိန်ထိလဲ ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောရသေးပါဘူး.. ဒါပေမဲ့ ဒီနေ့တော့ ရေးချင်စိတ် သိပ်ဖြစ်လာတာနဲ့ ဘလောဂ့် စာမျက်နှာပေါ် တင်လိုက်ပါတယ်.. သူငယ်ချင်းရေ ငါဘယ်သူ့ကိုမှ မပြောပါဘူးကွာ.. ကတိတည်ပါတယ်နော်… ခုလဲ စာလေးနဲ့ဘဲ ရေးတာပါ.. ငါ့ပါးစပ်က တစ်ခွန်းဆို တစ်ခွန်းမှ မဟခဲ့ပါဘူးနော်… :)  :)          မွန်းကြပ်တဲ့ စိတ်ကြောင့် ရယ်စရာ သက်သက်အနေနဲ့ ငယ်ဘ၀နဲ့ သူငယ်ချင်း အကြောင်း အမှတ်တရ ရေးခြင်းပါ.. ရသတစ်ခုခု မပေးနိုင်မှန်း သိပါတယ်.. ဟာသလေးတစ်ပုဒ်အနေနဲ့ ဖတ်သွားပေးကြပါနော်..     စာဖတ်သူများကို လေးစားစွာဖြင့်     ချော (အစိမ်းရောင်လွင်ပြင်) Posted by ချော(အစိမ်းရောင်လွင်ပြင်) at Tuesday, March 02, 2010 24 comments Labels: ပျော်ပျော်ပါးပါး ဟာသများ Monday, March 01, 2010 ပေါ့ပေါ့ပါးပါး ပြုံးစရာ (၃)  ကျွန်မတို့ ဘလောဂ့်တွေ ဒီရက်ပိုင်း ၀င်မရတဲ့ဒုက္ခ ခနခနဖြစ်နေတော့ စာတွေလဲ မရေးနိုင် ဖြစ်နေမိပါတယ်.. စိတ်လဲ ညစ်တာပေါ့နော်.... ဒီတော့ လေးလေးနက်နက် စာလေးတွေ မရေးနိုင်ဘဲ စိတ်ပြေလက်ပျောက်ဖြစ်မဲ့ ရယ်စရာလေးတွေဘဲ တွေးချင် နေမိတယ်.. ဒါကြောင့်လဲ စာဖတ်သူများကို စိတ်ပေါ့ပါးမဲ့ ရယ်စရာ လေးတွေကိုဘဲ လောလောဆည် မျှဝေ ပေးပါရစေနော်...           ၁. ကောင်လေး။           ။ ရှင် ..ကျွန်မတစ်ယောက်တည်းကို ချစ်တာသေချာလား..  ကောင်လေး။             ။ သေချာပါတယ်ကွာ.. ကိုယ်မနေ့ကဘဲ ကိုယ့်ရည်းစားစာရင်းကို      သေချာ ပြန်စစ် ကြည့်ပြီးပြီ..        ၂.ဆရာမ။                ။ ကိုယ်ပြောနေတာကို စိတ်ဝင်စားမှန်းမသိ၊ မ၀င်စားမှန်းမသိဘဲ  စကားတွေ ဇွတ်ပြီး ပြောနေတဲ့ သူမျိုးကို  ဘယ်လိုခေါ်လဲ  ကျောင်းသား။             ။ ဆရာမလို့ခေါ်ပါတယ်..         ၃. စားပွဲထိုး။             ။ ဆရာ ကော်ဖီက ဘလက်ကော်ဖီဘဲ ယူမှာလားခင်ဗျာ  စားသုံးသူ။                 ။ မင်းတို့ဆိုင်မှာ ကော်ဖီက ဘာအရောင်နဲ့များ ရသေးလို့လဲ?        ၄. ကောင်လေး။           ။ကိုယ် မင်းလက်ကလေးကို ကိုင်ထားပါရစေ  ကောင်မလေး။             ။နေပါစေ   ကျွန်မလက်က ဒီလောက် မလေးပါဘူး..        ၅.တရားဟောဆရာ။          ။ဆမ်.. ငါ့ကို အမှန်အတိုင်းပြောစမ်း မင်းဟာ ထမင်းမစားခင်မှာ ဆုတောင်းလား. မတောင်းဘူးလား?  ဆမ်။                            ။ ဆုတောင်းဖို့မလိုပါဘူးခင်ဗျာ.. ကျွန်တော့အမေက ဟင်းချက် ကောင်းပါတယ်…        ၆.လူနာ။                     ။ ဒေါက်တာ ကျွန်တော့အခြေအနေလေးသိပါရစေ.. ကျွန်တော် ပြန်ကောင်းလာဖို့ အခွင့်အလမ်းရှိသေးရဲ့လား ခင်ဗျာ?  