Monday, 24 October 2011
just for laugh
အားလုံးပျော်ရွှင်နိုင်ပါစေ....
Sunday, 23 October 2011
1
သူယောင်မယ်သီး
Saturday, 22 October 2011
"ချစ်သူပိုင်တဲ့နေ့"
ကိုယ်ပေးသလောက်သာရောက်မယ်ဆိုရင်ပေါ့
ဒီနေ့လေးရဲ့ ငါ့မေတ္တာတွေ နင့်ဆီကိုဘဲပို့နေပါရစေ
ငါပေးမယ့်လက်ဆောင်က ငါကိုယ်တိုင်ပါဘဲ
ငါဟာအရောင်စွန်းတဲ့အနွမ်းထည်လည်းမဟုတ်ရဘူး
ကာလာမဲ့တဲ့ အဖြူထည်လည်း မဖြစ်ပြန်ဘူး
" the last is the best" တဲ့
ဒီစကားသာမှန်ရိုးထုံးစံရှိရင်
နင့်နှလုံးသားရဲ့ဂိတ်ဆုံးမှာ ငါ့ရဲ့မှတ်တိုင်စိုက်ထူပါရစေ
အနေဝေးပေမယ့် ဒီနေလေ့းကိုနင်ပိုင်တယ်
နင့်အနားမှာတစ်ချိန်လုံးငါရှိနေတယ်လို့တွေးပြီး
နင်ပျော်ကြည့်စမ်းပါဟာ ............
ကိုယ်ပေးသလောက်သာရောက်မယ်ဆိုရင်ပေါ့
ဒီနေ့လေးရဲ့ ငါ့မေတ္တာတွေ နင့်ဆီကိုဘဲပို့နေပါရစေ
ငါပေးမယ့်လက်ဆောင်က ငါကိုယ်တိုင်ပါဘဲ
ငါဟာအရောင်စွန်းတဲ့အနွမ်းထည်လည်းမဟုတ်ရဘူး
ကာလာမဲ့တဲ့ အဖြူထည်လည်း မဖြစ်ပြန်ဘူး
" the last is the best" တဲ့
ဒီစကားသာမှန်ရိုးထုံးစံရှိရင်
နင့်နှလုံးသားရဲ့ဂိတ်ဆုံးမှာ ငါ့ရဲ့မှတ်တိုင်စိုက်ထူပါရစေ
အနေဝေးပေမယ့် ဒီနေလေ့းကိုနင်ပိုင်တယ်
နင့်အနားမှာတစ်ချိန်လုံးငါရှိနေတယ်လို့တွေးပြီး
နင်ပျော်ကြည့်စမ်းပါဟာ ............
တောင်ဥက္ကလာ၊ ဝေဇယန္တာလမ်းမပေါ် လှေကလေးကို လှော်
The Lady ဇာတ်ကားထဲမှ ဗိုလ်ချုပ်အတု
မြင်ရခဲတဲ့ စတိုင်လ်နဲ့ ဗိုလ်ချုပ်အစစ်
ပန်းချီမောင်မိုးသူရဲ့ ဒေါ်အောင်ဆန်းစုကြည်
တရံရောအခါက အဆိုတော် လေးဖြူနဲ့ စောဘွဲ့မှူး
လိင်တူချစ်သူတွေတော့ မဟုတ်လောက် ...

ထီးမပါကြသူများ
Friday, 21 October 2011
မှန်ကလေးတစ်ချပ်
မှန်ကလေးတစ်ချပ်
ရုတ်တရက်
ကွဲအက်သွားတယ်
ပြန်ဆက်လို့ရနိုင်ပေမယ့်
အရင်လို အကောင်းအတိုင်းမဟုတ်တော့ဘူး...
နှလုံးသားလေးတစ်ခု
ရုတ်တရက်
နာဖျားသွားတယ်
ပြန်ကုလို့ရနိုင်ပေမယ့်
အရင်လိုအကောင်းအတိုင်းမဟုတ်တော့ဘူး...
တွဲလက်ကလေးများ
ရုတ်တရက်
ပြုတ်ထွက်သွားခဲ့တယ်
ပြန်ဆက်လို့ရနိုင်ပေမယ့်
အရင်လို ခိုင်ခိုင်မြဲ မဖြစ်တော့ဘူး...
