လင်းရောင်ခြည်ဆိုဒ်မှနွေးထွေးစွာကြိုဆိုပါတယ်လာရောက်လည်ပတ်သူများအားလုံးကိုယ်စိတ်နှလုံးရွှင်ပြုံးကြပါစေ

Saturday 15 October 2011

ကျောက်တုံးတွေနဲ့ ဆောက်တဲ့ မြို့



ပေါ်တူဂီနိုင်ငံက စိတ်ဝင်စားဖွယ်ရာ Monsanto မြို့ကလေး အကြောင်း ပြောပြရင် Mansanto မြို့ကလေးဟာ ထူးထူးဆန်းဆန်း နှစ်သက်စဖွယ်ကောင်းလှတဲ့ တောင်စောင်းပေါ်က မြို့ငယ်ကလေးဖြစ်ပါတယ်။ ဘယ်လိုများလဲဆိုရင်ဖြင့် အဲဒီမြို့ကလေးကို ရောက်သွားသူတိုင်းဟာ မြို့ကလေးရဲ့ ထူးခြားမှုကို သတိမပြုမိဘဲ မနေနိုင်အောင် ရင်သပ်ရှုမော ဖြစ်ကြရတယ်လို့ ဆိုပါတယ်။ မြို့ကလေးမှာရှိတဲ့ အိမ်တွေဟာ သစ်တွေ၊ ဝါးတွေနဲ့ ဆောက်လုပ်ထားတာ မဟုတ်ဘဲ  ကြီးမားလှတဲ့ ဂရင်းနိုက် ကျောက်တုံး ကျောက်ဆောင်ကြီးတွေ ကြားထဲမှာ ဆောက်လုပ်ထားတာဖြစ်ပြီး အချို့အိမ်တွေကတော့ ကျောက်တုံးကို ထွင်းဖောက်ပြီး ဆောက်လုပ်ထားတာဖြစ်ပြီး တစ်ချို့ကတော့ ကျောက်တုံးအရွယ်တော်များနဲ့ တည်ဆောက်ထားကြပါတယ်။ မြို့ကလေးရဲ့ လမ်းတွေဟာဆိုရင်ဖြင့် ကျောက်တုံးတွေကြားထဲမှာ ကွေ့ပတ်ဖောက်လုပ်ထားပြီး အချို့လမ်းတွေဆိုရင် ကျောက်တုံးကိုထွင်းပြီးမှ ဖောက်လုပ်ထားတာဖြစ်ပါတယ်။

Harmonious fusion of nature - Monsanto, Castelo Branco

Image Hosted by PicturePush - Photo Sharing




Monsanto - Palaeolithic village - Monsanto, Castelo Branco


Historic village - Monsanto, Castelo Branco


Monsanto - Monsanto, Castelo Branco




Monsanto - Monsanto, Castelo Branco




Singular house - Monsanto, Castelo Branco



Architecture in Monsanto - Monsanto, Castelo Branco

ကျောက်တုံးပေါ်က ကျောက်တုံးများနဲ့ဆောက်တဲ့အိမ်



Mansanto မြို့ကလေးဟာ ရှေးကျပြီး ပေါ်တူဂီဆန်လွန်းတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ ရှေးခေတ် ကတည်းက ပေါ်တူဂီလူမျိုးတွေဟာ ဒီဒေသက တောင်စောင်း တစ်လျှောက်မှာရှိတဲ့ ကျောက်တုံးတွေကြားထဲမှာ အိမ်ခြေဆောက်လုပ်ပြီး အခြေချ နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။  ၁၉၈၃ခုနှစ်မှာ Monsanto မြို့ကလေးကို ပေါ်တူဂီအဆန်ဆုံး မြို့ကလေးအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ထိုစဉ်ကတည်းက Monsanto ရွာကလေးမှာ အဆောက်အဦးအသစ်တွေ ဆောက်လုပ်တာကို ကန့်သတ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဆယ်စုနှစ် များစွာကြာလာပေမဲ့ မြို့ငယ်ကလေးရဲ့ မြင်ကွင်းဟာ ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိဘဲ ရှေးခေတ်က ဆောက်လုပ်ခဲ့တဲ့ ကျောက်တုံးတွေနဲ့ တည်ဆောက်ထားတဲ့ ပုံသဏ္ဍာန်အတိုင်း အိမ်ပုံစံတွေကသာ များပြားစွာ ရှိနေခဲ့တာကြောင့်လည်း ရှေးခေတ်လက်ရာအတိုင်း ထိမ်းသိမ်းထားနိုင်တဲ့ မြို့လို့ ဆိုနိုင်ပါတယ်။ အိမ်တွေကိုလည်း အမိုးအနီရောင်များဆင်တူ သုတ်ထားကြပါတယ်.






