လင်းရောင်ခြည်ဆိုဒ်မှနွေးထွေးစွာကြိုဆိုပါတယ်လာရောက်လည်ပတ်သူများအားလုံးကိုယ်စိတ်နှလုံးရွှင်ပြုံးကြပါစေ

Thursday 6 October 2011

ကမ္ဘာအကောင်းဆုံးစားသောက်ဆိုင်





ကမ္ဘာ့ပထမဆုံး ဖန်သားချည်းပဲ ပြုလုပ်ထားတဲ့ ပင်လယ်ရေအောက် စားသောက်ဆိုင်

ဒီစားသောက်ဆိုင်ကို Hilton Maldives Resort & Spa မှာ ဧပရယ် ၁၅ ရက်နေ့က ဖန်သားချည်း ပဲပြုလုပ်ထားတဲ့ ပင်လယ်ရေအောက်စားသောက်ဆိုင်ကို

ဖွင့်လှစ်ကြောင်းကြေငြာခဲ့ပါတယ် ။ အိန္ဒိယပင်လယ်ရဲ့ ရေအောက်အနက် ငါးမီတာ
မှာ တည်ဆောက်ထားခြင်း ဖြစ်ပါတယ် ။ အဆောက်အအုံကို ပင်လယ်ရေမှော် တွေနဲ့
ဝန်းရံထားပြီး ညစာစားသောက်မယ်ဆိုရင် ရေအောက်မြင်ကွင်းတွေကို ၂၇၀ ဒီဂရီ
ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ် ။

Hilton Maldices Resort & Spa မှ General Manager Carsten Schieck ကတော့ ကျွန်တော်တို့ဟာ မယ်ဒိုက်ဗ် ရဲ့
ပတ်ဝန်းကျင်က ပင်လယ်ရေအောက်မြင်ကွင်းတွေနဲ့ မျက်နှာချင်းဆိုင်
စားသောက်ရအောင် ပင်လယ်ရေအောက်နည်း ပညာတွေနဲ့ တည်ဆောက်ထားခြင်းဖြစ်ပါတယ်
လို့ ဆိုပါတယ် ။ ဆက်လက်ပြီး သူက ကျွန်တော်တို့ရဲ့ ဧည့်သည်တွေဟာ


မယ်ဒိုက်ဗ်ပင်လယ်ရေအောက်ကမ္ဘာရဲ့ အရောင် ကြည်လင်သန့်စင်မှု နဲ့ အလှအပကို
မှတ်ချက်ပေးနိုင်ပြီး ဒါဟာ ဧည့်သည်တွေအနေနဲ့ သူတို့ရဲ့ ခြေထောက်တွေကို
မစိုရပဲ ပင်လယ်ရေအောက်မြင်ကွင်းစုံကို ကြည့်ရှုပြီး ပျော်ရွှင်နိုင်ပါတယ်
လို့ ပြောဆိုခဲ့ပါတယ် ။

MJ Murphy Ltd မှ တည်ဆောက်ခဲ့ပြီး ဒီဇိုင်ကတော့ New Zealand မှ Ithaa's distinctive feature ကို
ယူသုံးထားပါတယ် ။ Acrylic နံရံတွေက ဖောက်ထွင်းမြင်ရပြီး အမိုးကိုလည်း
မြင်ရပါတယ် ။ ကြမ်းခင်းကလွဲလို့ အဆောက်အအုံတစ်ခုလုံးကို ကြည်လင်တဲ့
Acrylic နဲ့ ပြုလုပ်ထားခြင်းဖြစ်ပါတယ် ။ ကျွန်တော်တို့ဟာ Coral garden
တစ်ခုကိုတည်ဆောက်နေပြီး ငါးမန်းတွေ အရောင်အသွေးစုံတဲ့ငါးတွေ ထူးခြားတဲ့


မြင်ကွင်းအဖုံဖုံနဲ့ ဧည့်သည်တွေကို ဆွဲဆောင်ဖို့ ကြိုစားနေပါတယ်လို့လည်း
ဆိုပါတယ် ။

No comments:

Post a Comment