အိပ်မက်ကလေးမက်စဉ်
ရုတ်တရက်
လန့်နိုးသွားခဲ့တယ်
ပြန်မက်ချင်မက်နိုင်ပေမယ့်
အရင်နေရာက မဟုတ်တော့ဘူး...
နေ့ညတွေလည်း
အစဉ်အမြဲပဲ
ပြောင်းလဲသွားနေတယ်
မနက်ဖြန်တွေရနိုင်ပေမယ့်
အရင်လိုနေ့တွေပြန်မရတော့ဘူး.....
ရုတ်တရက်
ကွဲအက်သွားတယ်
ပြန်ဆက်လို့ရနိုင်ပေမယ့်
အရင်လို အကောင်းအတိုင်းမဟုတ်တော့ဘူး...
နှလုံးသားလေးတစ်ခု
ရုတ်တရက်
နာဖျားသွားတယ်
ပြန်ကုလို့ရနိုင်ပေမယ့်
အရင်လိုအကောင်းအတိုင်းမဟုတ်တော့ဘူး...
တွဲလက်ကလေးများ
ရုတ်တရက်
ပြုတ်ထွက်သွားခဲ့တယ်
ပြန်ဆက်လို့ရနိုင်ပေမယ့်
အရင်လို ခိုင်ခိုင်မြဲ မဖြစ်တော့ဘူး...
အိပ်မက်ကလေးမက်စဉ်
ရုတ်တရက်
လန့်နိုးသွားခဲ့တယ်
ပြန်မက်ချင်မက်နိုင်ပေမယ့်
အရင်နေရာက မဟုတ်တော့ဘူး...
နေ့ညတွေလည်း
အစဉ်အမြဲပဲ
ပြောင်းလဲသွားနေတယ်
မနက်ဖြန်တွေရနိုင်ပေမယ့်
အရင်လိုနေ့တွေပြန်မရတော့ဘူး.....
Thursday, 20 October 2011
ရှင်သန်ဆဲ..နှလုံးသား.. ♥ ...

မင်းအတွက်ခံစားချက်နဲ့
အစပြုထားတဲံ့
ငါ့ရင်ထဲကကြင်နာခြင်းတွေ...............
ငါ့အတိတ်တွေဘယ်လိုပဲဖြစ်နေပါစေ
ခွင့်လွှတ်တယ်ဆိုတဲ့
မင်းရင်ထဲကကြင်နာခြင်းတွေ...........
ချစ်သူရေ............
သံယောဇဉ်နှောင်ဖွဲ့ထားတဲ့ ကြင်နာခြင်းတွေ
တို့ရင်ထဲမှာ.............ထပ်တူမျှခဲ့ပြီးမှ
သံသယတွေနဲ့
တို့ချစ်ခြင်းကိုအသက်သွင်းမလား။
ရှေ့ဆက်မယ့်မနက်ဖြန်မှာ
တို့နှလုံးသားထပ်တူကျဖို့
မာနတွေခါချပြီး
ငါ့ရင်ထဲဝင်ကြည့်လှည့်ပါ
မင်းအတွက်ချစ်ခြင်းတွေလေ
ငါ့နှလုံးသားထဲမှာ
ရှင်သန်နေဆဲပါကွာ................................။
အစပြုထားတဲံ့
ငါ့ရင်ထဲကကြင်နာခြင်းတွေ...............
ငါ့အတိတ်တွေဘယ်လိုပဲဖြစ်နေပါစေ
ခွင့်လွှတ်တယ်ဆိုတဲ့
မင်းရင်ထဲကကြင်နာခြင်းတွေ...........
ချစ်သူရေ............
သံယောဇဉ်နှောင်ဖွဲ့ထားတဲ့ ကြင်နာခြင်းတွေ
တို့ရင်ထဲမှာ.............ထပ်တူမျှခဲ့ပြီးမှ
သံသယတွေနဲ့
တို့ချစ်ခြင်းကိုအသက်သွင်းမလား။
ရှေ့ဆက်မယ့်မနက်ဖြန်မှာ
တို့နှလုံးသားထပ်တူကျဖို့
မာနတွေခါချပြီး
ငါ့ရင်ထဲဝင်ကြည့်လှည့်ပါ
မင်းအတွက်ချစ်ခြင်းတွေလေ
ငါ့နှလုံးသားထဲမှာ
ရှင်သန်နေဆဲပါကွာ................................။
♣သူသိစေဖို့♣

ဆယ်နှစ်လရာသီလို...........
