လင်းရောင်ခြည်ဆိုဒ်မှနွေးထွေးစွာကြိုဆိုပါတယ်လာရောက်လည်ပတ်သူများအားလုံးကိုယ်စိတ်နှလုံးရွှင်ပြုံးကြပါစေ
Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts
Thursday, 6 October 2011
Flash Song လုပ်ချင်သူများကြည့်ရန်.
ဒီဟာလေးရှိတာနဲ့  Flash Song အပုဒ်200 ကိုအလွယ်တကူနားဆင်နိုင်ပါပြီ
အခုတင်ပေးတာလေးကတော့ Flash Song ချစ်သူတွေအတွက်ပါ အလွယ်တ
ကူ ရွေးချယ်နားဆင်နိုင်မှာဖြစ်ပါတယ် Miscrosoft word ဖြင့်  သီချင်းနာမည်
များရိုက်ပြီး  လင့်ခံပေးထားတာကြောင့် အခုတင်ပေးထားတဲ့    ဖိုင်လေးကနေ
မိမိတို့ စိတ်ကြိုက်သီချင်းများကို အဆင်ပြေစွာ ရွေးချယ် နားဆင်နိုင်ပါကြောင်း
သတင်းကောင်း   ပါးအပ်ပါတယ်    အခုတင်တဲ့    ဖိုင်လေးကို     ပြုလုပ်သူက
ကိုဇော်နိုင်(ပြတိုက်)    ဖြစ်ပီး    ပြန်လည်  မျှဝေတာကတော့    မောင်မျိုးမင်း
(ရင်ထဲဖြစ်) ဖြစ်ပါတယ်   အားလုံးကို  အဆင်ပြေလွယ်ကူစွာ     နားဆင်နိုင်ဖို့ 
မောင်(စွယ်စုံကျမ်း)မှတဆင့် ထပ်လောင်း မျှဝေလိုက်ရပါကြောင်း.......။
ဖိုင်ဆိုဒ်က(33kb) ပဲရှိတာပါ Download ယူရန်  Flash သီချင်းအပုဒ်200
Monday, September 19, 2011
Flash Song ကိုယ်တိုင်လုပ်လိုသူများအတွက် အသင့်သုံးမူရင်းဖိုင်များ
ဒီတစ်ခါတင်လိုက်တာကတော့ ၀ါသနာတူ အခြေခံပညာသင် သူငယ်ချင်းတွေ
သဘောကျလိမ့်မယ်လို့ ထင်ပါတယ် Flash Song အသင့် လုပ်ပီးသား တွေပါ
အစ ကနေ     ပြန်လုပ်စရာမလိုပဲ    အခုတင်ထားတာတွေ    ဒေါင်းလုပ်ယူပြီး
နာမည်လေးတွေ ပြန်ပြင်ရုံနဲ့  မိမိနာမည်ပါတဲ့   သီးချင်းတစ်ပုဒ်   ခဏလေးနဲ့ 
ရယူနိုင်ပါပြီ  စိတ်ကြိုက်  ပြန်လည်ပြုပြင်    နိုင်ပါတယ်  အကြောင်း အမျိုးမျိုး
ကြောင့်  မူရင်းသီချင်းတွေမှာ  ကျနော့်သူငယ်ချင်းများရဲ့    ပုံများ  နာမည်များ
ပါလာခဲ့သည်ရှိသော် ဖျက်ပီးသုံးဖို့ ကိုလည်း  မေတ္တာရပ်ခံပါတယ် သူငယ်ချင်း
တွေက ကျနော်ဖန်တီးပီးသား  သီချင်းလေးကို   သူတို့ နာမည်နဲ့     ပြောင်းပီး
လုပ်တတ်ကြသောကြောင့် မလိုအပ်တဲ့လူမှု ရေး  ပြဿနာလေးတွေ  ဖြစ်လာ
မှာလည်းစိုးမိပါတယ် ဒီဖိုင်တွေကိုတော့  ညီလေး ဇင်လင်း   ကတောင်းဆိုတာ
ကြောင့်လိုင်းကောင်းတဲ့  ရုံးက  ကွန်ပျူတာကနေ  ခိုးပီးတော့   Upload  တင်
မျှဝေလိုက်ပါတယ် အစကနေ ဖန်တီးရတာ  အလွန်ကြာပီး  သူများလုပ်ပီးသား
သီချင်းကို နာမည်ပြောင်း ပြင်ဆင်ရတာ အလွန်လွယ်ပါတယ်      မလုပ်တတ်
သေးသူများအတွက်နည်းလမ်းလေးမျှဝေလိုက်ပါတယ်.   max3 ကို ဖွင့်ထားပါ
File = Open ကနေ Download ယူထားတဲ့အထဲက သီးချင်တစ်ပုဒ်ယူလိုက်ပါ
သီချင်းလုပ်သူနာမည် ဘာညာသရကာ ပြောင်းချင်ရာပြောင်းပီး File= Export
to Swf ဆိုရင် မိမိနာမည်ပါတဲ့သီချင်းတစ်ပုဒ်ကို 3မိနစ်အတွင်းရပါမယ် Flash
Song  သီချင်းတွေ  လုပ်ကြတဲ့သူ  အများကြီးပါ မူရင်းဖိုင် မတင်ပေးတဲ့သူတွေ
များပါတယ် ကိုယ့်နာမည်ကိုယ်ရေးပီး  တင်တတ်ကြပါတယ်   နားထောင်တဲ့သူ
ဘယ်လိုလည်း     မသိပေမယ့်    သူများနာမည်နဲ့  သီချင်းကြီးမလိုချင်ဘူးလေ
ကိုယ့်ချစ်သူပေးမယ်ဆိုရင်တော့ သူများ မေးလိပ်စာကြီးကပါနေတာ   ကြည့်မ
ကောင်းဘူးပေါ့    ဖိုင်မူရင်းတင်ပေးတာ   မောင်(စွယ်စုံကျမ်း)  တစ်ယောက်ပဲ
ရှိတယ်တဲ့ ညီလေး ဇင်  ပြောတာပါ သီချင်းမူရင်း တွေယူပီးကောင်မလေးရှေ့
မှာကြွားမလို့ ထင်ပါရဲ့ ညီလေးဇင်လင်းရေ တင်လိုက်ပီနော်................။
ဒီလင့်ကနေDownload ယူပါ... Flash သီချင်းမူရင်းဖိုင်များ(Swi)
ငါ့ရဲ့လမင်း   နေချင်တာမင်းအနား  အဆင်ပြေပါစေ မောင်ဘာလို့ ချစ်တာလဲ
သူစိမ်းတစ်ယောက်ပါ  လက်ခံပေးပါ  တစ်ခါထဲချစ်ချင်လို့ ပါ  နားလည်ပါ
စာမျက်နှာ15   အလွမ်းသင့်ပန်းချီ သံယောဇဉ်  တောင်းပန်ပါတယ်
တစ်ယောက်းထဲကိုချစ်တာ ခဏတာ ဖြေသိမ့်လိုက် ခိုင်မြဲသောအချစ်တို့ နဲ့  ဖိုင်ထဲမှာသီချင်းတွေအများကြီးပါ.... အားလုံးအဆင်ပြေပါစေ..............။
မိမိချစ်သောသူကိုပေးရန်သင့်တော်သော လေးဖြူ ရဲ့ လမင်း
လေးဖြူသီဆိုထားတဲ့ ငွေလမင်းသီချင်းလေးကိုတော့ ဘယ်သူမှ  မတောင်းဆို
ပါဘူး ခံစားမိတဲ့သီချင်းလေး ဖြစ်တာကြောင့် တိုက်ဆိုင်သူများရှိရင် ကူးယူစေ
နိုင်ရန်နဲ့    မိမိချစ်သူအား လက်ဆောင် ပေးချင်ပါက ပေးလို့ ရအောင် အဆင်
သင့်  နာမည်မပါဘဲ   လူတိုင်းအတွက်    ပြုလုပ်ထားပါတယ်   ကူးယူချင်ပါက 
မော်ဇီလာဖိုင်  save page as   ကနေ Save နိုင်သလို သီချင်းဖွင့်ပီး Adress 
bar မှာ ပေါ်နေတဲ့ လင့်ကိုယူနိုင်ပါတယ် လင့်ခံထားပေးတဲ့အတွက် လင့်လေး
ပေးလိုက်ရုံနဲ့  မိမိချစ်သူအဆင်ပြေစွာနားဆင်နိုင်မှာဖြစ်ပါကြောင်း............။
သီချင်းနားဆင်ရန် နဲ့ ကူးယူရန်နှိပ်ပါ လေးဖြူရဲ့ ငွေလမင်း
သီချင်းစာသားလေးများကတော့.............................။
အရှုးံတွေထဲငါလည်းပြိုရင်း….အတိတ်တွေထဲငါပျောက်ဆုံးချိန်
မြင်နိုင်တဲ့ငါ့အနာဂတ်တို့ မင်းမြင်….ငါဟာကျဆုံးချိန်…
ငါ့ရဲ့နဘေးကိုမင်းဝင်လာပြီး…..လဲပြိုကျသူငါ့ကိုထူပြီး
အဆီအငေါ်မတည့်တဲ့ငါ့ရဲစကားတွေ..နင်ဟာခွင့်လွတ်သီးခံခြင်း….။
တန်ဖိုများမရှိတော့ဘူးလို့ ငါထင်နေတဲ့ ဘ၀..
မင်ရဲ့လက်မှာငါတစ်ခါပြန်လည်ကာအသက်ဝင်တောက်ပ……
Wooh Huu  Wooh နင်ဟာအရှုံးတွေထဲမှာမျောနေခဲ့သူငါ့ကိုဆယ်ရင်း
ပျော်ရွှင်ခြင်းကိုငါ့ရင်ဘတ်မှာတံဆိတ်လိုကပ်ရင်း……….
နင်ဟာငါ့အတွက်တော့……………
နင်ဟာငါ့အတွက်တော့…..  ငွေလမင်း……..
အေးးးး ….ငါ့အိမ်မက်တွေခြောက်ကပ်ရင်း
လမ်းတွေတိုင်းဟာပျောက်ဆုံးချိန်….
ဒါတွေမရှိတော့မှ…ှနင်ဖန်ဆင်းတဲ့….ငါ့ဘ၀…ဟာ..
အားငယ်စိတ်တွေမရှိဘူး….ဘ၀ရဲ့ပန်းတိုင်ငါတွေ့ ပြီ….
နင်ဟာလမ်းပြကြယ်..နင်ဟာငါ့ရဲ့နတ်သမီး
တန်ဖိုများမရှိတော့ဘူးလို့ ငါထင်နေတဲ့ ဘ၀…..
မင်ရဲ့လက်မှာငါတစ်ခါပြန်လည်ကာအသက်ဝင်တောက်ပ……
Wooh Huu  Wooh…နင်ဟာအရှုံးတွေထဲမှာမျောနေခဲ့သူငါ့ကိုဆယ်ရင်း
ပျော်ရွှင်ခြင်းကိုငါ့ရင်ဘတ်မှာတံဆိတ်လိုကပ်ရင်း……….
