လင်းရောင်ခြည်ဆိုဒ်မှနွေးထွေးစွာကြိုဆိုပါတယ်လာရောက်လည်ပတ်သူများအားလုံးကိုယ်စိတ်နှလုံးရွှင်ပြုံးကြပါစေ

Tuesday 4 October 2011

မိုးကြွင်းနှင်း"
မိုးရေ!
နောက်လဆိုမိုးကုန်လို့ ဆောင်းကူးတော့မယ်
ဘာလိုလိုနဲ့ထွက်သွားတာ လများစွာကြာပေါ့
မနေ့ကလိုပါဘဲ
မိုးဖွဲထဲမှာ မိုးနဲ့အတူဆိုင်ကယ်စီးရင်း
မိုးစက်လေးတွေပါးကိုနမ်းရှိုက်တာ ခံစားဖူးတယ်
မိုးအစဲ လေအဝှေ့မှာ ချမ်းအေးတဲ့လက်အစုံနဲ့
မိုးရင်ထဲခိုလှုံခဲ့ဖူးတယ်
မိုးရွာပြီးစ ရေစက်စိုတဲ့သစ်ခက်လေးကိုဆွဲချရင်း
မိုး ခေါင်းပေါ်စိုရွှဲအောင် စနောက်ခဲ့ဖူးတယ်
မိုး ဆိုတဲ့ အတိုင်း အကြင်နာ့ကို
အေးမြစွာပျော်ရွှင်စေခဲ့ပါတယ်
ရာသီတွေဘယ်လိုကူးကူး
အချစ်ဦး မဟုတ်ပေမယ့် ချစ်ဖူးသူဖြစ်ခဲ့တဲ့ မိုးရေ
ဒီလိုမိုးအကုန် ဆောင်းအကူး
မိုးကြွင်းလေးတွေ ရွာသွန်းရင်လေ
မိုးမရှိမှ ပိုချစ်တာသိခဲ့ရတဲ့
မိုးကြွင်းနှင်းအဖြစ်ကို
ရင်နင့်မိပါတယ်
ကျွန်မရဲ့ မိုးဆိုတာ..........
............
............
မိုးမျှော်တဲ့နှင်း (အကြင်နာနှင်းဆီ)

No comments:

Post a Comment