ဟောင်းပြီးရင်အသစ်မဖြစ်နိုင်တဲ့ 
တို့ ရဲ့ ရင်ခွင်အိုကို စွန့် သူရေ...............
နွေရာသီရဲ့ အလှကိုစာပန်းချီခြယ်သသော်လည်း
တို့ ရင်မှာလေ..........
နေပူမှာလေပြင်းတိုက်နေတဲ့ ........
အာဖရိကတိုက်ကိုရောက်နေသလိုပါပဲ...............
ဝသန်မိုးရဲ့  အလှကိုလေ
ခံစားတက်တဲ့  တို့ ရင်ခွင်ဟာလေ..........
မင်းထားခဲ့တဲ့  အချိန်ကစပြီး........
အိုင်လယ်ကယင်ကောင်လေးလို........
လွတ်မြောက်ရာကိုကူးခတ်နေမိရဲ့ ...........
ဒီဇင်ဘာရဲ့ အလှ........
ဆရာဖေပြောတဲ့  အချမ်းကဲတဲ့ ညတွေမှာလေ.....
ပူလောင်တဲ့  တို့ ရင်ခွင်အတွက်....
ဆရာဖေတောင် ပိုတယ်လို့ ထင်မိရဲ့ .................
အပြစ်တင်လဲ ခံရတော့ မယ်
တို့ ရဲ့ အဖြစ်ကလေ......
မင်းထားတဲ့ အချိန်ကစပြီး..........
လှပတဲ့ သဘာဝရာသီလဲ.........................
ကျိုးပဲ့ ကာ.....တို့ လိုခံစားစေမိရဲ့ ..............
♣တိုင်တည်ခြင်း♣

အထီးကျန်ဆန်တဲ့
လောကကြီးထဲမှာ
ဆက်လက်ရပ်တည်ဖို့
အင်အားတွေ ပေးပါ…
မနက်ဖြန်ဆိုတာကို
ယုံကြည်ချက် ထားဖို့
သတ္တိတွေ ပေးပါ….
အချစ်ဆိုတာကို
မခံစားတတ်ဖို့
ရက်စက်တဲ့
နှလုံးသားတစ်စုံ ပေးပါ….
မျက်ရည်ဆိုတာကို
မသိအောင်လို့
ခါးသီးတဲ့
မျက်ဝန်းတစ်စုံ ပေးပါ…..
လူဆိုတာ နာကျည်းဖို့
အတ္တတွေ ပေးပါ……
အို အသင်လောက………
ငါ့အားဘယ်သူမှ
မသိအောင်
တိတ်တိတ်လေး
ထွက်သွားခွင့် ပေးပါ….
သေဆုံးခြင်း
မဟုတ်ဘူးနော်…ပျောက်ကွယ်ခွင့်……
လောကကြီးထဲမှာ
ဆက်လက်ရပ်တည်ဖို့
အင်အားတွေ ပေးပါ…
မနက်ဖြန်ဆိုတာကို
ယုံကြည်ချက် ထားဖို့
သတ္တိတွေ ပေးပါ….
အချစ်ဆိုတာကို
မခံစားတတ်ဖို့
ရက်စက်တဲ့
နှလုံးသားတစ်စုံ ပေးပါ….
မျက်ရည်ဆိုတာကို
မသိအောင်လို့
ခါးသီးတဲ့
မျက်ဝန်းတစ်စုံ ပေးပါ…..
လူဆိုတာ နာကျည်းဖို့
အတ္တတွေ ပေးပါ……
အို အသင်လောက………
ငါ့အားဘယ်သူမှ
မသိအောင်
တိတ်တိတ်လေး
ထွက်သွားခွင့် ပေးပါ….