နင်ဟာငါ့အတွက်တော့……………
နင်ဟာငါ့အတွက်တော့……..ငွေလမင်း……..။
Friday, September 16, 2011
မောင် ဘာကြောင့်မို့ ချစ်တာလဲ(ချစ်သူရှိသော မိန်းကလေးများအတွက်သာ)
ဒီသီချင်းလေးကတော့ ချစ်သူရှိသော မိန်းကလေး များအတွက် မိမိ ချစ်သူကို
ပို့ ပေးသင့်တဲ့  သီချင်းလေးပါ နာမည် မပါတဲ့အတွက် ကြိုက်သလို    ဖြန့် ဝေ
နိုင်ပါတယ် သီးသန့်   ပေးချင်သူများ  ကတော့ Upload   တင်ရတာ  လိုင်းမ
ကောင်းလို့    mail နဲ့  ဆက်သွယ်နိုင်ပါတယ်  မဆက်သွယ်တဲ့သူ  ချစ်သူမရှိ
ဘူးလို့  မှတ်ယူမည်ဖြစ်ကြောင်း.။
သီချင်းနားဆင်ရန် ဒေါင်းလုပ်ယူရန်နှိပ်ပါ  မောင်ဘာဖြစ်လို့  ချစ်တာလဲ
သီချင်းစာသားများ ။              ။
စဉ်းစားရင်းတွေးရင်းမေးခွန်းလေးတွေပေါ်လာ
စဉ်းစားပြီးကျမရဲ့မေးခွန်းလေးတွေဖြေပါ
=====
မောင်..ဘာဖြစ်လို့ ချစ်တာလဲ..
မောင်..ဘာကြောင့်မို့ ချစ်တာလဲ
မောင်ဘယ်လောက်ထိချစ်မှာလဲ
ကျွန်မကမလှရင်ကောတစ်သက်လုံးပဲချစ်မှာလား
မောင်..ဘယ်တုန်းကချစ်တာလဲ
မောင်..ဘယ်အထိဆက်ချစ်နိုင်မလဲ
မောင်..တကယ်အပြည့်အ၀ချစ်ရဲ့လား
ကျွန်မထက်လှသူနဲ့ တွေ့ သွားတော့အချစ်လျော့မလား
စဉ်းစားရင်းတွေးရင်းမေးခွန်းလေးတွေပေါ်လာ
စဉ်းစားပြီးကျမရဲ့မေးခွန်းလေးတွေဖြေပါ..
စဉ်းစားပြီးဆူးခက်နင်းအချစ်ဆူးများပန်ပွင့်ခင်း
အို..ယုံကြည်သလိုပင်မောင့်ဘက်ကချစ်မလား....
ကျွန်မရဲ့အချစ်ထက်မောင့်ရဲ့အချစ်ပိုပါစေ
ကျွန်မတောင်းတဲ့ဆုနဲ့ ပြည့်ဝရစေသား.....
Wednesday, September 14, 2011
အသည်းကွဲဘူးတဲ့ကျနော့ဘော်ဒါတွေအတွက် သူစိမ်းတစ်ယောက်ပါ
မျိုးကြီးရဲ့ သူစိမ်းတစ်ယောက်ပါ  ဆိုတဲ့    အသည်းကွဲ  သီချင်းလေး   တစ်ပုဒ်ပါ ခံစား
အားပေးရင်း ကူးယူနိုင်ပါတယ် လုပ်တဲ့သူအမည်မထည့်ထားတဲ့အတွက် လွတ်လပ်စွာ
ဖြန့် ဝေနိုင်ပါကြောင်း...................................။
ဒီမှာနားဆင်ရန် နှိပ်ပါ  သူစိမ်းတစ်ယောက်ပါ (မျိုးကြီး)
Tuesday, September 13, 2011
ချစ်သူအတွက်တကယ်အဆင်ပြေစေချင်သူများအတွက်(အဆင်ပြေပါစေ)
သီချင်းလေးတစ်ပုဒ်ပါတိုက်ဆိုင်မှုရှိသူတိုင်းအတွက်တော့ကောင်းမှာပါခံစားချက်တူရင်
နားဆင်ဖို့ အတွက်တင်ပေးလိုက်ပါတယ်နာမည်ကပါပြီးသွားပီမလို့ သီခြားကိုယ်ပိုင်နာ
မည်နဲ့ လိုချင်သူများတော့မေးနဲ့ ဆက်သွယ်နိုင်ပါတယ်မူရင်းဖိုင်တင်ရမှာအဆင်မပြေ
လို့ ပါနောက်သီချင်းတွေများလာမှရုံးကလိုင်းကောင်းတဲ့ကွန်ပျူတာနဲ့ Upload တင်
ပေးပါ့မယ်..သီချင်းစာသားလေးပါခံစားဖတ်ရှုနိုင်ပါတယ်...............။
သီချင်းနားဆင်ရန်နှိပ်ပါ.... အဆင်ပြေပါစေ
ခဏလေးပါချစ်သူရယ် .... သေချာဆက်ဆက်စောင် နေကွယ်
ပြန်ခဲ့ မယ်ပြောခဲ့ လည်း..........အပြီးနင်ထွက်သွားခဲ့ တယ်
လုံခြုံမူအပြည့် မပေးနိုင်တဲ့  .....အကာအရံမဲ့ ငါ့ ဘဝအိမ်ထဲ
မလာဖြစ်တာကောင်းပါတယ်....................။
နင်ထားရက်ခဲ့ နိုင်ပါတယ်......................
အသည်းခွဲ ခဲ့ တဲသူလို့ .............အပြစ်မပြောရက်ဘူးကွယ်
ရက်စက်လွန်းတဲ့ သူလို့ ...................မစွပ်စွဲးရက်ဘူးကွယ်
နင်ပိုင်တဲ့ နင်ဘဝလမ်းပဲ...................ရွေးချယ်ခွင့် ရှိတယ်
မင်းကမချစ်တော့ ပေမယ့် .........ငါမုန်းမရဘူးကွယ်
မင်းသတိမရတော့ ပေမယ်.......ငါက မမေ့ ဘူးကွယ်
ငါဆုတောင်းပေးလိုက်ပါ့ မယ်..အဆင်ပြေပါစေကွယ်....။
တစ်ကယ်ဆိုအချစ်နဲ့ ဘဝဟာကွယ်...
အကြွေစေ့ခေါင်းနဲ့ ပန်းလို့...အမြင်မှာကျောချင်းကပ်နေလည်း
ဆန့် ကျင်ဘက်အရပ်တို့ လှည့် ....ရွှေမှုံကြဲတဲ့ လမ်းတွေထက်
နင်လျောက်လှမ်းသွားလိုက်ပါကွယ.် နင်ဆုံးဖြတ်ခဲ့ သမျှလည်း
မမှားဘူး မင်မှန်ပါတယ်.............
Monday, September 12, 2011
မင်းအနားနေချင်သူများအတွက်နေချင်တာမင်းအနားအလန်းလေးပါ
သီချင်းတစ်ပုဒ်လုပ်ထားလိုက်တယ်နေချင်တာမင်းအနားတဲ့နေချင်တဲ့သူနားထောင်ပေါ့
ဗျာလူတိုင်းအတွက်အဆင်ပြေစေချင်လို့ လုပ်တဲ့သူနာမည်မထည့်တော့ဘူးသိမ်းချင်တဲ့
သူသိမ်းပေးချင်တဲ့သူပေးလို့ ရတာပေါ့အဲ့ကြောင့်နာမည်မထည့်တာပါအများဆိုင်တဲ့သ
ဘောပါသီးသန့် နာမည်လေးနဲ့ ပေးစရာရှိရင်တော့မေးလိပ်စာကနေတောင်းယူနိုင်ပါ
တယ်.......။ကိုယ်တိုင်လုပ်ပီးကိုယ်တိုင်ကြိုက်နေတာဒီဇိုင်းလေးလန်းလို့ ........။
သီချင်းနားဆင်ရန် နဲ့ ကူးယူရန်နှိပ်ပါ  နေချင်တာမင်းအနား...ပူစူး
Sunday, September 4, 2011
Flash သီချင်းလုပ်ချင်သူများအတွက်နေရာတစ်ခုထဲမှာပဲအားလုံးယူနိုင်ပါပြီ
Flash  သီချင်းလုပ်ချင်တဲ့    ၀ါသနာတူ   ညီအကိုမောင်နှမ အားလုံးအတွက်
တစ်နေရာထဲမှာပဲ   အားလုံးယူနိုင်အောင်  လင့်တစ်ခုကို  မျှဝေလိုက်ပါတယ်
သီချင်းလုပ်တာဟာ ၀ါသနာပါရင် ဘာမှမခက်ပါဘူး 2နာ၇ီလောက်သင်လိုက်
တာနဲ့ တတ်ပါတယ် လုပ်နည်းစာအုပ်တွေကိုလည်းDouble tun ရေးထားတာ
ရှိပါတယ် ဖတ်ပီးလိုက်လုပ်တာနဲ့   အဆင်ပြေမှာပါ  သီချင်းလုပ်ရာတွင်နားမ
လည်သော နည်းပညာများကိုတော့ အောက်ပါမေးများမှာအကူညီတောင်းနိုင်
ပါတယ် အခုတလောပိတ်ရက်မှ သင်ထားတာတွေမလို့ သူတို့ အားလုံးသီချင်း
လုပ်နည်းများကို နားလည်ပီးဖြစ်ပါတယ် Flashသီချင်းလုပ်ရာတွင် လိုအပ်တဲ့
အတိုချုပ်ဖြတ်လမ်းနည်းလေးကိုပြောပြချင်ပါတယ်.........