သစ်ရွက်ကြွေချိန်

သစ်ရွက်ဝေချိန်

Sculpted in stone - Monsanto, Castelo Branco
ပန်းတို့ပွင့်ချိန်

ကျောက်တုံးဖိနေတဲ့ အိမ်
The most Portuguese Village - Monsanto, Castelo Branco

Monsanto - Monsanto, Castelo Branco
အပေါ်စီးက မြင်ရတဲ့ Monsanto




Monsanto, rock strength ll - Monsanto, Castelo Branco
ကျောက်တုံး ၂တုံးကြားက အိမ်

မြို့ကလေးမှာရှိတဲ့ အိမ်တွေကို ရုတ်တရက်ကြည့်လိုက်ရင် ကျောက်တုံးကြီးတွေ ဖိညှပ်ခံထားရသလို မြင်တွေ့ရပါတယ်။ အချို့တော့ ဒီမြို့ကလေးဟာ ဆင်းဒဝစ်နဲ့ တူတယ်လို့ ပြောကြပါတယ်။ ဘာလို့လဲဆိုတော့ ပေါင်မုန့်နှစ်ခုကြားမှာ အသားညှပ်ထားသလို၊ ဒီမြို့ကလေးက အိမ်တွေကလည်း ကျာက်တုံးတွေကြားထဲမှာ ကပ်ကပ်သပ်သပ် ညှပ်ပိတ်ပြီး တည်ဆောက်ထားတာမို့ပါ။ စပိန်မြို့လေးဖြစ်တဲ့ Salamanca ကနေ ၁၆၀ ကီလိုမီတာ ကွာဝေးပြီး ရွာကလေးဆီကိုတော့ လွယ်လွယ်ကူကူနဲ့ သွားရောက်နိုင်ဖို့ ခဲယဉ်းပါတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပေမဲ့လည်း ကျောက်တုံးကြီးတွေ ပေါများလှတဲ့ တောင်စောင်းပေါ်မှာ တည်ထားတဲ့ ရွာကလေးရဲ့ ရှုခင်းနဲ့ ရင်သပ်အံ့သြဖွယ်ရာ မြင်ကွင်းတို့ကို မြင်လိုက်ရတယ်ဆိုရင်ဘဲ ခက်ခက်ခဲခဲ သွားရောက်ရပေမဲ့လည်း ပင်ပန်းရကျိုးနပ်တယ်လို့ ဆိုရလောက်အောင် တွေ့မြင်ရခဲတဲ့ အိမ်ကလေးများနဲ့ရွာကလေးကို မြင်တွေ့ခွင့်ရမှာ ဖြစ်ပါတယ်။ ပြီးတော့လည်း Monsanto မြို့ကလေးက ဒေသခံတွေဟာ ခင်မင်ရင်းနှီးတတ်သူများ ဖြစ်ကြပြီး အလွန်သဘောထားပြည့်ဝကာ ဆက်ဆံရေးကောင်းသူများ ဖြစ်ကြတယ်လို့ ရောက်ဖူးသူများက ဆိုပါတယ်။

Monsanto da Beira - Monsanto, Castelo Branco
သာသာယာယာစိမ်းစိုစို

Monsanto, rock strength III - Monsanto, Castelo Branco


Image Hosted by PicturePush - Photo Sharing

Monsanto - Monsanto, Castelo Branco
ကျောက်ပြားခင်းလမ်းကျဉ်းများ

A place with delight VII - Monsanto, Castelo Branco
ကျောက်ကို ထွင်းထားတဲ့လမ်း

 