သေဆုံးခြင်း
မဟုတ်ဘူးနော်…ပျောက်ကွယ်ခွင့်……
♣အမြင့်မြတ်ဆုံး သူရဲကောင်း♣
အမြင့်မြတ်ဆုံး သူရဲကောင်း
အမေတစ်ယောက်လို
တေးဆိုကာ မချော့တတ်ပေမယ့်
နှလုံးသားရဲ့ အနက်ရှိုင်းဆုံးထိ
အချစ်တွေ ရှိနေတဲ့ …..အဖေ
လောကဓံ လေပူလှိုင်းတွေ
ရိုင်းစိုင်းစွာ တိုက်ခတ်နေသည့်တိုင်
ခိုင်မာသော စိတ်ဓာတ်များနဲ့
မိသားစု ရှေ့ရေးအတွက်
ခရီးဆက်ခဲ့သူ …..အဖေ
သင်္ခါရ သဘောတရားရဲ့အောက်မှာ
ဒူးထောက်ကာ အဖေရှုံးနိမ့်ခဲ့သည့်တိုင်
ကျွန်တော့် အသည်းနှလုံးမှာတော့
“အမြင့်မြတ်ဆုံး သူရဲကောင်း”…တံဆိပ်နဲ့
ခတ်နှိပ် ဂုဏ်ပြုလိုက်ပါတယ်…..အဖေ…။
အမေတစ်ယောက်လို
တေးဆိုကာ မချော့တတ်ပေမယ့်
နှလုံးသားရဲ့ အနက်ရှိုင်းဆုံးထိ
အချစ်တွေ ရှိနေတဲ့ …..အဖေ
လောကဓံ လေပူလှိုင်းတွေ
ရိုင်းစိုင်းစွာ တိုက်ခတ်နေသည့်တိုင်
ခိုင်မာသော စိတ်ဓာတ်များနဲ့
မိသားစု ရှေ့ရေးအတွက်
ခရီးဆက်ခဲ့သူ …..အဖေ
သင်္ခါရ သဘောတရားရဲ့အောက်မှာ
ဒူးထောက်ကာ အဖေရှုံးနိမ့်ခဲ့သည့်တိုင်
ကျွန်တော့် အသည်းနှလုံးမှာတော့
“အမြင့်မြတ်ဆုံး သူရဲကောင်း”…တံဆိပ်နဲ့
ခတ်နှိပ် ဂုဏ်ပြုလိုက်ပါတယ်…..အဖေ…။
♣တိတ်တိတ်လေးပဲကောင်းတယ်♣

ငါ့ချစ်ခြင်းကို မင်းငြင်းပယ်ပြီးနောက်မှာ
ဒဏ်ရာပေါင်းမြောက်မြားစွာနဲ့ 
ငိုကြွေးနေတဲ့ ငါ့နှလုံးသားကို
ဆွေးသီချင်းတစ်ပုဒ်နဲ့ 
ချော့ရအုံးမယ်...
ပြင်းရှခါးသီးတဲ့ နီညိုရောင်အရည်တစ်ခွက်နဲ့ 
နှလုံးသားကိုချော့သိပ်
မျက်စိနှစ်လုံးကို စုံမှိတ်လိုက်တဲ့ခဏတာမှာ
ငါ့ရင်ထဲ နေတစ်စင်းအရည်ပျော်သွားသလို...
သူ့ကိုစတွေ့ကတည်းက
သဘောကျခဲ့တဲ့ငါ
မလှမ်းမကမ်းမှာ ရုတ်တရက်
လှမ်းလှမ်းတွေ့လိုက်ရရင်
ငါငေးငေးမိသွားတယ်။
လျှောက်ခဲ့ကြတဲ့လမ်းက တူပေမယ့်
ဦးတည်ရာခရီးက တစ်ခြားဆီလေ
သူ့ဘက်က လှည့်ကြည့်ခဲ့ရင်တောင်
သူလှည့်ကြည့်တာကို သိနိုင်ဖို့
ငါ ရပ်ပြီး ငေးမနေချင်တော့ဘူး။
အဝေးက မြင်နေရရုံ
စိတ်ထဲက တွေးနေရရုံနဲ့
ငါ့နှလုံးသားကို ဖြေသိမ့်ရင်း
တိတ်တိတ်လေး ဆွေးနေပါတော့မယ်။
ဒဏ်ရာပေါင်းမြောက်မြားစွာနဲ့ 
ငိုကြွေးနေတဲ့ ငါ့နှလုံးသားကို
ဆွေးသီချင်းတစ်ပုဒ်နဲ့ 
ချော့ရအုံးမယ်...