မိမိလုပ်မယ့်သီချင်းရေးထားပါ(စာတန်းထိုးရာတွင်မြန်ဆန်စေရန်)
သီချင်းအ၀င်အထွက်Time Line ကိုမှတ်ထားပါ(စာရွက်တစ်ခုမှာရေးချပါ)
ဒီဇိုင်းအလှဆင်ပါMouse Effect သုံးရင်လည်းရပါတယ်မသုံးလည်းရပါတယ်
အ၀င်အထွက်မှတ်တဲ့ Time line ကတော့ အသက်ပါပဲအ၀င်သေချာမှတ်ပါ
အဲ့မှာအဆင်ပြေရင် အားလုံOK ပါတယ်  စာတန်းထိုးတာလေးပဲ  ခက်မယ်
ကျန်တာတွေက လွယ်ပါတယ် မေးမြန်းအကူညီတောင်းနိုင်သူများကတော့
(1)မောင်(စွယ်စုံကျမ်း) zwmnna@gmail.com
(2)စူပါမင်း supermankst@gmail.com
(3)မောင်မျိုးမင်း(ရင်ထဲဖြစ်) myominmyomin53@gmail.com
(4)ဖိုးခွားလေး(ကော့မှုး)  aungthaik20@gmail.com
(5)ညီညီ(မြန်အောင်)  chitnyi2win@gmail
ကိုမေးမြန်းအကူညီတောင်းနိုင်ပါကြောင်း သတင်းကောင်းပါတယ်။
 Down load ယူရန် Flash သီချင်းလုပ်ရာတွင်လိုအပ်သောအရာများ
Friday, August 26, 2011
သူငယ်ချင်းအားလုံးအတွက်ချစ်သူကအချစ်ကိုလက်ခံပေးစေဖို့ ပါ
မျိုးကြီးရဲ့လက်ခံပေးပါဆိုတဲ့သီချင်းလေးပါအရင်တင်ထားတာကနာမည်ပါနေတော့ပြန်
လည်မျှဝေတဲ့အခါမကောင်းလို့ အလွတ်ပြန်တင်လိုက်ပါတယ်ဗျာနာမည်မပါတော့လက်
ဆောင်ပေးချင်သူတွေသီချင်းသိမ်းထားချင်တဲ့သူတွေကောင်းပါတယ်မိမိချစ်သူကောင်
မလေးအတွက်..သို့ မဟုတ်..မိမိရဲ့ချစ်သူကောင်လေးအတွက်သီးသန့် လိုချင်ရင်တော့
ကျနော်တင်ထားတဲ့မူရင်းဖိုင်ကိုယူပြီးပြင်လည်းရပါတယ်မပြင်တတ်ရင်လည်းမေးထဲက
နေပဲဖြစ်ဖြစ်ချက်ဘောက်မှာပဲဖြစ်ဖြစ်ကွန်မန့် မှာပဲဖြစ်ဖြစ်မေးလိပ်စာထားခဲ့ပြီးတောင်း
ဆိုနိုင်ပါတယ်ကဗျာစာသားတွေနဲ့ အလန်းလေးလုပ်ထားတာမလို့ သင့်ချစ်သူနှစ်သက်
မှာသေချာပါတယ်သီချင်းဖွင့်ပြီးFile- Save Page asကနေယူလိုက်ရုံပါပဲအဲ့ဆိုအင်တာ
နက်မ၇ှိလည်းပွင့်ပါတယ်လင့်လေးတင်ပဲကော်ပီယူပြီးချစ်သောသူများထံသို့ ပို့ နိုင်ပါ
ကြောင်းသတင်းကောင်းပါးလိုက်ပါတယ်....။
နားဆင်ရန်နှိပ်ပါ..အလန်းဒီဇိုင်းလေးနဲ့ ခိုက်သွားမယ်..လက်ခံပေးပါ(မျိုးကြီး)
Thursday, August 25, 2011
တစ်ခါထဲချစ်ချင်သောမိန်းကလေးများအတွက်(အမျိုးသမီးသီးသန့် )
ဘာလို့ အဲ့လိုပြောရလဲဆိုတော့အမျိုးသမီးဆိုထားတဲ့သီချင်းမလို့ ပါမိန်းကလေးအတော်
များများကြိုက်တာကိုတွေ့ ရလို့ သူငယ်ချင်းတစ်ယောက်ကိုလုပ်ပေးရင်းခံစားချက်တူတဲ့
သူများနားဆင်၇န်ကူးယူရန်ပြန်လည်မျှဝေရန်ရည်ရွယ်ပြီးပြုလုပ်သူနာမည်မပါအလွတ်
သဘောလေးတင်ပြလိုက်ရပါတယ်သီချင်းမှာလုပ်တဲ့သူနာမည်ပါနေတာပြန်လည်မျှဝေ
တဲ့အခါမှာတမျိုးကြီးပဲဗျအဲ့ကြောင့်နောက်ပိုင်းကျနော်လုပ်တင်သမျှသီချင်းတွေကိုနာမ
ည်မပါဘဲလူတိုင်းယူလို့ လွယ်အောင်အလွတ်ပဲတင်ပေးတော့မယ်နာမည်သီးသန့် နဲ့ လို
ချင်တဲ့သူများကတော့မေးကနေတောင်းယူနိုင်ပါတယ်ဗျာ..(ကူညီချင်လို့ ပါ)..တိန်.။
သီချင်းနားဆင်ရန်နှိပ်ပါ.. ချမ်းချမ်းရဲ့တစ်ခါထဲချစ်ချင်လို့ ပါ
Saturday, August 20, 2011
လူတိုင်းအတွက်..နားလည်မှုလွဲနေတဲ့ချစ်သူများအတွက်..နာလည်ပါဆိုတဲ့
သီချင်းလေးတစ်ပုဒ်လုပ်ဖြစ်တယ်ဗျာအားလုံးနာဆင်ရန်နဲ့ ကူးယူရန်တင်ပေးလိုက်ပါ
တယ်လူတိုင်းအဆင်ပြေစေဖို့ လုပ်တဲ့သူနာမည်မထည့်တော့ဘူးဗျာအဲ့တော့အားလုံး
စိတ်ကြိုက်ကူးယူလို့ အဆင်ပြေမှာဖြစ်သလိုပြန်လည်ဖြန့် ဝေတဲ့အခါလည်းနာမည်မ
ပါတော့တစ်မျိုးကောင်းတာပေါ့နော်ဖလက်သီချင်းတွေလက်ဆောင်ပေးချင်ပေမယ့်
သူများနာမည်ကြီးပါနေတော့ကြည့်ရတာမကောင်းဘူးလို့ ထင်တယ်အဲ့ကြောင့်နာမ
ည်မပါပဲတင်လိုက်တာကိုယ့်နာမည်လေးနဲ့ သီးသန့် လုပ်ချင်ရင်တော့မေးထဲကနေေ
တာင်းခံနိုင်ပါတယ်ဗျာအင်တာနက်လိုင်းကတအားကြီးမကောင်းတော့မူရင်းဖိုင်မတင်
ပေးနေတော့ဘူးသီချင်းကိုဖွင့်ပြီး File== Save Page as ကနေSave လိုက်ရင်ကွန်
ပျူတာထဲမှာအေးဆေးဖွင့်လို့ ရပါပြီသူများလက်ဆောင်ပေးချင်ရင်တော့လင့်လေးယူ
လိုက်အားလုံးအဆင်ပြေမယ်လို့ မျော့်လင့်ပါကြောင်း..................။
ဒီမှာနားဆင်ပါ....နားလည်ပါ(ဟန်ထူးလွင်..Big Bag)
Sunday, August 7, 2011
အသဲကွဲဘူးတဲ့ကျနော့်ဘော်ဒါတွေအတွက်ပါ(လေးဖြူရဲ့ စာမျက်နှာ၁၅)
လောလောဆယ်အသဲကွဲသီချင်းလေးတွေတစ်ပတ်တစ်ပုဒ်လောက်လုပ်ဖြစ်တယ်ဘာ
ရယ်တော့မဟုတ်ပါဘူးအသဲကွဲတဲ့သူလေးတွေနဲ့ ကွဲဖူးတဲ့သူတွေခံစားလို့ ရအောင်ပေါ့
အဆင်ပြေတဲ့စုံတွဲတွေအတွက်တော့မပါဘူးနော်အဆင်မပြေတဲ့စုံတွဲတွေနဲ့ ဝေးသွားတဲ့
အတွဲတွေအတွက်ပါလေးဖြူရဲ့စာမျက်နှာတဆယ့်ငါးပေါ့သီချင်းခေါင်းစဉ်ဘာလဲတော့မ
သိဘူးစာသားတွေကတော့ခံစားချက်အပြည့်ပါပဲဗျာ.အပ်ါယံရှပ်ထိသောဒဏ်ရာမဟုတ် 
တော့လွယ်ကူစွာနဲ့ ငါမေ့မရဘူးကွယ်..တွေးရင်မှတ်မိအုံးမယ်ထင်ပါတယ်..နှစ်တွေလ
တွေကအတော်ကြာပြီပဲ..ဘယ်ဆီကိုမင်းရောက်နေလဲ..ဘာတွေကိုမင်းလုပ်နေမယ်...
ဘယ်သူနဲ့ မင်း၇ှိနေမယ်..တွေးမိပါတယ်....အလွမ်းဆွေးသီချင်းကြိုက်သူများနဲ့ ဝါသနာ
ရှင်တွေအတွက်မူရင်းဖိုင်ကိုပါတင်ပေးလိုက်ပါတယ်စိတ်ကြိုက်ပြန်လည်ပြင်ဆင်ရုံပါပဲ
အဖြူရောင်သံစဉ်မှာလည်းခဏခဏလာနေတာစာသားလည်းအရမ်းကောင်းလို့ အဲ့ဒီ
သီချင်းကိုကြိုက်တယ်အခုတော့ကိုယ်တိုင်ဖလက်ဆောင်းလေးနဲ့ နားစဉ်နိုင်ပါပြီကိုယ်
တိုင်လုပ်ချင်သူများကမူရင်းဖိုင်ကိုဒေါင်းလုပ်ယူပြီးပြင်နိုင်ပါကြောင်း......................။
သီချင်းနားဆင်ရန်နှိပ်ပါ...... လေးဖြူရဲ့စာမျက်နှာတစ်ဆယ့်ငါး
မူရင်းဖိုင်ယူရန်နှိပ်ပါ.......သီချင်းမူရင်းဖိုင်
Tuesday, July 26, 2011
မောင်(စွယ်စုံကျမ်း)ရဲ့ပြန်မပြောချင်တဲ့သံယောဇဉ်အကြောင်း
ဘာမှတော့မဟုတ်ပါခေါင်းစဉ်ကတော့အကြီးကြီးပဲသီချင်းလေးတစ်ပုဒ်လုပ်ထားတာ
ပေးချင်လို့ တင်လိုက်ပါတယ်လေးဖြူရဲ့သံယောဇဉ်ပါမတွေးချင်လည်းတွေးနေမိမေ့ရင်
လည်းပြန်သတိရပြီး..အမှတ်မရှိသေးဘူးငါခက်ပြီ..စာသားလေးကတော့သံယောဇဉ်
၇ှိတတ်တဲ့သူတွေအကြောင်းပါခံစားချင်တဲ့သူကို့နာမည်လေးနဲ့ ကိုယ်တိုင်လုပ်ချင်တဲ့
သူလက်ဆောင်ပေးချင်တဲ့သူတွေ၇ှိခဲရင်အမြန်လုပ်လို့ လွယ်အောင်မူရင်းဖိုင်ပါတင်
ပေးထားပါတယ်ဒေါင်းလုပ်ယူပြီးကျနော့်နာမည်နေရာလေးပြောင်းပြီးလိုအပ်သလို
ပြန်ပြင်နိုင်ပါသေးတယ်အများလူတွေတော့ဘယ်လိုလဲမသိဘူးသီးချင်းလေးတွေကို
ကိုယ့်နာမည်နဲ့ပဲနားထောင်ချင်တာလက်ဆောင်ပေးရင်လည်းအပေးခံရတဲ့သူကသူ့ 
နာမည်လေးနဲ့ သီချင်းလေးဆိုတော့သဘောကျတာပေါ့မလုပ်တတ်ရင်တော့မေးထဲ
ကနေတောင်းလည်း၇တယ်ချက်ဘောက်မှရေးလည်းရတယ်ကွန်မန့် ရေးပီးလည်း
တောင်းနိုင်ပါတယ်ဆက်သွယ်ရန်လေးသာထားခဲ့အရောက်ပို့ ပေးပါ့မယ်..ကဲသီချင်း
လေးနားဆင်ရင်းနဲ့ အသုံးလိုတယ်ဆိုရင်မူရင်းဖိုင်ပါမသွားကြပါ(ကဗျာပါလို့ အဆုံးထိ
နားထောင်ကြည့်ပါ..။ ကဗျာလေးနဲ့ အလန်းဒီဇိုင်းလေးပါ)
ဒီမှာနားဆင်ရန်နဲ့ ဒီဇိုင်းလေ့လာရန်နှိပ်ပါ  ပြန်မပြောချင်တဲ့သံယောဇဉ်
ဒီမှာDownloadယူပါ လေးဖြူ ရဲ့ သံယောဇဉ်
Wednesday, July 13, 2011
အသဲကွဲသူများအတွက်သာသီးသန်(ကျနော်လည်းအသဲကွဲနေပါသီ)
ဘာရယ်ညာရယ်မဟုတ်ပေမယ့်အသဲကွဲသီချင်းလေးတစ်ပုဒ်လုပ်ဖြစ်တယ်တကယ်လဲ
အသည်းကွဲနေတာကြောင့်လေအရမ်းကောင်းတဲ့သီချင်းလေးဖြစ်ပါတယ်အောင်လဆို
ထားတာလည်း၇ှိတယ်ရတနာမိုင်ဆိုထားတာလေးကပိုကောင်းသလားလို့ ပါအသဲကွဲ
တဲ့သူတွေတော့နားထောင်ကောင်းမယ်ထင်တာပဲစာသားတွေကထိတယ်လေအသဲကွဲ
ဖူးရင်လည်းရတာပါပဲသီချင်းလေးနားထောင်ပီးကိုယ်ပိုင်လုပ်ချင်သူများကတော့မူရင်း
ဖိုင်ကိုတင်ပေးထားပါတယ်ဒေါင်းလုပ်ယူပြီးပြင်လိုက်ပါမလုပ်တတ်သူများကတော့မေး
နဲ့ မှာလိုက်ကိုယ့်နာမည်လေးနဲ့ လုပ်ချင်သူများပေါ့ကဲကွဲတဲ့သူတွေဆွဲသီချင်းစနဲအဆုံး
မှာတော့ကဗျာစာသားလေးတွေနဲ့ ဖန်တီးထားပါတယ်ဖတ်မရမှာစိုးလို့ ကဗျာလေးသီး
သန့်အရင်တင်ပေးလိုက်ပါတယ်......။မောင်..(ရင်တွင်းဖြစ်)
သီချင်းနားဆင်ရန်ဒီမှာနှိပ်ပါ .. အလွမ်းသင့်ပန်းချီ(ရတနာမိုင်)
ကိုယ်ပိုင်လုပ်ချင်ရင်ဒီမှာယူပါ  ကိုယ်ပိုင်လုပ်ရန်သာ
Wednesday, June 29, 2011
Flash သီချင်းတွေလုပ်တဲ့အခါပုံလှလှဒီဇိုင်းလှလှလေးဖြစ်ဖို့ 
စုထားသမျှပြန်မျှတာပါသီချင်းလုပ်တဲ့အခါပုံလှလှလေးတွေသုံးချင်ရင်ဒေါင်းလုပ်ယူပါ
တစ်နေရာထဲနဲ့ ပုံလှလှတွေရတာပေါ့အင်တာနက်မှာရှာရင်ကြာနေအုံးမယ်ကဲဆွဲမယ်
ပုံအရှင်လေးတွေရောပုံအသေလှလှလေးတွေရော၂ဖိုင်တင်ထားပါတယ်....
