လင်းရောင်ခြည်ဆိုဒ်မှနွေးထွေးစွာကြိုဆိုပါတယ်လာရောက်လည်ပတ်သူများအားလုံးကိုယ်စိတ်နှလုံးရွှင်ပြုံးကြပါစေ

Saturday 15 October 2011

ထူးဆန်းတဲ့ ရေပူစမ်းနဲ့ နှင်းခဲလုံးလေးများ

ထူးဆန်းတဲ့ ရေပူစမ်းနဲ့ နှင်းခဲလုံးလေးများ

ထူးဆန်းတာလေးတွေအကြောင်း မရေးဖြစ်တာ ကြာပြီမို့ ဒီပိုစ့်မှာတော့ ထူးထူးဆန်းဆန်းလေးတွေ ရှာဖွေ တင်ပြချင်ပါသေးတယ်။


သဘာဝနှင်းရေခဲလုံးများ



မီချီဂန် ရေကန်အစပ်က ရေခဲလုံးများ


သိပ်မကြာခင်ကမှ နိုင်ငံတော်တော်များများမှာ နှင်းတွေ ကျတဲ့ ဆောင်းရာသီကို ဖြတ်သန်းခဲ့ကြပါတယ်။ နှင်းတွေ အဆုပ်အခဲလိုက် မြေပြင်ပေါ်မှာ ကျဆင်းလာရင် ကလေးတွေနဲ့ ပျော်တတ်သူအချို့က နှင်းလုံး (snow ball) တွေလုပ်ပြီး ဆော့ကစားတတ်ကြပါတယ်။ ဖြူဖြူအပွင့်လေးတွေ အဖြစ် ကျဆင်းပြီး မြေပြင်ပေါ်မှာ တဖြေးဖြေး အထပ်ထပ်ဖြစ်လာတဲ့ နှင်းပွင့်တွေဟာ လူကိုယ်တိုင်က မဖန်တီးဘဲ အလုံးကလေးတွေ ဖြစ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါပေမဲ့ အောက်က ပုံမှာ ရှိနေတဲ့ နှင်းလုံးခေါ် ရေခဲလုံးလေးတွေဟာ လူက ဖန်တီးပြုလုပ်ထားတာ မဟုတ်ဘဲ အံ့သြဖွယ်ရာ အလိုအလျောက် ဖြစ်နေကြတဲ့ အလုံးလေးတွေဖြစ်ပါတယ်။ မစ်ချီဂန် ရေကန်ကြီးရဲ့ ကမ်းခြေတစ်လျောက် ခုလို များပြားလှတဲ့ နှင်းခဲလုံးတွေကို ထူးဆန်းအံ့သြဖွယ် မြင်တွေ့ရပါတယ်။ ဘယ်လို လူသားတွေကမှ ဒီလောက်များပြားလှတဲ့ နှင်းခဲလုံးတွေကို အအေးခံ၊ အပင်ပန်းခံပြီး ပြုလုပ်ကြမှာ မဟုတ်ပါဘူး။


ice balls 3
နံနက်ခင်းရဲ့ နေခြည်အောက်မှာ


နှင်းခဲလုံးတွေ ဘာကြောင့် ဒီလောက်များပြားစွာ ဖြစ်ပေါ်နေတယ်လို့ ဘယ်သူကမှ အတိအကျ မပြောနိုင်ပေမဲ့ ပညာရှင်တွေကတော့ ရေကန်ရဲ့ ကမ်းခြေအစပ်က နှင်းလွှာပြင်ကြီးဟာ ရေရဲ့ ရွေ့လျားလှုပ်ရှားမှုနဲ့ ရာသီဥတု အေးခဲမှတ်တို့ကြောင့် ခုလို နှင်းလုံးလေးတွေဟာ သဘာဝတရားရဲ့ ဖန်တီးမှုနဲ့ ထူးဆန်းစဖွယ် ဖြစ်ပေါ်လာရတယ်လို့ခန့်မှန်းကြပါတယ်။

ice balls 4
ဘယ်သူတွေက ဒီနှင်းခဲတွေကို အလုံးလေးတွေ လုပ်ထားတာပါလိမ့်.