A place with delight IX - Monsanto, Castelo Branco



Monsanto, rock strength V - Monsanto, Castelo Branco






Casas Portuguesas -XI - Monsanto, Castelo Branco

Monsanto, rock strength - Monsanto, Castelo Branco


Santa Maria do Castelo - Monsanto, Castelo Branco

the Chapel of Santa Maria do Castelo


Church of St. Miguel - Monsanto, Castelo Branco

Church of St. Miguel

São Miguel Chapel - Monsanto, Castelo Branco
၁၂ရာစုခေတ်လက်ရာ São Miguel Chapel

Castle of Monsanto - Monsanto, Castelo Branco

Monsanto Castle - Monsanto, Castelo Branco

Monsanto Castle

မြို့ကလေးရဲ့ လမ်းတွေဟာ ကျောက်တုံးတွေကြား ဖောက်လုပ်ရတာဖြစ်လို့ ကျဉ်းမြောင်းလွန်းလှပြီး မြည်းတစ်ကောင်စာ ဖြတ်သန်းနိုင်ရုံလောက်သာ အကျယ်ရှိတဲ့ လမ်းတွေလည်း ရှိနေခဲ့ပါတယ်။ တောင်ထိပ်ပေါ်အထိ ဖောက်လုပ်ထားတဲ့ လမ်းမဟာ လှေကားထစ်ပေါင်း များစွာနဲ့အတူ ပေလေးရာခန့်အထိ တောက်လျောက် အတက်လမ်း ဖြစ်ပါတယ်။  အချို့အိမ်တွေက ကျောက်တုံးကြီးတွေနဲ့ ဆောက်တာမဟုတ်ပေမဲ့ ကျောက်ပြား၊ ကျောက်တုံးငယ်များနဲ့ တည်ဆောက်ထားပြီး ရွာလမ်းတစ်လျှောက်ကိုလည်း ကျောက်ပြားများ သပ်ရပ်စွာ ခင်းထားပါတယ်။ ရွာရဲ့ တောင်ထိပ်ပေါ်မှာတော့ ပျက်စီး ယိုယွင်းနေပြီဖြစ်တဲ့  ရှေးဟောင်း ရဲတိုက်ကြီး ရှိနေပါတယ်။ ကျောက်တုံးတွေကြားမှာ တည်ထားတဲ့မြို့ဖြစ်တဲ့အပြင် ရှေးခေတ်လက်ရာ အဆောက်အဦးများ၊ ရှေးကျတဲ့ ကျောက်တုံးတည်ဆောက်ခြင်း အတတ်ပညာ လက်ရာများစွာ ရှိနေတဲ့ မြို့ကလေး ဖြစ်တာကြောင့်လည်း Monsanto မြို့ကလေးကို သမိုင်းဝင်နေရာအဖြစ် သတ်မှတ်ထားပါတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော်လည်း အခြားသော မြို့များနဲ့မတူ ထူးခြားတဲ့လက်ရာ ဒီဇိုင်းတွေနဲ့ ကျောက်တုံးတွေကြားက ရှေးခေတ်ပေါ်တူဂီမြို့ကလေးဟာ စိတ်ဝင်စားဖွယ်နေရာတစ်ခုလည်း ဖြစ်ပါတော့တယ်ရှင်။

ဒီနေရာမှာတော့ Monsanto မြို့ကလေးနဲ့ ဆင်ဆင်တူတဲ့ ကျောက်တုံးတွေ ပိနေတဲ့မြို့အကြောင်းကို ရေးခဲ့ဖူးပါသေးတယ်။ စိတ်ဝင်စားရင် ဖတ်ကြည့်နိုင်ပါတယ်နော်။ အားလုံးဘဲ ပျော်ရွှင်ငြိမ်းချမ်း စိတ်ရွှင်လန်းကြပါစေရှင်။



Image Hosted by PicturePush - Photo Sharing
Photos  : http://www.trekearth.com/gallery/Europe/Portugal/North/Castelo_Branco/Monsanto/

Wednesday, October 12, 2011

ရွှေလီမြစ်ကမ်းက မြို့နမ့်ခမ်း

ဒီနေ့ဟာ မိုးလေကင်းလွတ်တဲ့ သီတင်းကျွတ် လပြည့်နေ့ ဖြစ်ပါတယ်နော်။ အခါကြီးရက်ကြီး မြတ်သောနေ့ ဖြစ်လေတော့ ဘုရားဖူးထွက်ကြရင် ကောင်းမလားလို့ စဉ်းစားမိပါတယ်။ ကျွန်မနဲ့အတူ မြန်မာပြည်တွင်းတစ်နေရာက ဘုရားဖူးဖို့ သွားကြပါစို့လားနော်.. ဟိုတလောက မူဆယ်မြို့က ဘုရားကို ဖူးခဲ့ကြသေးတာ မှတ်မိမယ် ထင်ပါတယ်နော်။ ဒီတစ်ခါတော့ မူဆယ်နဲ့ မဝေးလှတဲ့  ရှမ်းတို့ရဲ့မြို့ကလေး နမ့်ခမ်းဆီ အလည်သွားပြီး ဘုရားဖူးကြပါဦးစို့ရဲ့နော်။ မူဆယ်မြို့ကနေ ထွက်လာပြီး စောမွန်လှရဲ့ မွေးရပ်မြေ စယ်လန့်ရွာ ကလေးကို ဝင်ပြီးတာနဲ့ မူဆယ်မြို့ကနေ ကိုးမိုင်ခန့်ဝေးတဲ့ နမ့်ခမ်းမြို့ကို ရောက်ပါတယ်။ နမ့်ခမ်းကနေ ဆက်သွားမယ်ဆိုရင် ကချင်ပြည်နယ် ဗန်းမော်မြို့ထိ သွားလို့ရပါတယ်။ မူဆယ်မြို့နေ ကားနဲ့ထွက်လာပြီး လယ်ကွင်းစိမ်းစိမ်းတွေကိုဖြတ်သန်းပြီး နာရီဝက်မရှိခင်မှာ နမ့်ခမ်းမြို့ ကို လှမ်းမြင်နေရပါပြီ။