ပြင်းရှခါးသီးတဲ့ နီညိုရောင်အရည်တစ်ခွက်နဲ့ 
နှလုံးသားကိုချော့သိပ်
မျက်စိနှစ်လုံးကို စုံမှိတ်လိုက်တဲ့ခဏတာမှာ
ငါ့ရင်ထဲ နေတစ်စင်းအရည်ပျော်သွားသလို...
သူ့ကိုစတွေ့ကတည်းက
သဘောကျခဲ့တဲ့ငါ
မလှမ်းမကမ်းမှာ ရုတ်တရက်
လှမ်းလှမ်းတွေ့လိုက်ရရင်
ငါငေးငေးမိသွားတယ်။
လျှောက်ခဲ့ကြတဲ့လမ်းက တူပေမယ့်
ဦးတည်ရာခရီးက တစ်ခြားဆီလေ
သူ့ဘက်က လှည့်ကြည့်ခဲ့ရင်တောင်
သူလှည့်ကြည့်တာကို သိနိုင်ဖို့
ငါ ရပ်ပြီး ငေးမနေချင်တော့ဘူး။
အဝေးက မြင်နေရရုံ
စိတ်ထဲက တွေးနေရရုံနဲ့
ငါ့နှလုံးသားကို ဖြေသိမ့်ရင်း
တိတ်တိတ်လေး ဆွေးနေပါတော့မယ်။
♣ခေတ်သစ်နှလုံးသား♣

မခေါ်ဘဲနဲ့ဝင်လာရောက်လာတဲ့
ပျော်ရွှင်မှုတစ်ခုကို
Download လုပ်ပြီး
File တစ်ခုအဖြစ်
နှလုံးသားတစ်နေရာမှာ
Save As လုပ်ထားခဲ့တယ်........
တိမ်းညွှတ်လွယ်တဲ့ ငါ့နှလုံးသားကို
လျှို့ဝှက်မှုတွေ လွှမ်းခြုံထားတဲ့
Entertainment တွေနဲ့
လှည့်စားခဲ့ပြန်တယ်..................
အသိစိတ်ရဲ့ Warning တွေကြောင့်
သာယာနေတဲ့ မသိစိတ်ကို
Delete လုပ်ဖြစ်ဖို့ ကြိုးစားခဲ့တဲ့ငါ
နှလုံးသားရဲ့ Recycle Bin ထဲက
နှင်ထုတ်ဖို့တော့
မကြိုးစားရက်ခဲ့ပါဘူးလေ............
ပျော်ရွှင်မှုတစ်ခုကို
Download လုပ်ပြီး
File တစ်ခုအဖြစ်
နှလုံးသားတစ်နေရာမှာ
Save As လုပ်ထားခဲ့တယ်........
တိမ်းညွှတ်လွယ်တဲ့ ငါ့နှလုံးသားကို
လျှို့ဝှက်မှုတွေ လွှမ်းခြုံထားတဲ့
Entertainment တွေနဲ့
လှည့်စားခဲ့ပြန်တယ်..................
အသိစိတ်ရဲ့ Warning တွေကြောင့်
သာယာနေတဲ့ မသိစိတ်ကို
Delete လုပ်ဖြစ်ဖို့ ကြိုးစားခဲ့တဲ့ငါ
နှလုံးသားရဲ့ Recycle Bin ထဲက
နှင်ထုတ်ဖို့တော့
မကြိုးစားရက်ခဲ့ပါဘူးလေ............
♥ကဗျာချစ်သူ♥z@wko!
AVATAR MOVIES
Posted in | အချိန် 06:18
နာမည်ကြီးဇာတ်ကားလေးမို့ ကြည့်နိုင်ရန် စီစဉ်ပေးထားပါတယ်............

အောက်တွင်ဖော်ပြထားသောနေရာတွင် ကလစ်ပြီး ကြည့်ရှူ့ ရန်လင့်သို့ သွားပါ လင့်သို့ရောက်လျှင် Close Me ကို ပိတ်ပြီး Play icon လေးကိုနှိပ်လိုက်ပါ. အဆင်ပြေမယ်ထင်ပါတယ်
ဒီမှာကြည့်ရန်ကလစ်ပါ

♥အားလုံးပျော်ရွင်မှူရသတွေ ခံစားနိုင်ကြပါစေဗျာ♥.......................................