ဒီမှာဒေါင်းလုပ်ယူပါ  ပုံလှလှလေးများ
ဒီမှာဒေါင်းလုပ်ယူပါ  ပုံအရှင်လှလှလေးများ
Monday, June 20, 2011
ချစ်သူကအထင်မှားသံသယဖြစ်သွားခဲ့ရင်ပြန်ချော့နည်းလေးတစ်ခု
ဘာရယ်ညာရယ်မဟုတ်သီချင်းလေးတစ်ပုဒ်လုပ်ဖြစ်တယ်သီချင်းလေးကလောလော
ဆယ်လူကြိုက်များနေတဲ့သီချင်းလေးပါအောင်လသီဆိုထားတဲ့ငါမှားတာရှိရင်တောင်း
ပန်ပါတယ်ဆိုတာလေးစာသားလေးလည်းကောင်းတယ်အခုကျနော်လုပ်ထားတဲ့သီ
ချင်းလေးကိုချစ်သူချော့ဖို့ ပြန်လိုချင်သူများအတွက်မူရင်းဖိုင်ကိုပါတင်ပေးလိုက်ပါ
တယ်ကိုယ့်ချစ်သူနာမည်လေးနဲ့ ပြန်ပြင်လုပ်ချင်ရင်လက်ဆောင်ပေးချင်ရင်ကျနော့်
နာမည်နေရာမှာကို ယ့်နာမည်လေးပြောင်းလိုက်ရုံပဲနောချစ်သူနဲ့ အဆင်ပြေချင်သူ
တွေယူထားသင့်ပါတယ်မလုပ်တတ်သူများကတော့မေးနဲ့ တောင်းဆိုနိုင်ပါတယ်ဗျာ
zwmnna@gmail.com, kst2011@gmail.com,myominmyomin53@gmail.com
မှာသီချင်းများကိုမိမိအကောင့်နာမည်လေးနဲ့ ပြောင်းခိုင်းနိုင်ပါတယ်မူရင်းဖိုင်ကို
ဒေါင်းပြီးကိုယ်တိုင်လည်းလုပ်နိုင်ပါတယ်နမူနာသီချင်းလေးကြည့်လိုက်နော..
ချစ်သူချော့ဖို့ ..သီချင်းနမူနာ... တောင်းပန်ပါတယ်
ကိုယ့်နာမည်နဲ့ ပြင်ဖို့ ဒါကိုdowload ယူပါ  မူရင်းဖိုင်
Wednesday, June 1, 2011
Flash သီချင်းလုပ်နည်းနဲ့ ပတ်သက်၍သိသင့်သောအချက်လေးများ
အခုတလောစာအုပ်လုပ်မယ်ဆိုပြီမလုပ်ဖြစ်သေးဘူးဗျာကျနော့သူငယ်ချင်းတွေအ
တွက်သီချင်းလုပ်နည်းအသေးစိတ်ကိုရေးချင်တာပုံနဲ့ စာထိုးပြီးလုပ်ရမှာဆိုတော့အ
ချိန်နဲ့ နဲယူရမှာအလုပ်ကမပြီးအိုတီကဆင်းရတေပီဆရာပဲရေးမယ်လို့ ပြောထားတဲ့
သူတွေမေးထားတဲ့သူငယ်ချင်းတွေအတွက်အားနားတယ်ဗျာဒို့ တာဝန်အရေးသုံးပါး
(စား၊၀တ်၊နေ)အတွက်လှုပ်ရှားနေရတော့စိတ်ရှိသလောက်အချိန်မပေးနိုင်တာပါ
လောလောဆယ်တော့အရေးကြီးတာတွေအရင်ရေးကြည့်မယ်နောFlash သီချင်း
ရင်5mb ကျော်ရင်တင်လို့ မလွယ်သလိုဒေါင်းတဲ့သူလည်းခက်တာပေါ့အဲ့တော့အ
သေးဆုံးအထိရသလောက်သီချင်းကိုဆိုဒ်သေးထားမယ်ဗျာ64kbps ဆိုအနေတော်ပဲ
သေးလွန်းရင်လည်းအသံပိုင်းဆိုင်ရာညံ့သွားတယ်ဗျ32လောက်အထိချလို့ လည်းရ
ပါတယ်စာတန်းထိုးမှာပုံတွေထည့်မှာနဲ့ ဆိုတော့သေးလေကောင်းလေပါသေးနည်း
ကတော့Format Faခtory နဲ့ လည်းရပါတယ်တခြားသေးတဲ့ဆော့ဝဲလည်း၇ှိပါတယ်
နောက်မှတင်ပေးပါ့မယ်ပြီးရင်သီချင်းရေးပြီးသာရှိရမယ်ပေါ့အဲ့ဆိုသီချင်းလုပ်လို့ ရ
ပါပြီနောက်ခံပုံကအရှင်လေးတွေထည့်တာပိုကောင်းပါတယ်ကျနော့ဆီမှာတော့စု
ထားတာအများကြီးစက်ရုံကလိုင်းနဲ့ မှတင်လို့ ရမှာအားလုံးပြန်လည်မျှဝေဖို့ စိတ်ကူး
ထားပါတယ်မောက်အဖက်ကတော့အများကြီးပါတစ်မျိုးထဲကိုပဲအဖက်လေးတွေ
ပြောင်းပြီးသုံးသွားရင်လည်းရပါတယ်အဖက်တွေကလည်းအများကြီးဆိုတော့ဘယ်
ဒီဇိုင်းကအလှဆုံးလည်းဆိုတာသုံးတာကြာရင်သိလာမှာပါကျနော်လုပ်ပြီးသားအဖက်
အဆင်သင့်တွေလည်း၇ှိပါတယ်Uploadပြန်တင်ရမှာဆိုတော့နောက်မှပြန်မျှပါ့မယ်အ
ခုတော့ကျနော်လုပ်ပြီးသားဒီဇိုင်းလေးတစ်ခုတင်လိုက်ပါတယ်မူရင်းလည်းတင်ပေးပါ့
မယ်အဲ့ဆိုကျနော့နာမည်နေရာမှာပြောင်းထည့်ရုံပဲချစ်သူကိုပေးရင်တော့လန်းတဲ့ဒီ
ဇိုင်းလေးပါကိုယ်ပိုင်စိတ်ကူးစစ်ဖြစ်ပြီးချစ်သူ၇ှိသူများကြိုက်စေရမယ်လို့ သေချာပြော
ရဲပါတယ်ဘာလို့ လည်းဆိုတော့ကျနော်အသေးစိတ်ဒီဇိုင်းထွင်ထားလို့ ပါချစ်သူ၇ှိသူ
များအတွက်သီးသန့် ပါငှက်ကလေးက2ကောင်လိပ်ပြာလေးက2ကောင်ယင်ကောင်
လေးက2ကောင်နဲ့ ချစ်တယ်ဆိုတဲ့လူရုပ်လေးကကျနော့်ရဲ့ကိုယ်ပိုင်လိုဂိုပါသီချင်းတိုင်း
မှအဲ့အရုပ်လေးကျနော်ထည့်တယ်ကျနော်လုပ်ပြီးသားသီချင်းတွေအများကြီးရှိတယ်
မူးရင်ဖိုင်ကိုတင်ပေးရင်သူငယ်ချင်းတွေအလွယ်တကူပဲနာမည်လေးပြောင်း၇ုံပဲချော
က လက်မှာတော့7MB အထိလက်ခံတယ်ဘာပဲဖြစ်ဖြစ်သီးချင်းဆိုဒ်သေးတော့ဖွင့်
ရတာမြန်တာပေါ့ဆိုဒ်သေးပြီးမှလုပ်သီချင်းရှေ့ဆုံးနဲ့ နောက်ဆုံးကိုမလိုအပ်ရင်ဖြတ်
ပေးမိနစ်နဲတော့MBသေးသွားပါတယ်ဖြတ်တဲ့ဆော့ဝဲလည်း၇ှိပါတယ်အခုတော့ဒီ
လောက်ပါပဲဗျာစာအုပ်လုပ်ဖြစ်ရင်ကျနော့်လိုလူပိတ်းတွေနားလည်တဲ့နည်းနဲ့ ရေး
မှာပါမရေးဖြစ်ခင်တော့ဒီသီချင်းလေးကိုနမူနာကြည့်ကြည့်ပါမကြိုက်ဘူးဆိုဒူးနဲ့ 
နဖူးနဲ့ သာလာတိုက်စမ်းပါ..ဟဟ..................။
နမူနာသီချင်းလေးကဒီမှာ.မင်းတစ်ယောက်ထဲကိုချစ်တာ(ချစ်သူ၇ှိသူများသာဖွင့်ရန်)
စာသားတွေလန်းတယ်ဒီဇိုင်းလည်းလန်းတယ်
လုပ်တဲ့သူကလည်းလန်းတယ်နောဟဟတေပီဆရာ..