ခပ်ဝေးဝေးက ကြည့်လိုက်ရင် လုံးစက်နေတဲ့ နှင်းလုံးလေးတွေဟာ ကမ်းခြေတစ်လျှောက် မျက်စိတစ်ဆုံး ရှိနေပြီး ပုလဲလုံးလေးတွေ ကြဲဖြန့်ထားသလို လှပဖြူဖွေးစွာ ရှိနေကြပါတယ်။ အောက်က ပုံတွေမှာ ဆက်ပြီး ကြည့်မယ်ဆိုရင် ရေကန်ရဲ့ အောက်ခြေ ကြမ်းပြင်တွေမှာပါ များပြားလှတဲ့ ရေခဲလုံးတွေ ရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။


ice balls 2
လှပစီရီနေတဲ့ ရေခဲလုံးများ

ice balls 5
ရေကန်အောက်ခြေမှာပါ များပြားလှတဲ့ ရေခဲလုံးများ

အဲဒီရေခဲလုံးတွေဟာ အဆုံးအစမရှိအောင် များပြားနေတာကို ထူးဆန်းအံ့သြဖွယ် မြင်တွေ့ရမှာဖြစ်ပါတယ်.. အဲဒီအဖြစ်အပျက်ဟာ မီချီကန် ရေကန်ကြီးရဲ့ ကမ်းခြေမှာ ဖြစ်ပျက်နေတာဖြစ်ပြီး တစ်ခြားကမ်းခြေမှာလည်း ရေကန်အောက်ခြေမှာ ခုလို  ၀ိုင်းစက်နေတဲ့ အလုံးကလေးတွေ တွေ့ကောင်း တွေ့ရနိုင်ပါတယ်။ ဒါပေမဲ့ သင်တွေ့ရတဲ့ အလုံးလေးတွေဟာ ခုမြင်ရသလို နှင်းခဲလုံးတွေတော့ မဖြစ်နိုင်ပါဘူး။ ကျောက်စရစ်ခဲလေးတွေသာ ဖြစ်နိုင်ပါတယ်။ ဒီလို နှင်းလုံးတွေကိုတော့ ခုမြင်ရတဲ့ မီချီကန် ရေကန်ကြီးမှာသာ ထူးထူးခြားခြား မြင်တွေ့ရမှာ ဖြစ်ပါတယ်။


ice balls 6
ပုလဲလုံးလေးများသဖွယ်


ice balls 7
ကမ်းခြေက ရေကန်စပ် တစ်လျှောက် များပြားလှတဲ့ ရေခဲလုံးများ


********@**********

ရောင်စုံရေပူစမ်း

fly geyser 12

 
ဆက်လက် ဖော်ပြချင်တဲ့ ထူးထူးဆန်းဆန်းတစ်ခုက နီဗားဒါး ပြည်နယ်ရှိ Hualapai တောင်ကြားမှာရှိတဲ့ ရေပူစမ်း အကြောင်း ဖြစ်ပါတယ်.. 