အောက်တွင်ဖော်ပြထားသောနေရာတွင် ကလစ်ပြီး ကြည့်ရှူ့ ရန်လင့်သို့ သွားပါ လင့်သို့ရောက်လျှင် Close Me ကို ပိတ်ပြီး Play icon လေးကိုနှိပ်လိုက်ပါ. အဆင်ပြေမယ်ထင်ပါတယ်
ဒီမှာကြည့်ရန်ကလစ်ပါ
♥အားလုံးပျော်ရွင်မှူရသတွေ ခံစားနိုင်ကြပါစေဗျာ♥.......................................
♥%♥လမ်းခွဲခြင်း♦

မဆုံနိုင်တော့တဲ့ အချစ်
ရဂုံမြိုင်လမ်းမှာ ကျောခိုင်းရင်း
မျက်ရေတွေ ဖောင်ဖွဲ့
အလွမ်းတွေကို ကမ်းမျှောရင်း
နာကျင်ခြင်းနှင့် ဆုတ်ခွာ
ရင်မှာ ဒဏ်ရာတွေနှင့်
ကာရန်မဲ့တဲ့ သီချင်း
ဖောက်ပြန်တဲ့ သံဇဉ်တွေနှင့်
ဂစ်တာအိုလေး တစ်လက်ရယ်
ဟစ်ကြွေးပြတဲ့ ကိုယ့်ဝေဒနာကို
ချစ်သူ မသိနိုင်တော့ပါဘူး........
နောက်ဆုံး...အမုန်းတွေမရှိတဲ့
လမ်းခွဲခြင်းတွေနဲ့ ကျောခိုင်းနှုတ်ဆက်
စည်းတစ်ဖက် ခြားတဲ့
ချစ်ခြင်း တွေနဲ့အတူ
ဒီဘ၀မှာ ကံမဆုံနိုင်တော့တဲ့
တို့နှစ်ယောက်ရဲ့ အချစ်တွေအတွက်
ကံကြမ္မာကိုပဲ
ယိုးမယ်ဖွဲ့တော့မယ် ချစ်သူရယ်.....
Saturday, 15 October 2011
ထူးဆန်းတဲ့ ရေပူစမ်းနဲ့ နှင်းခဲလုံးလေးများ
ထူးဆန်းတဲ့ ရေပူစမ်းနဲ့ နှင်းခဲလုံးလေးများ
ထူးဆန်းတာလေးတွေအကြောင်း မရေးဖြစ်တာ ကြာပြီမို့ ဒီပိုစ့်မှာတော့ ထူးထူးဆန်းဆန်းလေးတွေ ရှာဖွေ တင်ပြချင်ပါသေးတယ်။
သဘာဝနှင်းရေခဲလုံးများ
သိပ်မကြာခင်ကမှ နိုင်ငံတော်တော်များများမှာ နှင်းတွေ ကျတဲ့ ဆောင်းရာသီကို ဖြတ်သန်းခဲ့ကြပါတယ်။ နှင်းတွေ အဆုပ်အခဲလိုက် မြေပြင်ပေါ်မှာ ကျဆင်းလာရင် ကလေးတွေနဲ့ ပျော်တတ်သူအချို့က နှင်းလုံး (snow ball) တွေလုပ်ပြီး ဆော့ကစားတတ်ကြပါတယ်။ ဖြူဖြူအပွင့်လေးတွေ အဖြစ် ကျဆင်းပြီး မြေပြင်ပေါ်မှာ တဖြေးဖြေး အထပ်ထပ်ဖြစ်လာတဲ့ နှင်းပွင့်တွေဟာ လူကိုယ်တိုင်က မဖန်တီးဘဲ အလုံးကလေးတွေ ဖြစ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါပေမဲ့ အောက်က ပုံမှာ ရှိနေတဲ့ နှင်းလုံးခေါ် ရေခဲလုံးလေးတွေဟာ လူက ဖန်တီးပြုလုပ်ထားတာ မဟုတ်ဘဲ အံ့သြဖွယ်ရာ အလိုအလျောက် ဖြစ်နေကြတဲ့ အလုံးလေးတွေဖြစ်ပါတယ်။ မစ်ချီဂန် ရေကန်ကြီးရဲ့ ကမ်းခြေတစ်လျောက် ခုလို များပြားလှတဲ့ နှင်းခဲလုံးတွေကို ထူးဆန်းအံ့သြဖွယ် မြင်တွေ့ရပါတယ်။ ဘယ်လို လူသားတွေကမှ ဒီလောက်များပြားလှတဲ့ နှင်းခဲလုံးတွေကို အအေးခံ၊ အပင်ပန်းခံပြီး ပြုလုပ်ကြမှာ မဟုတ်ပါဘူး။