မူရင်းဖိုင်ကိုလိုချင်သူများမေးနဲ့ ဆက်သွယ်နိုင်ပါတယ်ဗျာ
Tuesday, May 24, 2011
Flash song
ဒီဆော့ဝဲနဲ့ လုပ်တဲ့သီချင်းလေးတင်ပေးလိုက်ပါတယ်
နမူနာသီချင်းလေးတွေကြည့်ချင်ရင်မျိုးကြီးရဲ့ယူလိုက်သီချင်းလေး
ဒီမှာDownload ယူပါ  Swisx Max 4 Portable
Saturday, May 21, 2011
Flash Song သီချင်းလေးတွေကိုယ်တိုင်လုပ်ဖို့  Max3 Portable
ဒီဆော့ဝဲနဲ့ လုပ်တဲ့သီချင်းလေးတင်ပေးလိုက်ပါတယ်
နမူနာသီချင်းလေးတွေကြည့်ချင်ရင် ဂျီလတ်ခဏတာဒီဇိုင်းအဆန်းလေးပါ
ဒီမှာDownload ယူပါ  Swisx Max 3 Portable
Saturday, April 23, 2011
Flash Song ဒီဇိုင်းလှလှလေးတွေကိုယ်တိုင်လုပ်ကြမယ်ဆိုရင်
Flashsongလေးတွေလုပ်တတ်မယ်ဆိုရင်ချစ်သူနဲ့ အဆင်ပြေဖို့ အတိုင်းထက်အ
လွန်ပဲဗျာဟဲဟဲအပြောကောင်းတာမဟုတ်ဘူးနော်အကောင်းပြောနေတာအမှတ်တရ
ပေးကြည့်လိုက်ပါသီချင်း၁၀ပုဒ်လောက်ရောက်သွားတာနဲ့ အဆင်ပြေပီလို့ မှတ်လိုက်
Flashသီချင်းလှလှလေးလုပ်တတ်ဖို့ အတွက်ကျနော်အတော်လေးရှာဖွခဲ့ရတာပထမ
စပြီးလမ်းပြခဲ့တာကမဆုမွန်ဒုတိယလမ်းညွှန်ခဲ့တာကအင်တာနက်ချစ်သူမှအက်မင်
လုပ်ခဲ့တဲ့မမေသော်ဇဉ်တတိယကိုယ်တိုင်ကိုယ်ကျ၇ှင်းပြခဲ့တာစာအုပ်တွေလမ်းပြခဲ့
တာကအင်တာနက်ချစ်သူရဲ့အက်မင်၇ပါကျေးဇူးတင်ထိုက်သူအားလုံးကိုကျေးဇူးတင်
ရင်းကျနော်သိထားတာလေးတွေပြန်မျှဝေပါတယ်. Flash သီချင်းလုပ်ဖို့ ဆော့ဝဲနဲ့ 
လုပ်နည်းစာအုပ်လေးတွေယူလိုက်ပါနားမလည်ရင်အားမနာတမ်းမေးနိုင်ပါတယ်ဗျာ..
သီချင်းမလုပ်ခင်အောက်မှာနမူနာကြည့်ကြည့်ကြိုက်သွားစေရမယ်
နမူနာပုံစံ(၁)မျိုးကြီးယူလိုက်
ဒါကတော့ကဗျာလေးတွေနဲ့  ဆုံးအောင်နားထောင်ကြည့်
ဒီမှာDownload ယူပါ  Flash song ဆော့ဝဲSwish Max2 Portable
 ဒီမှာDownload ယူပါ  Flash songလုပ်နည်းစာအုပ်
မြန်မာကလူတွေကဒီကယူပါ ဆော့ဝဲနဲ့ လုပ်နည်းစာအုပ်
Monday, 3 October 2011
Hacking စိတ်ဝင်စားသူတွေ
Hacking စိတ်ဝင်စားသူတွေအတွက် လက်ဆောင် တစ်ခုပေးချင်တယ်။ သိပြီးသားလူတွေလည်း ပါပါ လိမ့်မယ်။ အားစိုက်ထုတ်စရာ မလိုပဲ သူများရဲ့ security တွေလိုချင်သူတွေအတွက် တော်တော်ကို မိုက်ပါတယ်။ USB thief တဲ့
USB(flash drive) ကို ကွန်ပျူတာမှာ ထိုးလိုက်ရုံနဲ့ သူ့ရဲ့ လက်ရှိသုံးနေတဲ့ windows user password, Internet History တွေ Video ကြည့်ထားတဲ့ မှတ်တမ်းတွေ၊ အများကြီးဗျာ ကွန်ပျူတာ အသုံးပြုမှု မှတ်တမ်းတွေအားလုံး USB drive ထဲ ပါလာပါလိမ့်မယ်။ စိတ်ဝင်စားစရာ ကောင်းမှာပါနော်။ အသေးစိတ်ပြောပြပါ့မယ်
အောက်က ဖိုင်လေးကို ဒေါင်းလိုက်ပါ။ Windows XP , Vista နှစ်ခုစလုံးမှာ အလုပ်လုပ်ပါတယ်။
Mirror 1 Fileden : Download USB thief 5.4
Mirror 1 Zshare : Download USB thief 5.4
rar ဖိုင်နဲ့ပါ ။ ဇစ်ဖြည်လိုက်ရင် USB thief ဆိုတဲ့ ဖိုဒါထဲမှာ Folder သုံးခုနဲ့ file နှစ်ခု ရှိပါတယ်။ အဲဒီ ၅ ခုလုံးကို မိမိရဲ့ Flash drive ထဲ ကူးထည့်လိုက်ပါ။ ဘာဖိုဒါထဲမှ ထပ်မထည့်ပါနဲ့။ (ဥပမာ - မိမိကွန်ပျူတာ မှာ flash drive တပ်လိုက်ရင် Drive J:\ အဖြစ်ပြတယ် ဆိုပါစို့။ Drive J:\ ကို ဖွင့်လိုက်တာနဲ့ ဖိုင် ၅ ခုလုံး မြင်ရပါမယ်။ ကလေးပါ နားလည်အောင် ပြောလိုက်တာပါ) ပြီးရင် ဖိုင် ၅ ခုလုံးကို Hidden ပေးထားနိုင်ပါတယ်။ (မပေးထားလည်းရပါတယ်)
ကူးပြီးရင် USB drive ကို ဖြုတ် ။ ကွန်ပျူတာ တစ်လုံးမှာ သွားထိုးကြည့်ပါ။ (မိမိကွန်ပျူတာမှာပဲ ဖြစ်ဖြစ်ပေါ့) အောက်ပါအတိုင်း ပေါ်လာပါတယ်။ ( Autorun မပိတ်ထားဘူး ဆိုရင်ပေါ့)
ကျနော် အခုပြထားတဲ့ ပုံစံအတိုင်း Ok ပေးလိုက်ရုံနဲ့ မိမိရဲ့ Windows user password က စလို့ ကွန်ပျူတာသုံးနေတဲ့ History တော်တော်များများ ပါသွားပါပြီ။ ဘာတွေပါသွားလဲ သိချင်ရင် Dump ဆိုတဲ့ ဖိုဒါကို ဖွင့်ကြည့်လိုက်ပါ။ ဒီလို USB ထိုးခဲ့သမျှ ကွန်ပျူတာတွေရဲ့ Computer name နဲ့ ဖိုဒါ မြင်ရပါမယ်။ (ကွန်ပျူတာတစ်လုံးကို ဖိုဒါတစ်ခု နဲ့ မြင်ရပါလိမ့်မယ်။ကျနော် ကွန်ပျူတာ သုံးလုံးမှာ ထိုးခဲ့တာပါ)
တစ်ခုကို ဖွင့်ကြည့်လိုက်ပါ။ အောက်ပါအတိုင်း မြင်ရပါတယ်။ ( ၁၉ ခု ပြပေးနိုင်ပါတယ် )
Networkpasswords ဆိုတာကို နှိပ်လိုက်ရင် windows user passwords ကို မြင်ရပါတယ်။ ကျန်တာတွေကတော့ ကိုယ့်ဘာသာ ဆက်လေ့လာလိုက်နော်။ ဖိုင် ၅ ခုလုံးကို Hidden ပေးထား လိုက်ရင်။ ဒါတွေ ရှိနေတာ ဘယ်သူမှ မသိတော့ပါဘူး။ တော်တော်များများက Hidden files တွေကို Show မပေးထားကြဘူးလေ။ အဲလောက်ဆို ကလိ ချင်တဲ့ လူတွေ သိလောက်ပါပြီနော်။ ဘယ်သူမှ စိတ်အနှောင့် အယှက်ဖြစ်အောင် ကျနော့်ပို့စ်က ဒုက္ခ မဖြစ်စေဘူးလို့ ယုံကြည်ပါတယ်ဗျာ။ Hacking ၀ါသနာပါတဲ့ Beginner တွေ အတွက်ပါ။
ပျော်ရွှင်ပါစေဗျာ ......
ပြီးပါပြီ...