ဆရာဝန်။                     ။ ရှိပါတယ်ဗျ ၁၀၀% တောင် ခင်ဗျားအတွက် အခွင့်အလမ်း ရှိတယ်.. ဘာလို့ လဲ ဆိုတော့ ခင်ဗျားလို ရောဂါမျိုးက ၁၀ယောက်မှာ ကိုးယောက်လောက်က သေနိုင်ပြီး တစ်ယောက်ဘဲ အသက်ရှင်နိုင်တဲ့ အခွင့်အလမ်း ရှိတာဗျ.. ဒီတော့ စိတ်မပူနဲ့ ခင်ဗျားလို ရောဂါဖြစ်တဲ့သူ ကိုးယောက်လောက်က သေသွားပြီ ခင်ဗျားက ၁၀ယောက်မြောက်ဘဲ.        ၇.ဆရာမ။                   ။ ကဲ တစ်ထပ်တည်းကျတဲ့ တိုက်ဆိုင်မှု တစ်ခုခုကို နမူနာ ပြောပြ စမ်းပါဦးကွယ်..  ကျောင်းသား။               ။ကျွန်တော့အဖေနဲ့ အမေဟာ တစ်ချိန်တည်း တစ်နေရာတည်းမှာ မင်္ဂလာဆောင်ခဲ့ပါတယ် ဆရာမ.        ၈.ဆရာမ။                   ။ ဂျောခ်ျ့ဝါရှင်တန်ဟာ ခွင့်ပြုချက်မရဘဲ သူ့အဖေ သိပ်နှစ်သက်တဲ့ ချယ်ရီပင် လေးကို ပုဆိန်နဲ့ ခုတ်လှဲပစ်လိုက်တယ်.. ဒါပေမဲ့ သူ့အဖေက သူ့ကို အပြစ် မပေးခဲ့ဘူး..  အဲဒါဘာကြောင့်လဲ ဆိုတာ ဘယ်သူသိလဲ?  ကျောင်းသား။             ။ သူ့လက်ထဲမှာ ပုဆိန် ကိုင်ထားဆဲဖြစ်လို့ပါဆရာမ        ၉.ဆရာမ။                     ။နေနဲ့ လ ဘယ်ဟာက ပိုပြီး တို့တွေအတွက် အရေးကြီးတယ် ထင်သလဲ  ကျောင်းသား။                 ။လပါဆရာမ  ဆရာမ။                          ။ဘာဖြစ်လို့လက ပိုအရေးကြီးတာလဲ?  ကျောင်းသား။                  ။လက ကျွန်တော်တို့ အလင်းရောင် လိုအပ်နေတဲ့ ညမှ ပေါ်လာပြီးတော့ နေကတော့ အလင်းရောင်မလိုအပ်တဲ့ နေ့လည်မှ ပေါ်လာလို့ပါ။        ၁၀. ဆရာမ။               ။ဆမ် မင်းဟာတော်တော်ကို စကားများပါလား  ဆမ်။                        ။ကျွန်တော်တို့ မျိုးရိုးက စကားများတဲ့ မျိုးရိုးမို့ပါ  ဆရာမ။                    ။ပြောစမ်းပါဦး မင်းတို့မျိုးရိုးက ဘာတွေမို့လဲ  ဆမ်။                      ။ကျွန်တော့ အဖိုးက နိုင်ငံရေးတရားဟောတဲ့သူ၊ ကျွန်တော့် အဖေ ကတော့ ကျောင်းဆရာ  ဆရာမ။                   ။မင်းအမေကရော  ဆမ်။                    ။ကျွန်တော့အမေက မိန်းမ တစ်ယောက်ဖြစ်လို့ပါ.. (ဟွန့်.. ဒါတော့ လက်မခံဘူး... ကျွန်မကတော့ မိန်းမ တစ်ယောက်ဖြစ်ပေမဲ့ စကားမများပါဘူး)    :)  :)  :)     ရယ်မော ပျော်ရွှင်နိုင်ကြပါစေရှင်....     ချော(အစိမ်းရောင်လွင်ပြင်) Posted by ချော(အစိမ်းရောင်လွင်ပြင်) at Monday, March 01, 2010 9 comments Labels: ပျော်ပျော်ပါးပါး ဟာသများ Wednesday, February 24, 2010 စကားပြောတဲ့ ဖားကလေး     စကားပြောတဲ့ ဖားကလေး        အသက် ၇၂ နှစ်အရွယ် အဖိုးအို တစ်ဦးဟာ သူရဲ့ လှေပေါ်မှာ ထိုင်ပြီး ငါးမျှားနေပါတယ်.. အဲဒီချိန်လေးမှာ အသံလေးတစ်သံကို သူက ကြားလိုက်ရတယ်..  “ကယ်ပါဦး ကယ်ပါဦး ” ဆိုတဲ့ အသံလေး သေးသေးလေး….     အဖိုးအိုဟာ သူ့ ဘေးပတ်ဝန်းကျင်ကို လိုက်ရှာပေမဲ့ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မတွေ့တော့ အိပ်မက် မက်နေတယ်လို့တောင် သူက ထင်လိုက်ပါတယ်..  ဒါပေမဲ့ “ကယ်ပါဦး ” ဆိုတဲ့ အသံကိုဘဲ သူက ထပ်ထပ် ကြားလိုက်ရပြန်တယ်..  ဒါနဲ့ သေသေချာချာ လိုက်ရှာကြည့်တော့မှ ရေထဲက ကြာရွက် တစ်ရွက်ပေါ်မှာ ဖားကလေးတစ်ကောင်ကို တွေ့လိုက်ပါတယ်…     “မင်းက ငါ့ကို စကားပြောနေတာလား ” လို့ အဖိုးအိုက ဖားကလေးကို မေးလိုက်ပါတယ်..     “ဟုတ်ပါတယ်.. ရှင့်ကိုပြောနေတာပါ.. ကျွန်မကို ကယ်ပါ.. ဒီကြာရွက်ပေါ်ကနေ ဆယ်ယူပြီး ရှင်က ကျွန်မကို အနမ်းလေးတစ်ပွင့် ပေးလိုက်ပါ… ဒါဆိုရင် ကျွန်မဟာ ရှင်မြင်ဖူးသမျှ မိန်းမပျိုတွေထဲမှာမှ အလှဆုံး မိန်းခလေးအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်..  ပြီးရင် ကျွန်မဟာ ရှင့်ရဲ့ သတို့သမီးလေး ဖြစ်လာမှာပါ…. ဒါဆိုရင် ရှင့်သူငယ်ချင်းတွေ မိတ်ဆွေတွေက ရှင့်ကို မနာလိုရလောက်အောင် ဖြစ်ကြပါလိမ့်မယ်..”     အဖိုးအိုဟာ ဖားကလေးရဲ့ စကားကို ကြားတာနဲ့ ချက်ခြင်းဘဲ ဖားကလေးကို ကောက်ပြီး သူရဲ့ အင်္ကျီ အိတ်ထောင်ထဲကို ထည့်လိုက်ပါတော့တယ်…     ဖားကလေးက “ ရှင်ရူးနေသလား.. ကျွန်မပြောတာကို ရှင်မကြားဘူးလား.. ကျွန်မကို နမ်းလိုက်ရင် ရှင့်ရဲ့ အလှပဆုံး သတို့သမီးလေး ဖြစ်လာမှာပါလို့ ပြောနေတယ်လေ……….”     အဖိုးကြီးက အိတ်ထောင်လေးကို အသာဟပြီး ဖားကလေးကို ငုံ့ကြည့်ကာပြောလိုက်ပါတယ်.     “ နေပါစေ… ငါ့အသက်အရွယ်က မိန်းမတစ်ယောက် ရှိတာထက် စကားပြောတတ်တဲ့ ဖားတစ်ကောင် ရှိတာက ပိုပြီးကောင်းလိမ့်မယ်တဲ့…………………” :)     -------------------------------------------------------------------------------------------------------     ဒီရက်ပိုင်း ဘလောဂ့်က ၀င်မရဘဲ ဖြစ်သွားတဲ့အတွက် စိတ်တွေ နည်းနည်း တင်းကြပ် နေပါတယ်.. ဒါကြောင့် ပေါ့ပေါ့ပါးပါး ပြုံးစရာလေး ရှာကြံရေးလိုက်ပါတယ်.. ကျွန်မရဲ့ ခင်မင်လှစွာသော စာရေးဖော် ဘလောဂ်ဂါ ယောက်ျားလေး သူငယ်ချင်းများ.. စာလာဖတ်တဲ့ ယောက်ျားလေးများ အဖိုးအိုနေရာမှာသာ ဆိုခဲ့ရင် ဖားကလေးကို နမ်းမှာလား… သိချင်စမ်းလှပါတယ်..  :)  :)  :) မိန်းခလေးတွေကတော့ ပွဲကြည့်ပရိသတ် လုပ်ကြစို့ရဲ့... :)     

No comments:

Post a Comment