၎င်းရေပူစမ်းဟာ မြေပြင်ပေါ်မှာ စမ်းချောင်းသဖွယ် ငြိမ့်ငြိမ့်ညင်သာ စီးဆင်းနေတဲ့ ရေပူစမ်းမဟုတ်ဘဲ လေထဲမှာ ပန်းထွက်နေတဲ့ ရေပူစမ်း အမျိုးအစားဖြစ်ပါတယ်။  ၄င်းရေပူစမ်းက ရေထဲမှာ ပါဝင်တဲ့ ဓာတ်သတ္တုတွေ စုပုံလာမှုကြောင့် နှစ်ပေါင်းများစွာ ကြာမြင့်လာပြီးနောက် ခုမြင်ရတဲ့အတိုင်း ၄မီတာခန့် မြင့်လာအောင် သဘာဝတရားရဲ့ ဖန်တီးမှုနဲ့ ဖြစ်ပေါ်လာရပါတယ်။ ရေထဲမှာ ဓာတ်သတ္တု အမျိုးအစား မြောက်မြားစွာ ပါဝင်ပြီး ၄င်း ရေပန်းရဲ့ ဘေးမှာ ဖြစ်ပေါ်နေတဲ့ ရေကန်လေးတွေထဲမှာတော့ ငါးလေးများ၊ ငွေငန်းဖြူများ၊ ဘဲခေါင်းစိမ်းများ မြူးတူးပျော်ရွှင် ကျက်စားလျှက် ရှိနေပါတယ် ။

fly geyser 1
ရောင်စုံ ရေပူစမ်း


fly geyser 2


fly geyser 4
ရေပူစမ်းဘေးက ရေကန်လေးများ


ရေပူစမ်းရဲ့ဘေး အောက်ခြေမှာတော့ ရွံနွံတွေ သဲတွေ ထူထပ်များပြားစွာ ရှိနေခဲ့ပါတယ်.. ရေထဲမှာပါဝင်တဲ့ သဘာဝ ဓာတ်သတ္တုတွေနဲ့ နေရဲ့ အပူရှိန်တို့ကြောင့် ရေပူစမ်းရဲ့ ဘေးဝန်းကျင်မှာရှိတဲ့ ကျောက်ဆောင် ကျောက်သားတွေကို လှပဆန်းကြယ်တဲ့ အရောင်အသွေးတွေ ဖြစ်ပေါ်လာစေပါတယ်။ ကမ္ဘာမြေပေါ်မှာ မြင်ရခဲတဲ့ အရောင်အသွေးစုံ ကျောက်ဆောင်တွေကြောင့် ရုတ်တရက်ကြည့်ရင် အခြားသော ဂြိုလ်တစ်ခုခုကို ရောက်နေတယ်လို့ ခံစားမိလောက်အောင် ထူးဆန်းလှပနေတယ်လို့ ဆိုပါတယ်။ လေထဲမှာ ပန်းထွက်နေတဲ့ ရေတွေဟာ ပူနွေးကာ သန့်ရှင်းတဲ့ ရေချိုများဖြစ်ပြီး ၂ မီတာ အမြင့်ထိ လှပဆန်းကြယ်စွာ ဖြာထွက်နေတာမို့ ကြည့်ရတာ ရင်သပ်ရှုမော ဖြစ်ရတယ်လို့ ရောက်ဖူးသူများက ဆိုပါတယ်။

fly geyser 3

အောက်မှာတော့ ရေပူစမ်းရဲ့ ရှုထောင့် မျိုးစုံက ဓာတ်ပုံများကို ဖော်ပြပေးလိုက်ပါတယ်နော် ။


fly geyser 5
ဆည်းဆာနဲ့ အလှချင်းပြိုင်

fly geyser 7


fly geyser 8


fly geyser 9

fly geyser 6


fly geyser 10


fly geyser 11



fly geyser 13



fly geyser 14


fly geyser 15

ကျွန်မတို့လည်း ဒီ သဘာဝတရားကြောင့် ထူးထူးဆန်းဆန်း လှပစွာ ဖြစ်ပေါ်နေတဲ့ နှင်းခဲလုံးတွေနဲ့ ရောင်စုံရေပူစမ်းကို လူကိုယ်တိုင် သွားရောက်လို့ မကြည့်နိုင်ပေမဲ့ ဓာတ်ပုံလေးတွေကြည့်ပြီး ခံစားကြည့်နိုင်ပါတယ်နော်။

     အစိမ်းေ၇ာင်လွင်ပြင်မှကူးယူဖော်ပြ၇ါသည်

No comments:

Post a Comment