/မောင်ဇော်မင်းအောင်
Sunday, 2 October 2011
ကွန်ပြူတာအကြောင်း
  ကွန်ပြူတာအကြောင်း
မိမိGmail Addressရဲ. နာမည်ကိုမကျန်ခဲ့စေအောင်
ကျွန်တော်တို. Gtalk သုံးတဲ့အခါမှာတော်များများကတော့အင်တာနက်ဆိုင်မှာသုံးတာများ
ပါတယ်။အခုတင်ပြတဲ့နည်းကတော့အင်တာနက်ဆိုင်မှာမိမိရဲ.Gmail Addressတွေမကျန်
ခဲ့စေအောင်သုံးတဲ့နည်းလေပါ။ဒီလိုပါ။မိမိGtalk မ၀င်ခင် မိမိရဲ.ရှေကဘယ်သူတွေ Gtalk
ဝင်သွားလဲ၊သူတို.ရဲ. Gmail Addressတွေကဘာနာမည်လဲဆိုတာသိချင်ကြပါလိမ့်မယ်။
နောက်တခုက မိမိ Gtalk ၀င်ခဲ့ရင်လဲမိမိ Gmail Address ကိုသူများမသိအောင်ဘယ်လို
ဖျက်မလဲဆိုတာတင်ပြပေးချင်ပါတယ်။သူများသိတော့ကို ကို invite လုပ်မှာပေါ့။အဒီတော့
စက်ထဲမှာ မိမိ Gmail Addressမကျန်ခဲ့စေရန်ရည်ရွယ်ရေးသွားပါတယ်။
စလုပ်လိုက်ရအောင်။
၁။ အရင်ဦးဆုံး Start ထဲက Run ကိုနှိပ်ပါ။(သို.မဟုတ်)Window+R ကိုတွဲဖိပါ။
၂။ Run Box ကျလာပါက Regedit ကိုရိုက်ထည့်ပေးပါ။Box ကျလာပါလိမ့်မည်။
၃။ ထို Boxထဲတွင် Folder ၅ခုတွေ.ပါလိမ့်မည်။ထို Folder ၅ခုမှ ဒုတိယမြောက်
HKEY_CURRENT_USER ဘေးရှိ + ကိုနှိပ်ပါ။List ကျလာပါလိမ့်မည်။
၎။Software ရှာပါ။တွေ.ပါကSoftware ဘေးရှိ +ကိုဆက်နှိပ်ပါ။List ကျလာပါလိမ့်မည်။
၅။Google ကိုရှာပါ။တွေ.ပါက Google ဘေးရှိ + ကိုဆက်နှိပ်ပါ။List ကျလာပါလိမ့်မည်။
၆။Google Talk ကိုရှာပါ။တွေ.ပါက Google Talk ဘေးရှိ +ကိုနှိပ်ပါ။List ကျလာပါလိမ့်မည်။
၇။Account နှိပ်ပါ။Gmail Address များကိုတွေ.ရပါလိမ့်မည်။အကယ်လို.မိမိ Gtalk ၀င်ခဲ့
တယ်ဆိုရင်တော့မိမိGmail Addressနာမည်ပေါ်နေပါလိမ့်မည်။ဖျက်လိုပါက မိမိနာမည်
ပေါ်တွင် Right ကလစ်နှိပ်၊Delete ကိုနှိပ်လိုက်ပါ။Name/Type/Data တို.အောက်ကျန်
ခဲ့ပါက Name အောက်ရှိ ab ပေါ်တွင် Right ကလစ်နှိပ်၊Delete ကိုနှိပ်ပေးပါ။
Windows XP Password ဖောက်နည်း။
ကျွန်တော်တို. ဖွင့်တဲ့အခါမှာတချို.စက်တွေကဖွင့်လိုက်တာနဲ.Desktopတန်းမပေါ်လာပါဘူး။
ဆိုလိုတာကစက်ကိုအသုံးပြုတဲ့လူက Password တွေနဲ.၀င်တာကိုပိတ်ထားတက်ကြပါတယ်။
Password ဖြည့်တာမှန်မှ Desktop ပေါ်မယ်..တနည်းအားဖြင့်ပြောမယ်ဆိုရင်စက်ကိုသုံးလိုရ
မယ်ဆိုတဲ့သဘောပါ။တချို.တွေကလဲ Windows password ကိုပေးပြီမေ့တက်ကျတယ်ပေါ့။
အဲဒီလူတွေအတွက် Windows XP password ကို ဘယ်လိုဝင်ဖောက်ကလဲဆိုတာကိုတင်
ပေးချင်ပါတယ်။အကယ်လိုများကိုသူငယ်ချင်းရဲ.စက်ကPassword ကိုကိုယ့် password
ပြောင်းချင်တယ်ဆိုရင်တော့ဒီနည်းလေးအတိုင်းလုပ်ကြည့်လိုက်ပါ။အကျိုးရှိတဲ့နေရာမှာ
သာအသုံးချစေချင်ပါတယ်။သိစေရန်အတွက်သာရည်ရွယ်ပါသည်။ကဲလုပ်ကြည့်ရအောင်.....
အရင်ဦးဆုံးစက်ကိုပြန်ပိတ်ပါ။စက်ပြန်ဖွင့်ပြီးတာနဲ.(Power ခလုတ်မှ)တပြိုက်နက်ထဲမိမိ
စက်ရဲ. Keyboard မှာရှိတဲ့ F8 ခလုတ်ကိုဖိထားပါ။အောက်မှာပြနေတဲ့စာတမ်းတွေတက်
လာမှာ ဖိထားတဲ့ခလုတ်ကိုလွှတ်ပါ။
Window Advanced Options menu
Please Select An Option:
Safe Mode
Safe Mode With Networking
Safe Mode With Cammand Prompt
Enable Boot Logging
Eanble VGA Mode
Last Know Good Configuration (your most recent Settings that worked)
.........
........
ထိုစာသားတွေမှ Safe Mode စာသားကိုလိုက်ရှာပါ။အနီရောင်ပြထားသော
(Safe Mode )စာသားပေါ်သို. မိမိစက်ရဲ. Keyboardမှ အပေါ် Arrow ဖြစ်
သွားပါ။ရောက်ပါက Enter ခေါက်ပါ။အောက်ပါစာသားတွေ.ပါလိမ့်မည်။
Please Select the operating System to Start:
Microsoft Window Xp ProFessional
မိမိစက်ရဲ. Keyboardမှ Enter နှိပ်ပါ။စာသားတွေအများကြီးကျလာပါလိမ့်မည်။
ခဏစောင့်ပါက Window တက်လာမည်ကိုတွေရပါလိမ့်မည်။Window Logo
ပေါ်လာပါက Password ဖြင့်ပိတ်ထားသောသူငယ်ချင်းရဲ.နာမည်နှင့်တခြား
မပိတ်ထားသော Adminstrator ဆိုတဲ့နာမည်ကိုတွေရပါလိမ့်မည်။ထိုနာမည်
ကိုကလစ်နှိပ်ပါ။Yes နှင့် No မေးပါက Yes ကိုနိပ်ပါ။Desktop ပေါ်လာပါက
၁။Start menu မှ Control Panel ကိုဝင်ပါ။
၂။User Account ကလစ်၂ချက်နှိပ်ပါ။
၃။မိမိဝင်လို.မရသောနာမည်ကိုရှာနှိပ်ပါ။
၎။Change the Password ကိုရှာပါ။
၅။Type a new password တွင်မိမိပေးချင်သော
Passwod ပေးပါ။
၆။Type the New Password again to Confirm: တွင်
နံပါတ် ၅တွင်ပေးခဲ့သော password ကိုပြန်ရိုက်ရန်။
ရ။Change Password တွင်ကလစ်နှိပ်ပါ။
၈။စက်ကို Restart ချပေးပါ။
စက်ပြန်တက်လာပါကမိမိပေးခဲ့သော Password ဖြင့်ပြန်ဝင်ကြည့်ပါ။
ဝင်သွားတာကိုတွေ.ရပါလိမ့်မည်။
နည်းပညာ
           Flash Songs သီချင်းများကို ဒေါင်းလော့လုပ်၍ VCD/DVD ခွေကူးမယ်
    ကိုယ်ဖတ်နေတဲ. Website စာမျက်နှာကို PDF file အဖြစ်သိမ်းမယ်...
    Flash Songs လေးတွေကိုယ်တိုင်လုပ်ကြရအောင်
    Facebook နဲ့ Mail နာမည်ကို လုပ်ချင်တယ်ဆိုရင်
    မိမိပုံကို စာလုံးတွေနဲ့ အလှဆင်ချင်လား ( ဝက်ဆိုဒ်မိတ်ဆက် )
    Facebook မှာ Subscribe လုပ်တယ်ဆိုတာ
    မည်သည့် Website တွင်မဆို Website မှာ ရှိတဲ့ ဓါတ်ပုံတွေ အားလုံးကို အလိုလျှောက် လည်စေနိုင်တဲ့ JavaScript Code ( 6.6.11 )
    Gmail ကိုဘယ်သူဝင်သုံးနေလည်းသိချင်ရင်
Flash Songs သီချင်းများကို ဒေါင်းလော့လုပ်၍ VCD/DVD ခွေကူးမယ်
ဟိုတစ်နေ့ က ညီငယ်တစ်ယောက် တောင်းထားတာ မေးထားတာကိုရှင်းပြရင်း   အလိုရှိတဲ့သူတွေလည်း
ယူလို့ ရနိုင်ရန်အတွက် ဒီပို့ စ်လေးကိုတင်ဖြစ်ခဲ့တာပါ။ကျွန်တော်လည်းလေ့လာသူအဆင့်မျှသာဖြစ်၍  လိုအပ်
ချက်များရှိပါက ဖြည့်စွက်အကြံပြုနိုင်ပါကြောင်းပြောကြားလိုပါတယ်။ညီငယ်မေးထားတောင်းထားတာကတော့
အွန်လိုင်းပေါ်မှ Flash သီချင်းများကို ဒေါင်းယူပြီး ခွေဘန်းချင်လို့ လို့ ဆိုပါတယ်။ဒါနဲ့ ကျွန်တော်လည်း  ရှာဖွေ
ကြည့်တော့ ဒီ Obit Downloader လေးနဲ့  iWisoft flash SWF to Video Converter လေးကိုတွေ့ ရှိပြီးအသုံး
ပြုကြည့်ရာမှာ လွယ်ကူအဆင်ပြေတဲ့အတွက် ပြန်လည်ဝေငှပေးလိုက်ရခြင်းဖြစ်ပါတယ်။အသုံးပြုပုံများအား ပုံ
များနှင့်တစ်ကွ ရှင်းလင်း၍ ထည့်ပေးထားပါတယ်ခင်ဗျာ။
(၁)   Obit Downloader V4.1.02(4.17 MB)
       ဒီကောင်လေးအား ဒီနေရာလေးမှာ ယူလိုက်ပါ။
(၂)   iWisoft Flash SWF to Video Converter V3.4+ Patch (6.33 MB)
       ဒီကောင်လေးကိုတော့ဒီနေရာမှာ ယူလိုက်ပါ။Full Version အသုံးပြုနိုင်ရန်အတွက် Patch ဖိုင်လေးပါတစ်
ပါတည်းထည့်သွင်းပေးထားပါတယ်ခင်ဗျာ။ဒီကောင်လေးက AVI / MPGE(VCD-DVD) / MP4 (iPod - iPhone-
Apple TV) / MP4(PSP - PS3) / Mobile 3GP / Zune / WMV / Pocked PC / Windows Mobile / FLV-
Youtube / Mov / MP3 Audio / Picture ဖိုင်များအဖြစ် Convert လုပ်ပေးနိုင်ပါတယ်။
(၃)   FLASH SONGS Word File
       ဒါကတော့ သူငယ်ချင်းများအတွက် အွန်လိုင်းမှ Flash Songs မြန်မာသီချင်း ပုဒ်ရေ (၂၀၀)ခန့် အား ကူးယူ
လင့်ချိတ်ပေးထားသော Word File လေးဖြစ်ပါတယ်။ ဒီနေရာလေးမှာ ယူလိုက်ကြပါ။
       အထက်ပါတင်ပေးထားသော ဒေါင်းလုဒ်ဒါ ၊ ကွန်ဗာတာတို့ အားအသုံးပြုပြီး ဖလက်သီချင်းများအားဒေါင်းယူ
လျှက် အလိုရှိသလိုကွန်ဗာ့ပြုလုပ်ပြီး အခွေကူးယူနိုင်ပြီဖြစ်ပါသည်။
       ကျွန်တော်၏ ဝေငှပေးမှုများအား မည်သူမဆိုလွတ်လပ်စွာ ကူးယူပြီး အလိုရှိသလိုအသုံးပြုနိုင်ပါတယ်ခင်ဗျာ။
အလိုရှိသည်များအားလည်းတောင်းခံနိုင်ပါတယ်။
       ပြတိုက်မှသူငယ်ချင်းများ နည်းပညာ အသိ သုတ ကြွယ်ဝနိုင်ကြပါစေ။
       စေတနာများစွာဖြင့်..........
                                                                                                ကိုဇော်နိုင်
                                                                                       3-Sep-2011(1:30)AM
ကိုယ်ဖတ်နေတဲ. Website စာမျက်နှာကို PDF file အဖြစ်သိမ်းမယ်...