နံနက်ခင်းရဲ့ နေခြည်အောက်မှာ
နှင်းခဲလုံးတွေ ဘာကြောင့် ဒီလောက်များပြားစွာ ဖြစ်ပေါ်နေတယ်လို့ ဘယ်သူကမှ အတိအကျ မပြောနိုင်ပေမဲ့ ပညာရှင်တွေကတော့ ရေကန်ရဲ့ ကမ်းခြေအစပ်က နှင်းလွှာပြင်ကြီးဟာ ရေရဲ့ ရွေ့လျားလှုပ်ရှားမှုနဲ့ ရာသီဥတု အေးခဲမှတ်တို့ကြောင့် ခုလို နှင်းလုံးလေးတွေဟာ သဘာဝတရားရဲ့ ဖန်တီးမှုနဲ့ ထူးဆန်းစဖွယ် ဖြစ်ပေါ်လာရတယ်လို့ခန့်မှန်းကြပါတယ်။
ဘယ်သူတွေက ဒီနှင်းခဲတွေကို အလုံးလေးတွေ လုပ်ထားတာပါလိမ့်.
ခပ်ဝေးဝေးက ကြည့်လိုက်ရင် လုံးစက်နေတဲ့ နှင်းလုံးလေးတွေဟာ ကမ်းခြေတစ်လျှောက် မျက်စိတစ်ဆုံး ရှိနေပြီး ပုလဲလုံးလေးတွေ ကြဲဖြန့်ထားသလို လှပဖြူဖွေးစွာ ရှိနေကြပါတယ်။ အောက်က ပုံတွေမှာ ဆက်ပြီး ကြည့်မယ်ဆိုရင် ရေကန်ရဲ့ အောက်ခြေ ကြမ်းပြင်တွေမှာပါ များပြားလှတဲ့ ရေခဲလုံးတွေ ရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။
လှပစီရီနေတဲ့ ရေခဲလုံးများ
ရေကန်အောက်ခြေမှာပါ များပြားလှတဲ့ ရေခဲလုံးများ
အဲဒီရေခဲလုံးတွေဟာ အဆုံးအစမရှိအောင် များပြားနေတာကို ထူးဆန်းအံ့သြဖွယ် မြင်တွေ့ရမှာဖြစ်ပါတယ်.. အဲဒီအဖြစ်အပျက်ဟာ မီချီကန် ရေကန်ကြီးရဲ့ ကမ်းခြေမှာ ဖြစ်ပျက်နေတာဖြစ်ပြီး တစ်ခြားကမ်းခြေမှာလည်း ရေကန်အောက်ခြေမှာ ခုလို ၀ိုင်းစက်နေတဲ့ အလုံးကလေးတွေ တွေ့ကောင်း တွေ့ရနိုင်ပါတယ်။ ဒါပေမဲ့ သင်တွေ့ရတဲ့ အလုံးလေးတွေဟာ ခုမြင်ရသလို နှင်းခဲလုံးတွေတော့ မဖြစ်နိုင်ပါဘူး။ ကျောက်စရစ်ခဲလေးတွေသာ ဖြစ်နိုင်ပါတယ်။ ဒီလို နှင်းလုံးတွေကိုတော့ ခုမြင်ရတဲ့ မီချီကန် ရေကန်ကြီးမှာသာ ထူးထူးခြားခြား မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ပုလဲလုံးလေးများသဖွယ်
ကမ်းခြေက ရေကန်စပ် တစ်လျှောက် များပြားလှတဲ့ ရေခဲလုံးများ
********@**********
ရောင်စုံရေပူစမ်း
ဆက်လက် ဖော်ပြချင်တဲ့ ထူးထူးဆန်းဆန်းတစ်ခုက နီဗားဒါး ပြည်နယ်ရှိ Hualapai တောင်ကြားမှာရှိတဲ့ ရေပူစမ်း အကြောင်း ဖြစ်ပါတယ်..
