လင်းရောင်ခြည်ဆိုဒ်မှနွေးထွေးစွာကြိုဆိုပါတယ်လာရောက်လည်ပတ်သူများအားလုံးကိုယ်စိတ်နှလုံးရွှင်ပြုံးကြပါစေ

Sunday 2 October 2011

  မည်သူရေးမှန်းမသိတဲ့ ကဗျာလေးတစ်ပုဒ်



·         ကျေးဇူးပဲ - ဆိုတဲ့

·         အပြုံးလေးတစ်ခုနဲ့ 

·         ကျေနပ်ခဲ့ရပေါင်းလည်းများခဲ့ပြီ။

·         ကူညီပါ - ဆှိုတဲ့

·          စကားလေးတစ်လုံးနှင့်လည်း

·         ညာခိုင်းခံရပေါင်းများပြီ။

·         ခဏလေးပါ -ဆိုတဲ့

·         ငှားရမ်းမှုတွေကြောင့်

·         ဆုံးရှုံးခဲ့ရပေါင်းလည်းများပြီ။

·         နက်ဖြန်ခါ - ဆိုတဲ့

·         ချိန်ဆိုးမှုတွေကိုလည်း

·         စောင့်ခဲ့ရပေါင်းများပြီ။

·         သည်းခံပါ -ဆိုတဲ့

·          တောင်းပန်မှုတွေကိုလည်း

·         ခွင့်လွှတ်ခဲ့ရပေါင်းလည်းများပြီ။

·         ဒါတွေကြောင့်လားမသိ ကျွန်ုပ်၏အရေအပြားများ

·         ထူးလွန်းအားကြီးလို့  ဆူးသွားနဲ့ ထိုးလည်းမပေါက် ၊

·         အပ်ကိုပင်ကောက်စေခဲ့ပြီ-

No comments:

Post a Comment