အခုကျွန်တော် တင်ပေးတဲ. ဆော.၀ဲလ်က ကျွန်တော်တို. ဖတ်နေတဲ ၀က်ဆိုဒ်စာမျက်နှာကို
pdf ဖိုင် အဖြစ်ပြောင်းပြီး အလွယ်တကူ သယ်သွားလို. ၇တဲ. ဆော.၀ဲလေးပါ ။
ကျွန်တော်တို. ဖတ်နေတဲ.၀က်ဆိုဒ် စာမျက်နှာ ကို print ထုတ်ဖို.အတွက် Ctrl+P ကိုတွဲနှိပ်၇င် အပေါ်က ပုံအတိုင်းမြင်၇ပါတယ်။(firefox browser ကနေသွားမယ်ဆို၇င် File>Print ဆို၇င်လဲ၇ပါတယ်)
ဒီပုံကတော. ကျွန်တော်တို. သိမ်းချင်တဲ.နေ၇ာေ၇ွးပေးတာပါ။
ဒီပုံကတော. ကျွန်တော် PDF ဖိုင် ပြောင်းထားတဲ.ပုံလေးပါ။ အသုံးဝင်မယ်လို. ထင်ပါတယ်ဗျား။
အောက်မှာ ဆော.၀ဲလ်လေး ဒေါင်းလိုက်ပါအုံး။
ဒီမှာနှိပ်ပြီးဒေါင်းပါ။
--------------------------------------------------အဆင်ပြေပါစေ-------------------------------------------------
အကြောင်းအရာ: အညာသား
Flash Songs လေးတွေကိုယ်တိုင်လုပ်ကြရအောင်
Flash Songs လေးတွေလုပ်နည်း သင်ပေးပါလို့ Gtalk ထဲကို အက်လုပ်ပြီးမေးလာကြတဲ့ သူငယ်ချင်းအားလုံးကို တစ်ယောက်ချင်းစီကို လိုက်ဖြေပေးဖို့ဆိုတာ မလွယ်ပါဘူး။ ဒါကြောင့် ဒီစာစုလေးနဲ့ အဖြေပေးလိုက်ပါရစေ။
        ပထမဆုံးအနေနဲ့ ကျွန်တော်အောက်မှာ ဖော်ပြထားတဲ့ လိပ်စာကနေ ဆော့ဖ်ဝဲလေးတွေသွား Download ချထားလိုက်ကြပါဦးနော်။
http://mmflashsongs.multiply.com/
            အားလုံး Down စရာမလိုပါဘူး။ တစ်ချို့ကို ကျွန်တော် Down ပြီးသားတွေကို အောက်မှာ စုစည်းပြီးတော့အလွယ်ပေးထားပါတယ်။ အဆင်သင့် Down ယူလိုက်ကြပါနော်။
http://mmflashsongs.multiply.com/  ကနေ Down ရမှာကတော့ Swishmax 2 ဒါရိုက်သုံးရန် ဆိုတာနဲ့ Swishmax 3 ၊ Swishmax 3N4 crack ထည့်နည်း ဆိုတာ (၃)ခုဆိုရပါပြီ။ အသုံးပြုနည်းစာအုပ်နဲ့ မောက်အဖက်တွေ ၊ နောက်ခံတွေက ကျွန်တော်အောက်မှာပေးထားပါတယ်။
Download ချနည်းကလည်းလွယ်ပါတယ်။ ဥပမာ- Swishmax 3 exe ကို Download ချမယ်ဆိုရင် သူ့ဘေးမှာပါတဲ့ DOWN ဆိုတဲ့စာကို ကလစ်နှိပ်ပေးလိုက်ရုံပါပဲ။ ပြီးရင် save file ဆိုတာကနေ သိမ်းလိုက်ပေါ့။
        Swishmax version 2 က Install လုပ်စရာမလိုပါဘူး။ ဒါရိုက်သုံးလို့ရပါတယ်။ version 3 ကတော့ Install လုပ်ရမှာပါ။ Install လုပ်နည်းစာအုပ်ပါပါတယ်။ သူ့အတိုင်းလိုက်လုပ်ရင် အဆင်ပြေပါလိမ့်မယ်။ version2 က Plugin တွေထည့်သုံးဖို့အဆင်မပြေပါဘူး။ ဥပမာ-မောက်အဖက်တွေပေါ့။ ဒါပေမယ့် စာတန်းထိုးဖို့ကျတော့ version2 က ပိုလွယ်လို့မဖြစ်မနေသုံးကြရအောင်ပါ။
        အသုံးပြုနည်း video ဖိုင်လေးတွေ ဇွဲကပင်မြေ ဆိုက်ဒ်က တိုးတိုးလေး ဆီက ရလာတာလေးတွေကို ပြန်လည်ဝေငှထားပါတယ်။ Version3 တင်နည်းနဲ့ mouse effect တင်နည်းကို ကျွန်တော် video ဖိုင်လေးလုပ်ပေးထားပါတယ်။ ဒီနေရာလေး မှာ ယူလိုက်ကြပါနော်။
        စာတန်းထိုးဖို့အတွက်ကို notepad သို့မဟုတ် word (မိမိအဆင်ပြေရာနဲ့) ကြိုပြီးစာစီထားကြပါနော်။ version 2 နဲ့ စာတန်းထိုး၊ သီချင်းသံစဉ်နဲ့ နောက်ခံပုံထည့်ထားနှင့်ပြီးမှ
Version3 (သို့) 4 ထဲကိုသွားပြီး မောက်အဖက်အလှထည့်ဖို့နဲ့ အချောသတ်ထုတ်ဖို့သုံးကြတာပေါ့နော်။
        Version2 အသုံးပြုဖို့အတွက် စာအုပ် နဲ့ တစ်ခြား Swishmax အတွက်လိုအပ်တဲ့စာအုပ် တစ်ချို့ကို ဒီနေရာလေး မှာယူလိုက်ကြပါနော်။ စာအုပ်ထဲမှာ သေချာရှင်းပြထားလို့ ကျွန်တော်ထပ်မရှင်းပြတော့ပါဘူး။ ကျွန်တော်လဲ အဲဒီစာအုပ်တွေကြောင့်သာတတ်ခဲ့တာပါ။ အပြင်မှာသင်ပေးသူမရှိခဲ့ပါဘူး။
        ပထမ သီချင်းထည့်တဲ့အခါ mp3 သီချင်းကို အရည်အသွေးမြင့်လွန်းရင်မရပါဘူး။ အရည်အသွေးက်ု ချပေးရပါမယ်။ ဆော့ဖ်ဝဲအများကြီးရှိတဲ့အထဲက ကျွန်တော်သုံးတတ်တာ့ FormatFactory ဆိုတဲ့ ဆော့ဖ်ဝဲလေးပါ။ သူ့ထဲမှာ high , medium , low ဆိုပြီး ရွေးရှာကြည့်ကြပါ။ medium နဲ့မရရင် Low နဲ့ ချရပါမယ်။
        သီချင်းစာတန်းထိုးထည့်တဲ့အခါ အ၀င် effect နဲ့ အထွက် effect တွေ မဖြစ်မနေထည့်ပေးကြပါ။ မဟုတ်ရင် သီချင်းဆုံးသည်အထိ စာသားက ပျောက်မသွားပဲ ကျန်နေပါလိမ့်မယ်။ ထည့်နည်းကို နမူနာပြောရရင် အ၀င် effect ထည့်ပြီးရင် အဲဒီ effect ပေါ်ကို double ကလစ်နှိပ်ပြီိးတော့ preview ကြည့်ပေးပါ။ ထည့်ထားတဲ့စာသားအ၀င်နဲ့ သီချင်းရဲ့ သံစဉ်မကိုက်သေးရင် အဲဒီ effect လေးကို လိုရာနေရာအထိဆွဲသွားလိုက်ပါနော်။ စာတန်းထိုးထည့်ချင်ရင် စိတ်ရှည်ကြဖို့တော့လိုအပ်ပါလိမ့်မယ်။
        ဓါတ်ပုံတွေ ထည့်ချင်ရင်လဲ အ၀င် ၊ အထွက် effect ထည့်ပေးရပါတယ်။ ဓါတ်ပုံထည့်ပြီးမှ စာတန်းထိုးလုပ်ပါ။ မဟုတ်ရင် စာသားကို ပုံက ဖုံးသွားပါလိမ့်မယ်။ ( ကျွမ်းကျင်သွားရင်တော့ ပိုတိုရှော့လို layer ကို အပေါ်အောက်ရွှေ့လို့ရတာသိပါလိမ့်မယ်)။
        ဓါတ်ပုံနှစ်ပုံထည့်မယ်ဆိုရင် ပထမပုံရဲ့ အထွက် effect ရဲ့နောက်မှာ ကလစ်တစ်ချက်နှိပ်ပြီးမှ နောက်ထပ်တစ်ပုံကို ထည့်ပါ။ အထွက်effect ကိုလဲ နောက်နားခပ်လှမ်းလှမ်း (သီချင်းရဲ့ကိုယ်ထားချင်တဲ့နေရာအထိသွားပြီးမှ) ကလစ်တစ်ချက်နှိပ်ပြီးမှ အထွက်effect ထည့်ပါ။
        မရှင်းလင်းတာများ ရှိခဲ့ကြရင် ayarlin.salin@gmail.com ကို ညနေ ၅နာရီခွဲကနေ ၆နာရီခွဲ အတွင်းမေးမြန်းနိုင်ပါတယ်။ ကျွန်တော်ကျွမ်းကျင်လို့တော့မဟုတ်ပါဘူး။ ကျွန်တော်လုပ်တတ်သလောက် သူငယ်ချင်းအားလုံးကို လုပ်တတ်စေချင်လို့ပါ။ နောက်ပြီး ဆွေးနွေးရင်နှစ်ဦးစလုံးပညာပိုတိုးနိုင်မယ်ထင်လို့ပါ။
Mouse effect (1)
Mouse effect (2)
Swishmax အသုံးပြုနည်းရုပ်ရှင် (၁)
Swishmax အသုံးပြုနည်းရုပ်ရှင် (၂)
Swishmax အသုံးပြုနည်းရုပ်ရှင် (၃)
Swishmax အသုံးပြုနည်းရုပ်ရှင် (၄-၅-၆)
Facebook နဲ့ Mail နာမည်ကို လုပ်ချင်တယ်ဆိုရင်
                 ဒါက Facebook အသုံးပြုသူတွေအတွက် အသုံးဝင်မယ်ထင်တဲ့ နည်းလို့ထင်မိတဲ့အတွက် ရေးပေးလိုက်ပါတယ် ။ ဒီနည်းက ဘယ်လိုလဲဆိုတော့ မေလ်းနာမည်ကို ပြောင်းလိုက်သလိုပဲ ။ ဥပမာဗျာ ။ ကျွန်တော့်မေလ်းက khunpan258@gmail.com ဗျာ ။ Facebook နဲ့ မေလ်းနာမည်ကို လုပ်လိုက်တော့ decembermgmg1992@facebook.com လို့ဖြစ်သွားတယ် ။ စာပို့ချင်တယ်ဆိုရင် ဘယ်နာမည်ပဲပို့ပို့ khunpan258@gmail.com ကို ရောက်လာမှာပဲ ။ တစ်ချို့က ကိုယ့်ဆီကိုလည်း စာပို့စေချင်တယ် ။ မေလ်းနာမည်ကိုလည်း မသိစေချင်တာ ရှိတယ်လေ ။ အကောင့်ထဲရောက်လာရင် အလုပ်ရှုပ်မှာကိုး :P
ဒါကြောင့် ဒီနည်းကို သုံးလိုက်တော့ ကိုယ့်မေလ်းနာမည်ကိုလည်း သူများလည်း မသိဘူး ။ ဆက်သွယ်လို့လည်းရတယ် ။ ဘယ်လောက်ကောင်းလိုက်လဲ ။ ပြီးတော့ decembermgmg1992@facebook.comဆိုတော့ လူလည်းရှိန်တာပေါ့ B-)   သိတဲ့လူတော့ မသိရင်ခက်မယ်ပေါ့:P
ဘာပဲဖြစ်ဖြစ်ဗျာ ။ လုပ်ချင်တယ်ဆိုရင်တော့......