၎င်းရေပူစမ်းဟာ မြေပြင်ပေါ်မှာ စမ်းချောင်းသဖွယ် ငြိမ့်ငြိမ့်ညင်သာ စီးဆင်းနေတဲ့ ရေပူစမ်းမဟုတ်ဘဲ လေထဲမှာ ပန်းထွက်နေတဲ့ ရေပူစမ်း အမျိုးအစားဖြစ်ပါတယ်။ ၄င်းရေပူစမ်းက ရေထဲမှာ ပါဝင်တဲ့ ဓာတ်သတ္တုတွေ စုပုံလာမှုကြောင့် နှစ်ပေါင်းများစွာ ကြာမြင့်လာပြီးနောက် ခုမြင်ရတဲ့အတိုင်း ၄မီတာခန့် မြင့်လာအောင် သဘာဝတရားရဲ့ ဖန်တီးမှုနဲ့ ဖြစ်ပေါ်လာရပါတယ်။ ရေထဲမှာ ဓာတ်သတ္တု အမျိုးအစား မြောက်မြားစွာ ပါဝင်ပြီး ၄င်း ရေပန်းရဲ့ ဘေးမှာ ဖြစ်ပေါ်နေတဲ့ ရေကန်လေးတွေထဲမှာတော့ ငါးလေးများ၊ ငွေငန်းဖြူများ၊ ဘဲခေါင်းစိမ်းများ မြူးတူးပျော်ရွှင် ကျက်စားလျှက် ရှိနေပါတယ် ။
ရောင်စုံ ရေပူစမ်း
ရေပူစမ်းဘေးက ရေကန်လေးများ
ရေပူစမ်းရဲ့ဘေး အောက်ခြေမှာတော့ ရွံနွံတွေ သဲတွေ ထူထပ်များပြားစွာ ရှိနေခဲ့ပါတယ်.. ရေထဲမှာပါဝင်တဲ့ သဘာဝ ဓာတ်သတ္တုတွေနဲ့ နေရဲ့ အပူရှိန်တို့ကြောင့် ရေပူစမ်းရဲ့ ဘေးဝန်းကျင်မှာရှိတဲ့ ကျောက်ဆောင် ကျောက်သားတွေကို လှပဆန်းကြယ်တဲ့ အရောင်အသွေးတွေ ဖြစ်ပေါ်လာစေပါတယ်။ ကမ္ဘာမြေပေါ်မှာ မြင်ရခဲတဲ့ အရောင်အသွေးစုံ ကျောက်ဆောင်တွေကြောင့် ရုတ်တရက်ကြည့်ရင် အခြားသော ဂြိုလ်တစ်ခုခုကို ရောက်နေတယ်လို့ ခံစားမိလောက်အောင် ထူးဆန်းလှပနေတယ်လို့ ဆိုပါတယ်။ လေထဲမှာ ပန်းထွက်နေတဲ့ ရေတွေဟာ ပူနွေးကာ သန့်ရှင်းတဲ့ ရေချိုများဖြစ်ပြီး ၂ မီတာ အမြင့်ထိ လှပဆန်းကြယ်စွာ ဖြာထွက်နေတာမို့ ကြည့်ရတာ ရင်သပ်ရှုမော ဖြစ်ရတယ်လို့ ရောက်ဖူးသူများက ဆိုပါတယ်။
အောက်မှာတော့ ရေပူစမ်းရဲ့ ရှုထောင့် မျိုးစုံက ဓာတ်ပုံများကို ဖော်ပြပေးလိုက်ပါတယ်နော် ။
ဆည်းဆာနဲ့ အလှချင်းပြိုင်
ကျွန်မတို့လည်း ဒီ သဘာဝတရားကြောင့် ထူးထူးဆန်းဆန်း လှပစွာ ဖြစ်ပေါ်နေတဲ့ နှင်းခဲလုံးတွေနဲ့ ရောင်စုံရေပူစမ်းကို လူကိုယ်တိုင် သွားရောက်လို့ မကြည့်နိုင်ပေမဲ့ ဓာတ်ပုံလေးတွေကြည့်ပြီး ခံစားကြည့်နိုင်ပါတယ်နော်။
Subscribe to:
Comments (Atom)