နမ့်ခမ်းမြို့ကို လှမ်းမြင်ရပြီ
နမ့်ခမ်းမြို့ကို သက္ကရာဇ် ၁၇၇၇ ခုနှစ်မှာ ကျေးရွာငယ်ကလေးအဖြစ် စတင်တည်ထောင်ခဲ့ပေမဲ့ သာယာအေးချမ်းပြီး လယ်ယာမြေစိုက်ပျိုးဖြစ်ထွန်းတာကြောင့် လူဦးရေ တဖြေးဖြေး တိုးတက်များပြားလာတာကြောင့် မြို့ပြအဖြစ်သို့ ရောက်ရှိလာပါတယ်။ နမ့်ခမ်းဟူသည်မှာ မြို့တောင်ဘက်နားတွင်ရှိတဲ့ နမ့်ခမ်းဖောင် ချောင်းကို အစွဲပြုပြီး မှည့်ခေါ်ခဲ့တာဖြစ်ပါတယ်။ ရှမ်းဘာသာဖြင့်နမ့်  ဆိုသည်မှာ မြန်မာလို ရေ၊ ခမ်းဖောင်ဆိုသည်မှာ ရွှေမှုန်များဟု အဓိပ္ပါယ်ရတာကြောင့် နမ့်ခမ်းဖောင်ချောင်းကလေးမှာ ရွှေထွက်သည့် ချောင်းတစ်ခုအဖြစ် ယခုတိုင် ရွှေကျင်သူများ ရှိနေဆဲဖြစ်ပါတယ်။ ၄င်း နန့်ခမ်းဖောင်ချောင်းဟာ ရွှေလီမြစ်ထဲကို စီးဝင်ပါတယ်။ နမ့်ခမ်းမြို့ဟာ တရုတ်နယ်စပ်နဲ့ ကပ်လျှပ် ရွှေလီမြစ်ကမ်းဘေးမှာ တည်ရှိတာကြောင့် တရုတ်ထွက်ကုန်ပစ္စည်းနဲ့ ရှမ်းပြည်နယ်ထွက်ကုန်ပစ္စည်းတို့ ပေါများပြီး လယ်ယာစိုက်ပျိုးဖို့ မြေသြဇာကောင်းမွန်လှတဲ့ လယ်ကွင်းများ၊ လ္ဘက် စိုက်ပျိုးဖို့ တောင်ကုန်း တောင်တန်းကြီးများ ပေါများလှပါတယ်။ ရှေးခေတ်ကတည်းက သာသာနာရောင်ဝါလင်းသည့် မြို့ဖြစ်တာကြောင့် ဘုရားကျောင်းကန်၊ စေတီပုထိုးများ ပေါများတဲ့မြို့ဖြစ်ပါတယ်။
Image Hosted by PicturePush - Photo Sharing
မြို့အဝင် လမ်းမကြီးဘေးက ဘုရား
Image Hosted by PicturePush - Photo Sharing

မူဆယ် မန့်ခမ်းကြားက ရှမ်းတို့ရဲ့ အိမ်

ရှမ်းပြည်နယ်တစ်ဝိုက်မှာ ပြောင်းဖူးစိုက်တာ များတဲ့အတွက် ပြောင်းဖူးများကို ခုလိုအခြောက်ခံထားတာ ပြောင်းဖူးပေါ်တဲ့ရာသီဆိုရင် အိမ်တိုင်းနီးပါး တွေ့ရတတ်ပါတယ်။