           မိမိအကောင့်ကိုဝင်လိုက်ပါ Facebook ကို ပြောတာ ....
ပြီးရင် Account Settings ကို ဝင်လိုက်ပါ ။  ပြီးရင် User Name ကို မိမိကြိုက်တဲ့ နာမည်ပြောင်းပေးပါ ။ ကျွန်တော်က decembermgmg1992 ပါ ။ URL က လင်ခ့်အတွက်ရော ခု မေလ်းနာမည်အတွက်ကော အတူတူပဲ ။
ပြီးရင်တော့ ရပြီ ။ ကိုယ့်ရဲ့ မေလ်းနာမည်ကို ကြည့်မယ်...
Messages ကို နိပ်လိုက်ပါ ။ အပေါ်ဘားက ....ပြီးရင် စာမျက်နှာအပေါ်ဆုံးမှာပဲ တွေ့ရလိမ့်မယ်...
မိမိပုံကို စာလုံးတွေနဲ့ အလှဆင်ချင်လား ( ဝက်ဆိုဒ်မိတ်ဆက် )
                       မိမိတို့ရဲ့ ပုံကို အလှဆင်ချင်တယ်ဆိုရင်တော့ .... အဟမ်းအဟမ်း (ဈေးကိုင်တဲ့လေသံနဲ့)
ကျွန်တော်တို့ရဲ့ ချက်ရုမ်းနော် သုံးနေကျ စတိုင် ။ လိုက်မွှေနေရင်းနဲ့ တွေ့လာလို့ အားလုံးလည်းကလိလို့ရအောင် ပြန်တင်ပေးလိုက်တယ် ။ ကျွန်တော်တို့ ချက်ရုမ်းအဖွဲ့တော့ လိုက်မွှေနှောက်နေပြီးသားပဲ :) အဖွဲ့အင်အားလည်းများနေပြီ ။ အတင်းသုတ်လို့လည်း ကောင်းပြီ ။ ကျွန်တော်ကလိထားတဲ့ ပုံကိုလည်း ကြည့်ပါဦး :)
ဒါက အဖွဲ့သား ဖိုးရှုပ်ရဲ့ လက်ရာ :D
စမ်းချင်တယ်ဆိုရင် ------>>>  ဒီနေရာကို အရင်သွားပါ ။
အဲဒီမှာ လုပ်ဖို့ ပုံရွေးကို ရွေးပါ ။
ကဲ့ ပုံရွေးပြီးရင် Submit လိုက်ပါ ။ ပုံကြမ်း မလှတလှထွက်လာလိမ့်မယ် ။ မတင့်သိမ်နဲ့ဦး ဘော်ဒါ :P
နာမည်ထည့်ပြီး Submit လိုက် ။ နောက်တစ်ခါ ပြီးရင်တော့ လာပြီကောင်းခန်း :)
အဲဒီမှာ ကြိုက်တာလေးတွေးရွေးပြီး ဒေါင်းလိုက်ပေါ့ ။ ကျွန်တော်တော့ Capture လိုက်တာပဲ :)  ။    ။
Facebook မှာ Subscribe လုပ်တယ်ဆိုတာ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvQEwWE58Asv7bPtYPNr1YE8wumjuqMFLyki4cbmZn1cvsGvYRza3x_pZucT9gc8SMmz-5th_F0DP0oCcqTKdsGqyLitnl3Xtx-2k9STc_WwUcD_Hfeav-Tkk47qSfIJPfmsVzf2hjgfc/s1600/4.jpg
facebook မှာရှိတဲ့ ကိုယ့်ရဲ့ သူငယ်ချင်းတွေကို Subscribe လုပ်ထားခြင်းအားဖြင့်
သူတို့ ဘာတွေလုပ်နေသလဲဆိုတာကို သူ့တို့ရဲ့ Profile မှာ သွားမကြည့်ဘဲနဲ့ သိနေရမှာဖြစ်ပါတယ်.....
သူငယ်ချင်း မဖြစ်သေးတဲ့ လူတွေကို subscribe လုပ်ထားခြင်းအားဖြင့် သူတို့ရဲ့
လုပ်ဆောင်မှုတွေကို ကိုယ့်က သိရှိနိုင်တော့် ပိုကောင်းတယ်ဗျာ.....
ပြုလုပ်ပုံကတော့် အထက်ကပုံ အတိုင်း သူတို့ရဲ့ profile က subscribe ကိုကလစ်နှိပ်လိုက်ရုံပါပဲ...
အသက်(၁၈)အထက်မှာသာ Subscriber ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်......
မည်သည့် Website တွင်မဆို Website မှာ ရှိတဲ့ ဓါတ်ပုံတွေ အားလုံးကို အလိုလျှောက် လည်စေနိုင်တဲ့ JavaScript Code ( 6.6.11 )
မည်သည့် Website တွင်မဆို အောက်မှာ ဖော်ပြထားတဲ့ JavaScript Code တွေကို Address Bar ထဲသို့ ထည့်ပြီး Enter ခေါက်လိုက်တာနဲ့ ထို Website မှာရှိတဲ့ ဓါတ်ပုံတွေ အားလုံးဟာ အလိုလျှောက် လည်နေစေမှာပဲ ဖြစ်ပါတယ်...
JavaScript Code
    javascript:R=0; x1=.1; y1=.05; x2=.25; y2=.24; x3=1.6; y3=.24; x4=300; y4=200; x5=300; y5=200; DI=document.getElementsByTagName("img"); DIL=DI.length; function A(){for(i=0; i-DIL; i++){DIS=DI[ i ].style; DIS.position='absolute'; DIS.left=(Math.sin(R*x1+i*x2+x3)*x4+x5)+"px"; DIS.top=(Math.cos(R*y1+i*y2+y3)*y4+y5)+"px"}R++}setInterval('A()',5); void(0);
Gmail ကိုဘယ်သူဝင်သုံးနေလည်းသိချင်ရင်
Gmail မှာ ကိုယ့်ရဲ့ အီးမေးကို ဘယ်နေရာက ၀င်အသုံးပြုခဲ့တယ်၊ ပြုနေတယ် (Last Login Activity ) ဆိုတာကို ကြည့်လို့ ရတယ် Feature တစ်ခုရှိပါတယ်။ သိချင်တယ်ဆို Gmail Account ကို Login ၀င်လိုက်ပါ။ ပြီးရင် Gmail Page ရဲ့ အောက်ဆုံးကို သွားကြည့်ပါ။ ဒီလို မျိုးလေး တွေ့ ရပါလိမ့်မယ်။
3
ဒါ အခုလို Login မ၀င်ခင်မှာ နောက်ဆုံး Login ၀င်ခဲ့တာ အခု အသုံးပြုနေတဲ့ ကွန်ပြူတာက ဖြစ်တာမို့  Last Login Acticity မှာ အဲဒီလို ဖော်ပြနေတာပါ။ အသေးစိတ် ဘယ်နေရာတွေက ၀င်ရောက်အသုံးပြုခဲ့တယ်ဆိုတာကို သိချင်တယ်ဆိုရင် "Details" ဆိုတာလေးကို နှိပ်ကြည့်လိုက်ပါ။ Pop-Up Window ပေါ်လာပြီး ဒီအကောင့်ကို အသုံးပြုခဲ့တဲ့ ကွန်ပြူတာတွေရဲ့ IP တွေနဲ့  အချိန်တွေကို ဖော်ပြပေးပါလိမ့်မယ်။ နောက်ဆုံး ၀င်ခဲ့တဲ့ နေရာ (Activity) ၅ ခု ကို မှတ်ပေးထားတယ်။
4
IP တွေနဲ့  အချိန်တွေကို ကြည့်ပြီး ကိုယ်အသုံးပြုတာလား၊ တခြားတစ်ယောက် အသုံးပြုခဲ့တာလားဆိုတာ ခန့် မှန်း သိရှိနိုင်ပါတယ်။ ဘယ်က IP လည်းဆိုတာ သိချင်တယ်ဆို ရှာကြည့်လို့ ရပါတယ်။
ကိုယ် Gmail ကို ၀င်လိုက်တဲ့အချိန်မှာ တစ်ခြားတစ်နေရာက လည်း ဒီအကောင့်ကိုပဲ ၀င်ထားတယ်ဆိုရင်တော့ ဒီအောက်က ပုံစံမျိုး ဖော်ပြနေပါလိမ့်မယ်။ ဒါဆိုရင် တခြားဘက်က Login ၀င်ထားတာကို ထွက်သွားအောင် လုပ်လို့ တဲ့ Feature မျိုး Gmail က ပေးထားတယ်။ အဲဒီ Feature ကို "Remote Sign Out" လို့ ခေါ်ကြတယ်။
5
အပေါ်ကလိုပဲ Detail ဆိုတဲ့ နေရာကို နှိပ်ပါ။ ဒီတစ်ခါ ပေါ်လာတဲ့ Pop-up Window မှာ Concurrent Session Information ဆိုတာလေး အပိုပေါ်နေတာ တွေ့ ရမယ်။ တခြားနေရာ ဘယ် Browser, ဘယ် IP က ၀င်ထားတယ် ဆိုတာတွေ မြင်ရမယ်။ အဲဒီ အောက်မှာရှိတဲ့ "Sign out all other session" ဆိုတဲ့ နေရာမှာ နှိပ်လိုက်ရင် တခြားနေရာက Login ၀င်ထားတာတွေ အကုန်ထွက်သွားပါလိမ့်မယ်။
6
ဒီ Feature က အတော်လေး အသုံးဝင်ပါတယ်။ တခါတလေ တခြားသူရဲ့ ကွန်ပြူတာမှာ Gmail ၀င်သုံးပြီး ထွက်ဖို့ မေ့ခဲ့တာမျိုး ဖြစ်တတ်တယ်။ အဲဒီအခါတွေမှာ Gmail ကို login ၀င်ပြီး အပေါ်က ပြောထားသလို Sing Out လုပ်လိုက်မယ်ဆို အဲဒီထွက်ဖို့ မေ့ခဲ့တဲ့ နေရာတွေမှာ အကုန် Logout လုပ်ပြီးသား ဖြစ်သွားမယ်။ ကိုယ်မဟုတ်ပဲ တခြားတစ်ယောက်က ကိုယ့် Password ကို တနည်းနည်းနဲ့ ရလို့  သုံးနေတာမျိုး ဆိုရင်တော့ တခြား Session တွေကို Logout ဖြစ်အောင် လုပ်ပြီးတာနဲ့  ကိုယ့် Gmail ရဲ့ Password ကို အသစ်ပြောင်းလိုက်ပါ။ Password ဆိုတာနဲ့  Gmail Password အကြောင်းကို သိသလောက်လေး ဒီဘလော့ရဲ့
ပို့စ်နံပါတ်
473
မှာရေးထားပါတယ်......