Sunday, October 09, 2011

သောက်စရာစပယ်ပန်းဟင်းချိုနဲ့ ဖျော်ရည်အေး

ဒီနေ့တော့ စပါယ်ပန်းဟင်းချိုအကြောင်း ရေးချင်ပါတယ်။ တကယ်ကို စပါယ်ပန်းဟင်းချို ချက်စားဖြစ်ပါတယ်။ ထူးထူးဆန်းဆန်း ချက်ပြန်ပြီလို့ ပြောကြမယ်ထင်ပါတယ်။ အမှန်တော့ ကျွန်မ တီထွင်ဖန်တီးတဲ့ ဟင်းမဟုတ်ပါဘူး ။ မိတ်ဆွေတစ်ယောက် လက်ဆောင်ပေးတဲ့ ဟင်းချက်နည်းစာအုပ်ထဲမှာ တွေ့လိုက်ရတာမို့ စပါယ်ပန်းကို ချက်စားလို့ရတယ်ဆိုတာ သိလိုက်ရတာဖြစ်ပါတယ်။
စပါယ်ပန်းနဲ့ရောပြီး ချက်ထားတာတွေက မှိုခြောက်၊ မုန်ညင်း၊ ငုံးဥ

ဒီပုံလေးက စပါယ်ပန်းကို ဟင်းချိုချက်တဲ့နည်း ဖော်ပြထားတာ ဖြစ်ပါတယ်။ ဟင်းချက်နည်းကို တရုတ်လို ရေးထားပေမဲ့ ကျွန်မတော့ တစ်လုံးမှ နားမလည်ပါဘူး။ ဒါနဲ့ တရုတ်စာတတ်တဲ့ ညီမလေးတစ်ယောက်ကို အကူအညီတောင်းပြီး ဖတ်ပြခိုင်းရတာဖြစ်ပါတယ်။ ဒီထဲက ဟင်းချက်နည်းကိုကြည့်မိပြီး စပါယ်ပန်းကို ဟင်းချိုချက်စားရရင်ဘယ်လိုအရသာများ ရှိလေမလဲလို့ ကျွန်မက စိတ်ဝင်စားမိပါတော့တယ်။ စပါယ်ပန်းနဲ့ရောပြီး ချက်ထားတာတွေက မှိုခြောက်၊ ငုံးဥ၊ မုန်ညင်းတို့ဖြစ်ပါတယ်။

ခရီးသွားလာရင်း တစ်ရက်မှာ စူပါမားကက်တစ်ခုကို ဝင်ကြည့်တဲ့အခါ စိတ်ဝင်စားဖို့ ကောင်းတာလေးတွေကို တွေ့လိုက်ရပါတယ်။ အဲဒါက ပန်းပေါင်းစုံနဲ့ ဆေးဘက်ဝင် အရွက်များ နှင်းဆီ၊ စပါယ်၊ ညမွှေးပန်း၊ ရှောက်သီး၊ ယူကလစ်ရွက်တွေကို အခြောက်လှမ်းပြီး ရောင်းထားတာပါ။ ဘေးတစ်ဖက်မှာတော့ အဲဒီ ပန်းခြောက် အရွက်ခြောက်များကို ရေခွက်ထဲက ရေနဲ့ စိမ်ပြီး နမူနာ ပြထားပါတယ်။ ခွက်ထဲမှာတော့ ပန်းရဲ့ အရောင်အတိုင်း ရေတွေကလည်း အနီရောင် အစိမ်းရောင် စသဖြင့် မြင်နေရပါတယ်။

လဘက်ခြောက် ၊ ဝက်မြေဥခြောက်၊ ပန်းပေါင်းစုံနဲ့ အသီးခြောက်များ

အခြောက်ခံထားတဲ့နှင်းဆီပန်းအဖူးကလေးများ

ပန်းနုရောင်နှင်းဆီဖူး

အနီရောင်နှင်းဆီပန်းဖူး

ရှောက်သီး ၊ သံပုရာသီးခြောက်များ

ချဉ်ပေါင်သီးခြောက်
ပေါက်ပန်းပွင့်နဲ့ ဆင်တူသော ပန်းခြောက်
စပါယ်ပန်းဖူး

ပရုပ်ဆီနံ့သင်းတဲ့ ယူကလစ်ရွက်ခြောက်

ဒါနဲ့ ကျွန်မလည်း အဲဒီဆိုင်ကနေ အရွက်နဲ့ ပန်းပွင့်ခြောက်တစ်ချို့ကို ဝယ်ယူလာခဲ့ပါတယ်။ စပါယ်ပန်းခြောက်လေးတွေမြင်တော့ အပေါ်ဆုံးက ပုံထဲကလို  ဟင်းချက်စားကြည့်ရင် ဘယ်လိုများနေမလဲဆိုပြီး စဉ်းစားနေမိပါတယ်။ ပြောနေတာကြာပါတယ်နော် ။ လက်တွေ့ချက်ကြည့်ကြရအောင်း)

No comments:

Post a Comment